တနဂ်နွေဂြိုဟ်ခုံအောက်ကအမှတ်အသားလမ်း

Astrology
တနဂ်နွေဂြိုဟ်ခုံအောက်ကအမှတ်အသားလမ်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တနဂ်နွေဂြိုဟ်ခုံအောက်ကအမှတ်အသားလမ်းဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တနဂ်နွေဂြိုဟ်ခုံအောက်ကအမှတ်အသားလမ်း

ဒီလိုမျိုးအမှတ်အသားပါသူတွေအတွက်လက်ပုံဖြင့်မျှဝေပေးပါတယ်..ဘယ်ညာကြည့်ရှုစစ်ဆေးကြပါ..

အဂ်ါဂြိုဟ်ခုံကနေထွက်လာပြီး တနဂ်နွေဂြိုဟ်ခုံမှအဆုံးသတ်သွားရင် ဒီလမ်းအမှတ်အသားဟာကောင်းတယ်..ဘယ်လိုမျိုးကောင်းတာလဲဆိုတော့.. နိုင်ငံရပ်ဝေးတွေမှာအောင်မြင်မယ်..အကျိုးပေးမြန်စေတယ်….အဆင်ပြေနိုင်တယ်..ရပ်ဝေးကံတွေကအားသာတယ်လို့ပြပါတယ်…ကိုယ့်ရဲ့မွေးရပ်မြေထက် ရပ်ဝေးကံကပိုပြီးသူ့ကိုအကျိုးပြုစေပါတယ်..နောက်ပြီး အများနဲ့လုပ်တဲ့အလုပ်များနဲ့ နိုင်ငံခြားနဲ့အပ်စပ်တဲ့အလုပ်မျိုးတွေကသူ့အတွက်အကျိုးဖြစ်စေတယ်…တိုးတက်စေတယ်.

.ဒီလိုလမ်းပါဖို့ကလဲမလွယ်ပါဘူး..မွေးရာပါ အတိတ်ကံကောင်းတဲ့သူတွေ…အတိတ်ကုသိုလ်ကံထူးတဲ့သူတွေပါ.. အတိတ်ကုသိုလ်ကံကောင်းတဲ့သူတွေလို့ပြောရမယ်..ဒီလိုလူတွေဟာ ဘဝအစမှာကြိုးစားရုန်းကန်ရတယ်..အခက်ခဲတွေနဲ့ရင်ဆိုင်ပြီးမှ အားကောင်းလာကြပြီ.အတိတ်ကံရဲ့ကုသိုလ်အကျိုးကြောင့်ရရှိသင့်တဲ့အကျိုးတွေကိုရရှိလိမ့်မယ်..

ထီဆုတွေပေါက်တတ်ကြပါတယ်..စသဖြင့်အကျိုးရရှိနိုင်ပါတယ်…ဒီလမ်းအမှတ်အသားပါသူအနေနဲ့..လက်ဝါးပြင်တစ်ခုလုံးကိုသေချာစွာစစ်ကြည့်မယ်ဆိုရင်..ပြည့်စုံစွာသိရပါတယ်….တခြားလမ်းတွေအားသာနေရင်…အကျိုးပိုများပါတယ်…

ဒီအမှတ်အသားလမ်းကိုအားလုံးမြင်ဖူးရအောင်မျှဝေပေးတာပါ..ကျေးဇူးတင်ပါတယ်
လက္ခဏာကိုလေ့လာသူများနဲ့ဝါသနာရှင်များအဓိကလေ့လာနိုင်ဖို့အသေးစိတ်မျှဝေချင်ပါ..မိတ်ဆွေတို့ကိုနားလည်စေချင်တဲ့စေတနာနဲ့ပါ..စာရှည်သွားရင်နားလည်ပေးကြပါ..

(မှတ်ချက်) ဒီလိုအမှတ်အသားမျိုးပါနေရင်တူညီနေလား..ဟုတ်လားဆိုတာကြည့်ပြီးစစ်ဆေးကြပါအမှတ်အသားတူမှအကျိုးရရှိမှာပါ..

ခုနှစ်ရက်သားသမီးများနဲ့ ကျေးဇူးရှင်များ ကျန်းမာ ချမ်းသာ ဘေးရန်းအပေါင်းကင်းဝေးကြပါစေ

ရေးသားသူ – Htet Paing Oo

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။