ညဘက် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့ အခန်းတွင်းအပူချိန် ဘယ်လောက်ရှိရမလဲ

Health Knowledge
ညဘက် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့ အခန်းတွင်းအပူချိန် ဘယ်လောက်ရှိရမလဲ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ညဘက် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့ အခန်းတွင်းအပူချိန် ဘယ်လောက်ရှိရမလဲ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ညဘက် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့ အခန်းတွင်းအပူချိန် ဘယ်လောက်ရှိရမလဲ

တစ်နေ့တာအလုပ်တွေ လုပ်ပြီးလို့ ညဘက်ရောက်ရင် ပင်ပန်းမှုအားလုံးကို ပြေပျောက်ဖို့အတွက် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပေးသင့်ပါတယ်။ ညတိုင်း (၆-၇) နာရီလောက် ကောင်းကောင်းအိပ်စက်ပေးတာက ကျွန်တော့်တို့ရဲ့ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်ရော စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်ပါ အရေးကြီးပါတယ်။

အိမ်မှုကိစ္စတွေ၊ ရုံးအလုပ်တွေအားလုံးကို ပြီးအောင်လုပ်ရတဲ့အတွက် အရမ်းပင်ပန်းမှာပါ။ အဲဒီလိုပင်ပန်းတဲ့အခါမျိုးမှာ ညဘက်ကို နှစ်နှစ်ခြိုက်ခြိုက်အိပ်ချင်ပေမယ့် အိပ်ရာထဲမှာ အိပ်မရဖြစ်နေပါသလား။ နောက်ထပ်အဲလိုမျိုးဖြစ်နေရင် သင့်အခန်းတွင်းအပူချိန်ကို ချိန်ညှိကြည့်ပါ။ ပြောင်းလဲသွားတာတွေ့ရပါလိမ့်မယ်။

သင့်တင့်တဲ့အခန်းတွင်းအပူချိန်

အိပ်ခန်းအပူချိန်က ညဘက် ကောင်းကောင်းအိပ်စက်နိုင်ဖို့အတွက် (၆၇) ဒီဂရီဖာရင်ဟိုက်ဝန်းကျင်လောက် ဖြစ်သင့်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ ဒီအပူချိန်က အရမ်းကြီးမပူသလို အရမ်းကြီးလည်းမအေးပါဘူး။ သက်တောင့်သက်သာနဲ့ အိပ်လို့ကောင်းပါတယ်။

အခန်းတွင်းအပူချိန်က အိပ်စက်မှုကို ဘယ်လိုသက်ရောက်မှုရှိတာလဲ

ကျွန်တော်တို့အားလုံးက ဒါကို မသိမြင်မိကြပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့အခန်းတွင်းအပူချိန်က ညဘက် ကျွန်တော်တို့ရဲ့အိပ်စက်ချိန်ကို အနှောင့်အယှက်ပေးနိုင်ပါတယ်။ တချို့လူတွေက မအိပ်ခင်မှာ ကောင်းကောင်းအိပ်စက်နိုင်ဖို့အတွက် Aircon က အပူချိန်ကို ကြိုပြီးညှိထားကြပါတယ်။ အိပ်ဖို့အချိန်မကျခင်မှာ ညဘက် အေးအေးလေးဖြစ်ဖို့အတွက်ဖြစ်ပါတယ်။ ခန္ဓာကိုယ်က ကျွန်တော်တို့အရေပြားအောက်မှာရှိတဲ့ သွေးလွှတ်ကြောတွေကို ပြန့်ကားလာခြင်းဖြင့်အေးမြလာစေပါတယ်။

အိပ်စက်ချိန်အတွင်း အခန်းတွင်းအပူချိန်က အရမ်းကြီးမပူ၊ အရမ်းကြီးမအေးဘူးဆိုရင် ခန္ဓာကိုယ်အတွင်းအပူချိန်မှာ သက်ရောက်မှုရှိပါတယ်။ ဒါကြောင့် အေးမြတဲ့အခန်းက ကျွန်တော်တို့ခန္ဓာကိုယ်ကို အလွယ်တကူအသားကျအောင် ကူညီပေးပြီး ညဘက်ကို ကောင်းကောင်းအိပ်စက်စေနိုင်မှာဖြစ်ပါတယ်။

ကောင်းကောင်းအိပ်စက်နိုင်ဖို့အတွက် လုပ်လို့ရတဲ့ အခြားအရာများ

အခန်းတွင်းအပူချိန်ညှိတာအပြင် သင့်အိပ်ခန်းကို မှောင်ပြီး တိတ်ဆိတ်အောင် ထားပါ။ မွေ့ရာကလည်း သက်တောင့်သက်သာရှိသင့်ပြီး ချည်သားအိပ်ရာခင်းကို သုံးကြည့်ပါ။ အထူးသဖြင့် နွေရာသီအချိန်အခါမျိုးမှာ။ အဲဒါတွေအားလုံးကို လုပ်ပြီးတာတောင် အိပ်စက်ရတာအခက်ခဲဖြစ်နေရင် ခြေအိတ်ဝတ်ပြီး သင့်ခြေထောက်အနီးနားမှာ ရေနွေးနွေးတစ်ဗူးလောက် ထားပါ။ ကောင်းကောင်းအိပ်မပျော်ရင် (၂) နာရီခြားတစ်ခါ နိုးနေရင် ဆရာဝန်နဲ့ တိုင်ပင်ကြည့်သင့်ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။