ကမ္ဘာ့ဂင်းနက်စ်စံချိန်တင် အလေးချိန် ပေါင် ၃၀၀ နီးပါးရှိ ဝတ်ဆင်လို့ရတဲ့ ကိတ်မုန့်ဝတ်စုံ

International News
ကမ္ဘာ့ဂင်းနက်စ်စံချိန်တင် အလေးချိန် ပေါင် ၃၀၀ နီးပါးရှိ ဝတ်ဆင်လို့ရတဲ့ ကိတ်မုန့်ဝတ်စုံ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကမ္ဘာ့ဂင်းနက်စ်စံချိန်တင် အလေးချိန် ပေါင် ၃၀၀ နီးပါးရှိ ဝတ်ဆင်လို့ရတဲ့ ကိတ်မုန့်ဝတ်စုံ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကမ္ဘာ့ဂင်းနက်စ်စံချိန်တင် အလေးချိန် ပေါင် ၃၀၀ နီးပါးရှိ ဝတ်ဆင်လို့ရတဲ့ ကိတ်မုန့်ဝတ်စုံ

ဆွစ်ဇာလန်နိုင်ငံက မုန့်ဖုတ်သမားတစ်ဦးဟာ ကမ္ဘာ့အကြီးဆုံးဝတ်ဆင်လို့ရတဲ့ ကိတ်မုန့်ဝတ်စုံကို ဖန်တီးပြီးတော့ ကမ္ဘာ့စံချိန်တင်ခဲ့ပါတယ်။ နာတာရှ ကိုလင် ကင်မ် ဖာချ် လီ ဖိုကာစ်ဆိုတဲ့ အဲ့ဒီမုန့်ဖုတ်သမားက သူ (မ) ရဲ့လက်ရာကို ဘန်းန်မြို့က ဖက်ရှင်ပြပွဲတစ်ခုမှာ ပြသခဲ့ပါတယ်။ ကိတ်မုန့်ဝတ်စုံကို ပြထားတဲ့ သူ့ရဲ့အင်စတာဂရမ်ဗီဒီယိုကလည်း ကြည့်ရှုသူ ၁.၃ သန်းကျော်ရှိခဲ့ပါတယ်။

ပေါင် ၃၀၀ နီးပါးလေးတဲ့ ဒီကိတ်မုန့်ဝတ်စုံကို ပွဲတက်ရောက်သူတွေရှေ့မှာ ဝတ်ဆင်ပြခဲ့တာပါ။ ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်းကလည်း ဒီဝတ်စုံကို “ကမ္ဘာ့အကြီးဆုံးဝတ်ဆင်လို့ရတဲ့ကိတ်မုန့်ဝတ်စုံ” အဖြစ် သတ်မှတ်ခဲ့ပါတယ်။

အရင်ကလည်း နာတာရှက ပေါင် ၁၅၀ လေးတဲ့ကိတ်မုန့်ဝတ်စုံတစ်ခုကို ပြုလုပ်ပြီး စံချိန်ချိုးခဲ့ပါသေးတယ်။ ဒီစံချိန်တင်ကိတ်မုန့်ဝတ်စုံကို the Swiss World Wedding Fair ဖက်ရှင်ရှိုးနောက်ဆုံးရက်အတွင်း ထုတ်ပြခဲ့တာပါ။ အဲ့ဒီနောက် ကိတ်မုန့်ဝတ်စုံကို လှီးပြီး ဖက်ရှင်ရှိုးက ဧည့်သည်တွေကို ဝေပေးခဲ့ပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။