ဧပြီလအတွက် 12 ရာသီခွင်ဟောစာတမ်း Part -1

Astrology
ဧပြီလအတွက် 12 ရာသီခွင်ဟောစာတမ်း Part -1

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဧပြီလအတွက် 12 ရာသီခွင်ဟောစာတမ်း Part -1 ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဧပြီလအတွက် 12 ရာသီခွင်ဟောစာတမ်း Part -1
“Aries”

လာမယ့်ဧပြီလက လုံးဝစင်းလုံးချောကြီးမဟုတ်ပေမယ့် Aries တွေအတွက် အတော်လေး Positive ဖြစ်မယ်လို့မြင်မိတယ် ။ လအစပိုင်းမှာ စိန်ခေါ်မှုလေးတွေတော့ရှိတယ် ။ အနီးကပ်ဆက်ဆံရေးလေးတွေ ကတောက်ကဆရှိတယ် ၊ စိတ်တိုလွယ်နေမယ် ။ မိသားစုနဲ့စကားအခြေအတင်ပြသနာ သတိပြုသင့်ပါတယ် ။

ပြသနာလေးတွေရောက်လာတာက ကိုယ့်ကိုခေါင်းခဲစေဖို့ထက် အရည်အချင်းကိုသက်သေပြနိုင်ဖို့ ရောက်လာတာလို့ပဲနာမည်တပ်ရမယ် ။ ဖခင်/အကြီးအကဲ/အသက်ကြီးအမျိုးသားနဲ့ပတ်သက်လို့ အကြံကောင်း ငွေကြေးအထောက်အပံ့ကောင်းရတတ်တယ် ။ ဧပြီလက အဆုံးသတ်လည်းရှိသလို အစပျိုးတာတွေလည်း ရှိလိမ့်မယ် ။

တစ်ယောက်ထဲပြန်စလိုက်ဖို့ ၊ ရပ်တည်လိုက်ဖို့ ၊ စိတ်ထဲရှိတဲ့အရာတစ်ခုကို အကောင်အထည်ဖော်ပစ်လို့်ဖို့ မကြောက်ပါနဲ့ ။ အထူးသဖြင့် ဧပြီအတွင်းမှာ အလုပ်မဖြစ်တဲ့အကျင့်စရိုက်တွေ ၊ ဆက်ဆံရေးတွေကို လက်တွေ့ကျတဲ့ဆုံးဖြတ်ချက်တွေ အစားထိုးခွင့်ရမယ် ။ ပြောင်းလဲသင့်တာကို ခေါင်းမာမာနဲ့တင်းခံတာမျိုး မလုပ်စေချင်ဘူး ။

အလုပ်အသစ်လား? လုပ်ငန်းချဲ့ထွင်မလား? ဆက်ဆံရေးအသစ် အချစ်ရေးအသစ်တစ်ခုလား? တက်ချင်တဲ့သင်တန်းတွေ ၊ တက်လမ်းတွေအတွက် ဒွိဟဖြစ်နေရလား? လုံးဝကြီး Rush လိုက်ဖို့အားမပေးပေမယ့် စိတ်ထဲဖြစ်နိုင်တယ်ထင်တဲ့အရာအကုန် သေချာ Plan ချပြီးအကောင်အထည်ဖော်ဖို့ အားပေးပါတယ် ။

ဧပြီအတွက်အဓိက Focus ကတော့ ပိုက်ဆံပါ ။ အထူးသဖြင့် ဧပြီဒုတိယအပတ်နောက်ပိုင်းပေါ့ ။ ဝင်ငွေလည်းများမယ် ထွက်ငွေလည်းများမယ် ၊ ရင်းနှီးမြုပ်နှံတာအတွက် ငွေသုံးရဖို့ရှိတယ် ။ အကျိုးရှိတာအတွက်သုံးဖို့ မတွန့်ဆုတ်ပါနဲ့ ။ ကိုယ့်အနာဂတ်အတွက် Impact ဖြစ်စေမယ့်ကာလမို့ အလသဟမသုံးမိအောင်တော့ သေချာ Control ရဖို့လိုမယ် ။

အညံ့လေးရှိနေတာတော့ ကျန်းမာရေးလို့ပြောရမယ် ။ စိတ်ခံစားချက်များတာတွေ ရှောင်ပါ ။ စိတ်ပြင်းထန်မှုကြောင့် Physical ပိုင်းမှာ သွယ်ဝိုက်ပြီး Suffer ဖြစ်ရတတ်တယ် ။ ထိခိုက်ရှနာရှိတတ်တယ် ။ အထူးသဖြင့် အာရုံတအားများတတ်သူတွေ သေချာလေး Care လုပ်ပါ ။ အာရုံကြောပိုင်း ၊ ဝမ်းဗိုက်ပိုင်းတွေအညံ့ရှိပါမယ် ။

“Taurus”

Taurus တွေအတွက်ဧပြီကတော့ အနည်းနဲ့အများ စိတ်ခံစားချက်များရမယ့်လဖြစ်လိမ့်မယ် ။ ချစ်ရမယ် ၊ မုန်းရမယ် ၊ ပီတိဖြစ်ရမယ် ၊ ကြိတ်ငိုရနိုင်တယ် ။ လူပေါင်းစုံကလာနိုင်လို့ တစ်ဦးတစ်ယောက်ထဲကိုတော့ အပြစ်ပုံမချသင့်ဘူး ။ အထူးသဖြင့် အနီးကပ်ဆက်ဆံရေးလေးတွေနဲ့ပတ်သက်လို့ Emotional Roller Coaster သဘောလေးရှိနေတယ် ။

ငွေကြေးအလုပ်အကိုင် အပေါင်းလက္ခဏာဆောင်ပါတယ် ။ ငွေအဝင်များမယ် ။ စတင်ချင်တာတွေ ဖြည်းဖြည်းချင်းစလို့ရတယ် ။ ဘာလို့ Rush မလုပ်ခိုင်းသလဲဆို ဒီလအတွင်း ကိုယ်ပါမှပြီးမယ့်အရာလေးတွေ တော်တော်များဖို့ရှိတယ် ။ ဘေးလူတွေကို စိတ်မရှည်ဖြစ်ရတတ်တယ် ။ အချိန်နဲ့ပတ်သက်ပြီး စနစ်တကျ Manage လုပ်ယူဖို့အကြံပေးပါတယ် ။

ဧပြီအတွင်းမစီစဥ်ထားပဲ ခရီးသွားလာရတာမျိုးတွေ့မိတယ် ။ အဖက်ဖက်ကိုဖြည့်ချင်ပြီး ဘယ်ဖက်ကိုမှ စိတ်တိုင်းမကျရတာမျိုးသတိပြုပါ ။ ဖြည်းဖြည်းမှန်မှန်သွားသင့်တဲ့ ကာလတစ်ခုပါ ။ ကျန်းမာရေးနဲ့ပတ်သက်လို့တော့ လည်ချောင်း ၊ အဆုတ်နဲ့ပတ်သက်လို့ မပေါ့ဆစေချင်ဘူး ။ ကျန်တာတော့ စိတ်ပူစရာမရှိပါဘူး ။

အဓိက Focus ကတော့ Personal Relationship တွေလို့ပဲထပ်ပြောချင်တယ် ။ အချစ်ရေး စိတ်အနှောင့်အယှက်လေးရှိတယ် ။ ဖြေရှင်းသင့်တယ်ထင်တာရှင်းပြီး မဆိုင်တဲ့ Drama တွေကြား ဝင်မပါမိဖို့လိုလိမ့်မယ် ။ ပြီးပြတ်ခဲ့တဲ့လူမှုရေး အချစ်ရေးတွေက ပြန်ပြီးနွယ်လာတာ ၊ သတင်းမေးတာမျိုးရှိဖို့မြင်တယ် ။ ကိုယ့်ဖက်က ပြတ်သားပါ ၊ အားနာတာမျိုးရှောင်ပါ ။

ဧပြီမှာတော့ အပြောင်းအလဲ Adjust လုပ်ရတာလေးတွေများမယ် ။ ကိုယ့်နေထိုင်ပုံ အတွေးအခေါ်နဲ့ပတ်သက်လို့ Evolve လုပ်ရတဲ့သဘောလေးရှိမယ် ။ ကြိုတင်မမျှော်လင့်ထားတဲ့အပြောင်းအလဲဆို ကြိုဆိုချင်သူတွေမဟုတ်လို့ အစောပိုင်းတော့နေသားကျဖို့မရှိဘူး ။ ကောင်းဖို့ဖြစ်လာတာပါ ။ ကိုယ့်အတွက်မကောင်းမှန်းသိရက် မျက်ကွယ်ပြုထားတဲ့အရာမျိုးရှိရင် မွေးနေ့မတိုင်မီမှာပဲ ပြတ်သားဖို့ဆုံးဖြတ်နိုင်မယ် ။ အနာဂတ်အချိန်တွေအားအင်တွေ ပိုကောင်းတဲ့နေရာတစ်ခုမှာ ရင်းနှီးနိုင်ပါလိမ့်မယ် ။

“Gemini”

Gemini အတွက် ဧပြီလအဓိကအားသာချက်အနေနဲ့ တက်လမ်းပိုင်းဖြစ်ပါလိမ့်မယ် ။ အမြဲတစေမျက်စိပွင့်နားပွင့် ရှိနေသင့်တယ် ။ အလုပ်နဲ့ပတ်သက်လို့ အကျိုးအမြတ်ရတာ ၊ ပညာရေးအတွက်မထင်မှတ်ထားပဲ အခွင့်အလမ်းကြီးကြီးရတာမျိုး မြင်ထားမိတယ် ။

တစ်ဖက်မှာလည်း တပြိုင်နက်ထဲအာရုံစိုက်ချင်တာလေးတွေ များနေမယ် ၊ ဖြစ်ချင်/သင့်ကြား စိတ်နှစ်ခွရှိမယ် ။ စိတ်ရှုပ်တာ စိတ်တိုလွယ်တာလေးတွေ သိသိသာသာရှိလိမ့်မယ် ။ ကတောက်ကဆလေးတွေ ပက်ခနဲတုန့်ပြန်တဲ့ကိစ္စလေးတွေ သတိပြုပါ ။ ကိုယ်မှန်နေလည်း (အတတ်နိုင်ဆုံး)သည်းညည်းခံနေသင့်တဲ့ကာလလို့ သတ်မှတ်ချင်တယ် ။

ဧပြီအတွင်း မိတ်ဆွေအသစ်တွေရတာ ၊ မိတ်ဆွေဟောင်းတွေနဲ့ပြန်ဆုံတာမျိုး အတော်လေးအခွင့်သာပါတယ် ။ ရည်းစားဟောင်းနဲ့လည်း အဆက်အသွယ်ရတတ်တယ် ။ ကိုယ့်စိတ်တွေအတိတ်ကိုရောက်လိုက် အနာဂတ်ကိုတွေးပူလိုက်ဖြစ်နေနိုင်ပါတယ် ။ ဒီအစား ဝါသနာပါရာ ၊ အကောင်အထည်ဖော်ချင်တာလေးတွေမှာ ခေါင်းစိုက်ထားပါ ။

တစ်ကိုယ်ထဲဇွတ်တရွတ်လုပ်တာ ၊ ဖြေရှင်းတာ ၊ ကြိတ်ခံစားတာမျိုး တားမြစ်ချင်တယ် ။ တိုင်တိုင်ပင်ပင်ရှိပါ ၊ ရင်ဖွင့်ပါ ။ သူများအမှားတွေပိုမြင်တတ်သလို ကိုယ့်ကိုကိုအဆိုးမြင်တာမျိုး ရှိတတ်တယ် ။ Mental Health နဲ့ပတ်သက်လို့ Sensitive ဖြစ်တာလေးရှိနေမယ် ။ အရင်းနှီးဆုံးသူကို အဆက်အသွယ်မပြတ်ရှိနေသင့်တယ် ။

ဧပြီကတော့ အကောင်းအဆိုးလေးတွေ ရောထွေးနေပါလိမ့်မယ် ။ ရုတ်တရက် ငွေရလမ်းပေါ်တာ ၊အကျိုးအမြတ်ကိစ္စပေါ်လာတတ်သလို အရှိန်နဲ့စီးနေရင်း မထင်မှတ်ပဲတန့်သွားတာ ကျန်းမာရေးအညံ့လေးတွေ ၊ ဆက်ဆံရေးအပြဲအကွဲလေးတွေ Chance တစ်ခုအနေနဲ့ ရှိနေတယ် ။ ဧပြီအစဟာ စမ်းတဝါးဝါးတောင်တက်ကာလနဲ့တူပြီး တတိယအပတ်ဝန်းကျင်မှာ ကိုယ့်ဆန္ဒအမှန်တွေ မြင်သာလာဖို့ရှိလို့ အရေးကြီးအစီအစဥ်တွေ လကုန်ပိုင်းကိုရွေ့သင့်ပါတယ် ။

“Cancer”

Cancer တွေအတွက် တိုးပွားခြင်း ၊ ပြန့်ကားခြင်းဆိုတဲ့ Energy တွေ စောင့်ကြိုနေပါတယ် ။ အလုပ်အပြောင်းအလဲရှိတတ်တယ် ၊ ထပ်ဆင့်တိုးတက်ခြင်း အောင်မြင်ခြင်းရှိတယ် ။ ဝင်ငွေတိုးသလို ထွက်ငွေလည်းများရတတ်တယ် ။ အလုပ်ပြီးမြောက်သလို အလုပ်ဖိအားလည်း ပိုများရတတ်တာလေးသတိပြုပါ ။

ဧပြီဝန်းကျင်မှာကိုပဲ အသိုင်းအဝိုင်းအသစ်တွေ ၊ အဆက်အသွယ်အသစ်တွေ ရလာဖို့ရှိတယ် ။ မိတ်ဆွေအသစ်တွေကို လမ်းဖွင့်ထားပါ ။ လူမှုရေးအသစ်ကနေ တက်လမ်းတွေ အကျိုးအမြတ်တွေမျှော်လင့်ထားနိုင်ပါတယ် ။ နေရာလွတ်တွေရလာဖို့ အနားက Toxic ဆက်ဆံရေးတွေကိုလည်း ပေးသွားလိုက်ဖို့လိုပါပြီ ။

ဧပြီလရဲ့အဓိက Focus ကတော့ စိတ်ခံစားချက်ကိုဦးစားမပေးဖို့ပါ ။ ဖြစ်သင့်တာချည်းပဲ ဆက်တိုက်လုပ်ရမယ် ၊ လတ်တလောမှာတော့ စိတ်ရှုပ်ရနိုင်တယ် ။ ကိုယ်နေချင်တဲ့ပုံစံ ၊ အချိန်ပေးချင်တဲ့အရာတွေအတွက် အားမရဖြစ်နေရဖို့ရှိတယ် ။ ရလာဒ်အနေနဲ့ ရေရှည်မှာ(အတော်လေး) ကောင်းမွန်သွားဖို့ရှိတယ် ။ ကိုယ့် Process ကိုယုံပါ ။ Personal Development က ဒီလအတွက် နံပါတ်တစ်ဦးစားပေးဖြစ်သင့်တယ် ။

လုပ်ဖော်ကိုင်ဖက် ၊ အပေါင်းအသင်းနဲ့ပတ်သက်လို့ စိတ်ပျက်ရတာလေးမြင်မိတယ် ။ ရှေ့တစ်မျိုးကွယ်ရာတစ်မျိုးလူတွေ သတိပြုပါ ။ Cancer တွေအတွက် Risk ယူရမှာလေးတွေ ရှိနေတယ် ။ ထောင်မြင်ရင် ရာစွန့်ဖို့မကြောက်ပါနဲ့ ။ စိတ်အတက်အကျလေးများမယ် ၊ စိတ်အေးချမ်းစေတဲ့ပတ်ဝန်းကျင်ကို ရွေးချယ်နိုင်ဖို့လိုပါတယ် ။

ကျန်းမာရေးနဲ့ပတ်သက်လို့ အာရုံကြော ၊ မျက်လုံးအားနည်းတာ ၊ အကြားအာရုံ ၊ သွား/ခံတွင်းနဲ့ပတ်သက်တာမျိုး သတိပြုရမယ် ။ အချစ်ရေးချောမွေ့ပါတယ် ။ စုံတွဲတွေကြား Commitment တစ်ခုရလာဖို့ ၊ ရှိရင်းစွဲအချစ်တွေ တိုးပွားလာဖို့ရှိမယ် ။ Single ဆိုလည်း အားငယ်ဖို့မလိုဘူး ။ April အတွင်းအချစ်သစ်ကို မထင်မှတ်ပဲဆုံတွေ့ခွင့်ရှိနေပါတယ် ။

ရေးသားသူ – ELLIE

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။