လိင်ဆက်ဆံခြင်းကို အားကစားတစ်ရပ်အဖြစ် ဆွီဒင်နိုင်ငံက စတင်သတ်မှတ်လာ

International News
လိင်ဆက်ဆံခြင်းကို အားကစားတစ်ရပ်အဖြစ် ဆွီဒင်နိုင်ငံက စတင်သတ်မှတ်လာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လိင်ဆက်ဆံခြင်းကို အားကစားတစ်ရပ်အဖြစ် ဆွီဒင်နိုင်ငံက စတင်သတ်မှတ်လာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

လိင်ဆက်ဆံခြင်းကို အားကစားတစ်ရပ်အဖြစ် ဆွီဒင်နိုင်ငံက စတင်သတ်မှတ်လာ

ဥရောပနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဆွီဒင်နိုင်ငံဟာ လိင်ဆက်ဆံခြင်းကို အားကစားတစ်ရပ်အဖြစ် တရားဝင်သတ်မှတ်လာတဲ့ နိုင်ငံတစ်ခုဖြစ်လာတယ်လို့ သတင်းများထွက်လာပါတယ်။

အင်တာနက်ပေါ်ကသတင်းတွေအရ ဆွီဒင်ဟာ လိင်ဆက်ဆံခြင်းကို အားကစားတစ်ရပ်အဖြစ် တရားဝင်မှတ်ပုံတင်သတ်မှတ်လိုက်တဲ့ နိုင်ငံတစ်ခုဖြစ်လာပြီး လာမယ့် ဇွန် ၈ ရက်နေ့မှာ ဆွီဒင်နိုင်ငံက Gothenburg မြို့မှာ European Sex Championship ကို ရက်သတ္တပတ် ခြောက်ပတ်ကြာအောင် ကျင်းပသွားမှာဖြစ်​ကြောင်း သိရပါတယ်။ Swedish Sex Federation ရဲ့ လမ်းညွှန်ချက်နဲ့အညီ အဆိုပါပြိုင်ပွဲကိုကျင်းပသွားမှာဖြစ်ပြီး ပါဝင်ယှဥ်ပြိုင်သူတွေဟာ ဆက်ဆံမှုအမျိုးအစား ၁၆ နည်းနဲ့ ယှဥ်ပြိုင်သွားရမှာဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင် အဆိုပါ European Sex Championship ကို တစ်ရက်ကို ခြောက်နာရီနှုန်း ကျင်းပသွားမှာဖြစ်ပြီး ပွဲစဥ်တစ်ခုကို ၄၅ မိနစ်ကနေ ၆၀ မိနစ်အထိ ကြာမြင့်သွားဖွယ်ရှိ​ကြောင်း၊ နိုင်ငံပေါင်း ၂၀ ကျော်က ပြိုင်ပွဲဝင်သူတွေဟာ အဆိုပါပြိုင်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်သွားဖို့ရှိကြောင်းနဲ့ အကဲဖြတ်ဒိုင်လူကြီးသုံးယောက်ပါဝင်မှာဖြစ်ပြီး အဆိုပါဒိုင်တွေကပဲ အနိုင်ရသူချန်ပီယံကို ရွေးချယ်ပေးသွားမှာဖြစ်ကြောင်း သတင်းဆောင်းပါးများက ဖော်ပြထားပါသေးတယ်။

ဆွီဒင်ဟာ လိင်ဆက်ဆံခြင်းကို အားကစားတစ်ရပ်အဖြစ် သတ်မှတ်လိုက်တဲ့ ပထမဆုံးနိုင်ငံတစ်ခုဖြစ်လာတော့မယ်လို့ပြောလို့ရတော့မှာပါ။

ရေးသားသူ –Myanmar Varient Entertainment

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။