မိုဘိုင်းဖုန်းသုံးသူတွေသတိထားသင့်တဲ့ ကျန်းမာရေးအန္တရာယ်များ

Health
မိုဘိုင်းဖုန်းသုံးသူတွေသတိထားသင့်တဲ့ ကျန်းမာရေးအန္တရာယ်များ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မိုဘိုင်းဖုန်းသုံးသူတွေသတိထားသင့်တဲ့ ကျန်းမာရေးအန္တရာယ်များ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မိုဘိုင်းဖုန်းသုံးသူတွေသတိထားသင့်တဲ့ ကျန်းမာရေးအန္တရာယ်များ

ဒီနေ့ခေတ်မှာ လူတိုင်းနီးပါးမှာ ဖုန်းတစ်လုံးတော့ ရှိနေကြပါပြီ။ ဒါကြောင့် ဖုန်းနဲ့ပတ်သက်ပြီး သိရှိထားသင့်တဲ့ ကျန်းမာရေးဗဟုသုတတချို့ကို မျှဝေပေးလိုက်ပါတယ်။

မိုဘိုင်းဖုန်းကို အိပ်ရာဘေးထားမအိပ်ပါနဲ့

ဖုန်းကို အိပ်ရာဘေးထားမအိပ်သင့်ပါဘူး။ ဖုန်းကထွက်လာတဲ့ ရေဒီယိုလိုင်းတွေက ဦးနှောက်ကို ထိခိုက်စေပါတယ်။ အကျိုးဆက်တွေကတော့ skin rashes (အရေအပြားအနီကွက်ထခြင်း)၊ headaches (ခေါင်းကိုက်ခြင်း)၊ migraines (ခေါင်းတစ်ခြမ်းကိုက်ခြင်း) , skin irritation (အရေအပြား ဓာတ်မတည့်ခြင်း) , insomnia (အိပ်မပျော်ခြင်း), dizziness (ခေါင်းမူးခြင်း), nausea (မအီမသာဖြစ်ခြင်း), heart palpitations (နှလုံးခုန်မမှန်ခြင်း), heart pain (နှလုံးအောင့်ခြင်း), concentration problems (အာရုံစူးစိုက်မှုနည်းခြင်း), fatigue (ပင်ပန်းနွမ်းနယ်ခြင်း), tingling sensations (တစစ်စစ် တွေ့ထိသလို ခံစားရခြင်း), anxiety attacks (စိုးရိမ်ကြောင့်ကျခြင်း), memory problems (မှတ်သားမှုအားနည်းခြင်း), vision problems (အမြင်ဝေဝါးခြင်း), swollen lymph nodes (အရည်ကြည်ဖုထခြင်း), indigestion reddening of skin (အရေပြားမှရေဒီယိုလိုင်းအားစုပ်ယူခြင်း) စတာတွေ ဖြစ်ပါတယ်။

ကားပေါ်မှာ မိုဘိုင်းဖုန်းအသုံးမပြုပါနဲ့

မိုဘိုင်းဖုန်းတွေဟာ (ဘတ်စ်ကား၊ ကား၊ ရထား) အစရှိတဲ့ စက်တပ်ယာဉ်ပေါ်မှာဆိုရင် ရေဒီယိုလိုင်း ထုတ်လွှင့်မှု (radiation) ပိုမို မြင့်မားပါတယ်။ ဒါကြောင့် ဖုန်းမပြောသင့်ပါဘူး။ မဖြစ်မနေပြောရမယ်ဆိုရင်တော့ ခေါင်းနဲ့သိပ်မကပ်ပဲ လိုရင်းတိုရှင်းပြောပြီး ဖုန်းချသင့်ပါတယ်။

အသက် (၁၆) နှစ်အောက်ကလေးတွေနဲ့ မိုဘိုင်းဖုန်း

အသက် (၁၆) နှစ်အောက် ကလေးငယ်တွေအနေနဲ့ မိုဘိုင်းဖုန်းအသုံးမပြုသင့်သေးပါဘူး။ သူတို့ရဲ့ဦးနှောက်ဟာ ဖွံ့ဖြိုးဆဲသာဖြစ်ပြီး ဦးခေါင်းခွံကပါးနေပါသေးတယ်။ ဒါကြောင့် သူတို့ဟာ သာမန်လူတွေထက် Radiation ဒဏ်ကို ပိုမိုခံရတတ်ပါတယ်။

မိုဘိုင်းဖုန်းကို ဘောင်းဘီအိပ်ထဲမထည့်ပါနဲ့

မိုဘိုင်းဖုန်းကို ဘောင်းဘီအိတ်ကပ်ထည့်တဲ့အလေ့အကျင့်ရှိရင် ရှောင်ရှားစေလိုပါတယ်။ ရေဒီယိုလှိုင်းရဲ့ဓာတ်ပြုရိုက်ခတ်မှုကြောင့် ကြာလာရင် မျိုးပွားနိုင်တဲ့သွေးဆဲလ်တွေကိုthayစေပြီး ကလေးမရနိုင်တဲ့ အမြုံဖြစ်စေနိုင်ပါတယ်။

မိုဘိုင်းဖုန်းကို ဓာတ်ဆီ၊ ဒီဇယ်ဆီဆိုင်တွေထဲမှာအသုံးမပြုပါနဲ့

ါက အင်မတန်အရေးကြီးပြီး နိုင်ငံတကာမှာလည်း တားမြစ်ထားပြီးဖြစ်ပါတယ်။ ဆီဖြည့်နေတုန်း ဖုန်းပြောရင်တော့ ပိုပြီးအန္တရာယ်ဖြစ်မယ့်အလားအလာရှိပါတယ်။ မိုဘိုင်းဖုန်းက ထုတ်လွှတ်လိုက်တဲ့ Electro magnetic wave/ radio wave တွေဟာ static electricity ဖြစ်ပေါ်စေပါတယ်။

ပြီးတော့ မီးပွင့်လာတဲ့အတွက် လေကနေဓာတ်ကူးပြီး အငွေ့ပြန်နေတဲ့ ဓာတ်ဆီ၊ ဒီဇယ်ဆီတို့အထိ မီးကူးသွားပါတယ်။ အကျိုးဆက်ကတော့ ပေါက်ကွဲမှု ဖြစ်ပေါ်လာနိုင်စေပါတယ်။

လောင်စာဆီတွေမှမဟုတ်ဘဲ ဓာတုဗေဒပစ္စည်းထားသိုတဲ့နေရာအချို့မှာတောင် အန္တရာယ်ရှိတဲ့အတွက် တားမြစ်ထားပါတယ်။ လောင်စာဆီဖြည့်နေချိန်မှာ ဖုန်းပိတ်ထားတာက အကောင်းဆုံးဖြစ်ပါတယ်။

မိုဘိုင်းဖုန်းနဲ့အခြားရောဂါဝေဒနာတွေ

မိုဘိုင်းဖုန်းကြာကြာအသုံးပြုသူတွေဟာ ရေဒီယိုလှိုင်းများကြားမှာ အသက်ရှင်နေကြသလိုပါပဲ။ ရေဒီယိုလှိုင်းရဲ့ရိုက်ခတ်မှုတွေကြောင့် ဦးနှောက်သွေးဆဲလ်တွေမှာပါဝင်တဲ့ melatonin, serotonin, dopamine, norepinephrine အစရှိတဲ့ ဟိုမုန်းတွေကို ပြောင်းလဲစေပြီး ဦးနှောက်နဲ့ပတ်သက်တဲ့ တခြားရောဂါတွေကိုအလွယ်တကူ ဖြစ်စေပါတယ်။

ပြီးတော့ မိုဘိုင်းဖုန်းအမြဲအသုံးပြုသူဟာ စိတ်ကျရောဂါမျိုးကိုလည်း ခံစားရတတ်ပြီး ကိုယ်ခံအားပါ ကျဆင်းတတ်ပါတယ်။

ဒါကြောင့် မိုဘိုင်းဖုန်းကို လိုအပ်မှသာအသုံးပြုစေဖို့ ဆေးပညာရှင်တွေက တိုက်တွန်းထားပါတယ်။ နေ့တိုင်း မိုဘိုင်းဖုန်းကို တစ်နာရီ၊ နှစ်နာရီ ဆက်တိုက်ပြောဆိုတဲ့အလေ့ကျင့်မျိုးမလုပ်ဖိုလည်း့ တားမြစ်ထားပါတယ်။ မိုဘိုင်းဖုန်းကို မိနစ်ပိုင်းလောက်ပဲ ပြောဆိုခြင်းကသာ သင့်တော်တယ်လို့ဆိုပါတယ်။

အထက်ပါအချက်အလက်တွေကို WHO ကနေ ရှာဖွေဖော်ပြထားတာဖြစ်ပြီး မိုဘိုင်းဖုန်းအသုံးပြုသူတွေအနေနဲ့ ဖုန်းဘေးမှာအိပ်တာ၊ ကားပေါ်မှာဖုန်းပြောတာ၊ ဘောင်းဘီအိတ်ထဲ ဖုန်းထည့်တာ၊ လောင်စာဆီဆိုင်ထဲမှာ ဖုန်းပြောတာနဲ့ ဖုန်းကြာကြာပြောတာမျိုးတွေကို လုံးဝ ရှောင်ကြဉ်ဖို့လိုအပ်ပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။