(၄)ခွင် ဘုမ္မိ ၊ အပြင်ရန် ၊ အတွင်းရန် ၊ မရဏဂြိုလ်များအကြောင်းကို လေ့လာခြင်း

Astrology
(၄)ခွင် ဘုမ္မိ ၊ အပြင်ရန် ၊ အတွင်းရန် ၊ မရဏဂြိုလ်များအကြောင်းကို လေ့လာခြင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ (၄)ခွင် ဘုမ္မိ ၊ အပြင်ရန် ၊ အတွင်းရန် ၊ မရဏဂြိုလ်များအကြောင်းကို လေ့လာခြင်း  ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

(၄)ခွင် ဘုမ္မိ ၊ အပြင်ရန် ၊ အတွင်းရန် ၊ မရဏဂြိုလ်များအကြောင်းကို လေ့လာခြင်း

ကျွန်ုပ်သည် မြန်မာ့ရိုးရာဗေဒင်ပညာ၏ ဥပဒေသများဖြစ်သော (၄)ခွင်ဘုမိ၊ အပြင်ရန် အတွင်း ရန်၊ မရဏဂြိုလ်များအကြောင်းကို လေ့လာလာမိသည်မှာ နှစ်အတော်ကြာခဲ့ပါပြီ။

၄င်းသက်ရောက်သို့ ရောက်ရှိလာသောလူတော်တော်များများသည် အိမ်ထောင်ကွဲခြင်း၊ အိမ်ထောင်ဘက်thayဆုံးခြင်း၊ ကားတိုက်ကားမှောက်ခြင်း၊ ဓားပြတိုက်ခံရခြင်း၊ နေအိမ်မီးလောင်ခြင်း၊ ရာထူးမှ ပြုတ်ခြင်း၊ စက်ဘီး ဆိုင်ကယ်မှောက်ခြင်း၊ တိုက်မိခြင်း၊ သင်္ဘောနစ်ခြင်း၊ လေယာဉ်ပျံ ပျက်ကြခြင်း အစရှိသော ဘေးဥပဒ်အန္တရာယ်များ ကျရောက်သည်ကို တွေ့ရှိရ၏။

မြန်မာ့ရိုးရာဗေဒင်ပညာ၏ ဥပေဒအရ (၄)ခွင်ဘုမ္မိဆိုသည်မှာ မွေ့နေ့ဂြိုလ်မှစ၍ ရေတွက် လျှင်(၄)ခုမြောက်ဂြိုလ်ဖြစ်ပြီး အပြင်ရန်ဆိုသည်မှာ ဦးညို၊ ခေမာ သုတ၊ဝေရီ(ရန်စီစီ) ဟူသော မွေးနေ့နှင့် ရန်ကျရောက်သော ဂြိုလ်တို့ကိုဆိုလိုပါသည်။

အတွင်းရန်ဆိုသည်မှာလည်း မိမိမွေးနေ့နှင့် မိမိ ကျရောက်သော ဂြိုလ်မှာအတွင်းရန် (ဓမ္မာ၊ သောက၊ အင်း၀၊ ရာဇာ)ဆိုသော ရန်မိသွားခြင်းကို ဆိုလိုပါသည်။ မရဏဂြိုလ်ဆိုသည်မှာ မိမိမွေးသော မြန်မာသက္ကရာဇ်ကို တည်ပြီး(၇) နေ့နံနှင့် စား၍ရေသာ အကြွင်းကိုတည်၍ အောင်၊ လံ၊ ထူ အစရှိသော လင်္ကာအရ မွေးနေ့မှစ၍ရေတွက်လျှင် (၄)ခုမြောက်မှာ မရဏဂြိုလ်ဖြစ်ပါသည်။

ခုနှစ်နေ့ သား၊ သမီး (၄)ခွင်ဘုမ္မိများ

တနင်္ဂနွေ (၄)ခွင် ဘုမ္မိ = ဗုဒ္ဓဟူး
တနင်္လာ (၄)ခွင် ဘုမ္မိ = စေန
အင်္ဂါ (၄)ခွင် ဘုမ္မိ = ကြာသပတေး
ဗုဒ္ဓဟူး (၄)ခွင် ဘုမ္မိ = ရာဟု
စနေ(၄)ခွင် ဘုမ္မိ = သောကြာ
ကြာသပတေး (၄)ခွင် ဘုမ္မိ = တနင်္ဂနွေ
ရာဟု (၄)ခွင် ဘုမ္မိ =တင်္နလာ
သောကြာ (၄)ခွင် ဘုမ္မိ = အင်္ဂါ

တနင်္ဂနွေသားသမီးများအတွက်

တနင်္ဂနွေသား၊ သမီးများ၏ (၄)ခုမြောက် ဗုဒ္ဓဟူးဂြိုလ်သည် တနင်္ဂနွေ x ဗုဒ္ဓဟူး(၁x၄) အင်း၀အတွင်းရန်ဖြစ်ပြီး အကယ်၍ ၄င်းတနင်္ဂနွေသားသမီးသည် (၁)ကြွင်း တနင်္ဂနွေဖြစ်ပါက ထိုရန် ရောက်သော ဗုဒ္ဓဟူးဂြိုလ်သည် မိမိ၏ မရဏဂြိုလ်ဖြစ်နေပါသည်။

ထို့ကြောင့် (၁)ကြွင်း တနင်္ဂနွေသားသမီးအပါအ၀င် တနင်္ဂနွေသားသမီးများအားလုံး အသက် ၄၊ ၁၂၊ ၂၀၊ ၂၈၊ ၃၆၊ ၄၄၊ ၅၂၊ ၆၀၊ ၆၈၊ ၇၆ နှစ်များသည် (၄)ခွင် ဘုမ္မိကျရောက်ပြီး၊ အသက် (၃၆) (၄၄)နှစ်တို့မှာ မရဏဂြိုလ် ကျရောက်နေသဖြင့် ကျန်းမာရေးနှင့် ပတ်သက်လျှင် လေဖြတ်ခြင်း၊ လိပ်ခေါင်းရောဂါ၊ အစာအိမ်၊ ကျောက်ကပ်အစရှိသော ကိုယ်ခန္ဓာအတွင်းပိုင်းရောဂါများနှင့် အိမ်ထောင် ရေးအဆင်မပြေခြင်း၊ အိမ်ထောင်ပြိုကွဲခြင်း၊ အိမ်ထောင်ဘက်thayဆုံးခြင်း၊ အစရှိသော ကွဲကွာခြင်း၊ ခွဲခွာခြင်းများ ကြုံတွေ့နိုင်ပါ၍ အထူးသတိပြုရမည့် နှစ်များဖြစ်ပါသည်။

တနင်္လာသားသမီးများအတွက်

တနင်္လာသားသမီးများသည် တနင်္လာဂြိုလ်မှစ၍ ရေတွက်လျှင် (၄)ခုမြောက် စနေဂြိုလ် သည် (၄)ခွင် ဘုမ္မိနယ်မြေဖြစ်ပါသည် ။ အကယ်၍ ၄င်းတနင်္လာသားသမီးသည် (၄)ကြွင်း တနင်္လာဖြစ်ခဲ့သော် ထိုစနေဂြိုလ်ခွင်သည် မရဏနယ်မြေဖြစ်သဖြင့် ပို၍သတိထားရန် လိုအပ်ပါသည်။

ထို့ကြောင့် (၄)ကြွင်းအားလုံးသည် တနင်္လာသားသမီးများနှင့်တကွ တနင်္လာသား သမီးများအားလုံးသည် အသက် ၄၊ ၁၂၊ ၂၀၊ ၂၈၊ ၃၆၊ ၄၄၊ ၅၂၊ ၆၀ နှစ်များတွင် အမှုအခင်း၊ အချုပ်အနှောင်၊ ဆေးရုံဆေးခန်း ခွဲစိတ်ခံရခြင်း၊ အိမ်ထောင်ပြိုကွဲခြင်း၊ အုပ်စုကွဲခြင်း၊ အလုပ်ပြုတ်ခြင်း၊ မီးလောင်ခြင်း၊ အမြင့်မှ ပြုတ်ကျခြင်း၊ မြွေအစရှိသော အဆိပ်ရှိသော သတ္တဝါများ အကိုက်ခံခြင်း၊ ခွေးအကိုက် ခံရခြင်း၊ ဓားရှခြင်း၊ ခြေလက်ကျိုးခြင်းတို့ ဖြစ်ပေါ်တတ်သဖြင့် အထူးသတိပြုရန် လိုအပ် ပါသည်။

အင်္ဂါသားသမီးများအတွက်

အင်္ဂါသားသမီးများအတွက် အင်္ဂါဂြိုလ်ခွင်မှစ၍ ရေတွက်လျှင် (၄) ခုမြောက်ဂြိုလ်သည် ဘုမ္မိနယ်မြေဖြစ်ပါသည်။ ၄င်း(၄)ခုမြောက်ဂြိုလ်သည် ကြာသပတေးဂြိုလ် ဖြစ်ပါသည်။ အကယ်၍ ၄င်းအင်္ဂါသားသမီးသည် (၂)ကြွင်းအင်္ဂါဖြစ်ခဲ့သော် ထိုနယ်မြေသည် မရဏနယ်မြေ ဖြစ်ပါသည်။

ထို့ကြောင့် (၂)ကြွင်း အင်္ဂါသားသမီးများအားလုံးသည် အသက် (၄၊ ၁၂၊ ၂၀၊ ၂၈၊ ၃၆၊ ၄၄၊ ၅၂၊ ၆၀၊ ၆၈၊ ၇၆)နှစ်များတွင် စီးပွားရေးလုပ်ငန်းများ ရပ်တန့်ခြင်း၊ ကျန်းမာရေးညံ့ခြင်း၊ ငွေကြေးများ ဆုံးရှုံးနစ်နာခြင်း အစရှိသည်တို့ကို တွေ့နိုင်သည်ဖြစ်ပါ၍ ၄င်းအသက်အပိုင်းအခြားသို့ရောက်ရှိပါကအထူးသတိထားရန်လိုပါသည်//

ဗုဒ္ဓဟူးသားသမီးများအတွက်

ဗုဒ္ဓဟူးသားသမီးများသည် ဗုဒ္ဓဟူးဂြိုလ်ခွင်မှ စ၍ ရေတွက်လျှင် (၄)ခုမြောက် ရာဟုဂြိုလ် သည် ဗုဒ္ဓဟူး သားသမီးများ၏ ဘုမ္မိနယ်မြေဖြစ်ပါသည်။

အကယ်၍ ၄င်းဗုဒ္ဓဟူးသားသမီးသည် (၁)ကြွင်းဖြစ်ခဲ့သော် ရာဟုနယ်မြေသည် မရဏနယ်မြေဖြစ်ပြီး ရာဟုနှင့်ဗုဒ္ဓဟူးသည် ဝေရီ (၄x ၈) အပြင်ရန်လည်း ကျရောက်နေပါသည်။

ထို့ကြောင့် ၄င်း (၁)ကြွင်း ဗုဒ္ဓဟူးနှင့်တကွ ဗုဒ္ဓဟူးသားသမီးများ အားလုံးသည် အသက် (၄၊ ၁၂၊ ၂၀၊ ၂၈၊ ၃၆၊ ၄၄၊ ၅၂၊ ၆၀၊ ၆၈၊ ၇၆)နှစ်များတွင် စီးပွားရေးလုပ်ငန်းများ အတိုက်အခံ ဖြစ်ပေါ်ခြင်း၊ ကျန်းမာရေးရုတ်တရက်ညံ့ခြင်း၊ လေဖြတ်ခြင်း၊ အိမ်ထောင်ကွဲခြင်း၊ လင်ငယ် မယားငယ် ပြဿနာပေါ်ပေါက်ခြင်း အစရှိသည်တို့ကို ကြုံတွေ့နိုင်ပါ၍ အထူးသတိပြုရန်လိုအပ်ပါသည်။

စနေသားသမီးများအတွက်

စနေသားသမီးများသည် စနေဂြိုလ်မှစ၍ ရေတွက်ခဲ့သော် (၄)ခုမြောက် ဂြိုလ်မှာ သောကြာဂြိုလ် ဘုမ္မိနယ်မြေဖြစ်ပါသည်။၄င်းစနေသားသမီးများသည် သောကြာဂြိုလ်နှင့် အပြင်ရန်သုတ (၆x၀) ကျရောက် လျက်ရှိပြီး အကယ်၍ (၃)ကြွင်း စနေဖြစ်ခဲ့ပါက ထိုသောဂြိုလ်သည် မရဏဂြိုလ် ကျရောက်မည် ဖြစ်ပါသည်။

ထို့ကြောင့် ၄င်း (၃)ကြွင်း စနေနှင့်တကွ စနေသား သမီး များအားလုံးသည် အသက် (၄၊ ၁၂၊ ၂၀၊ ၂၈၊ ၃၆၊ ၄၄၊ ၅၂၊ ၆၀၊ ၆၈၊ ၇၆)နှစ်များတွင် ခရီးဝေးသွားမိ၍ ကားမှောက်ခြင်း၊ ရထား မှောက်ခြင်း၊ လှေမှောက်ခြင်း၊လေယာဉ်ပျံပျက်ကျခြင်း၊ ဆိုကယ် ကားအစရှိသော ယာဉ်ရထားများ တိုက်မိ၍ထိခိုက်ဒဏ်ရာ ရရှိခြင်း၊ စီးပွားရေးလုပ်ငန်း အတိုက်အခံ ပေါ်လာခြင်း၊ အမှု အခင်း အချုပ်အနှောင်ကျရောက်ခြင်း အစရှိသည်တို့ကို ကြုံတွေ့နိုင်၍ အထူးသတိပြုရန် လိုအပ်ပါသည်။

ကြာသပတေးသားသမီးများအတွက်

ကြာသပတေးသားသမီးများသည် ကြာသပတေးဂြိုလ်မှစ၍ ရေတွက်ခဲ့သော် (၄)ခု မြောက်ဂြိုလ်သည် တနင်္ဂနွေဂြိုလ် ဘုမ္မိနယ်မြေဖြစ်ပါသည်။ အကယ်၍ ၄င်းကြာသပတေးသားသမီးသည် (၅)ကြွင်း ကြာသပတေးဖြစ်ခဲ့သော် မရဏနယ်မြေလည်းဖြစ်ပါသည်။ ထို့ကြောင့် (၅)ကြွင်း ကြာသပတေး သားသမီးသည် ဤတနင်္ဂနွေ နယ်မြေသို့ ရောက်ခဲ့သော် (မရဏ + ဘုမ္မိ) နယ်မြေဖြစ်ကြောင်း သတိပြုရန် လိုအပ်ပါသည်။

ထို့ကြောင့် (၅)ကြွင်း ကြာသပတေး သားသမီးနှင့်တကွ ကြာသပတေး သားသမီးမ်ား အားလုံးသည် အသက် (၄၊ ၁၂၊ ၂၀၊ ၂၈၊ ၃၆၊ ၄၄၊ ၅၂၊ ၆၀၊ ၆၈၊ ၇၆)နှစ်များတွင် ကျန်းမာရေးနှင့် ပတ်သက်၍ အမျိုးသမီးများသည် သားအိမ်နှင့်ပတ်သက်သော ရောဂါများ ရရှိကြ၍ အမျိုးသားများသည် အူကျရောဂါ၊ အစာအိမ်ရောဂါများ ရရှိကြ၍ အိုးအိမ်၊ ခြံမြေ၊ အမွေကိစ္စများ ရှုပ်ထွေးကြခြင်း၊ ဤ နယ်မြေများတွင် ခရီးဝေးထွက်ခဲ့လျှင် ဓားပြတိုက်ခံရခြင်း၊ အမျိုးသမီးဖြစ်က မုဒိမ်းမှုများနှင့် အစရှိသည်တို့ ဖြစ်ပေါ်နိုင်ပါ၍ အထူးသတိပြုရန် လိုအပ်ပါသည်။

ရာဟုသားသမီးများအတွက်

ရာဟုသားသမီးများသည် ဗုဒ္ဓဟူးအတူနည်းတူဖြစ်ပြီး အသက်ရွယ်ပိုင်းခြားမှာဗုဒ္ဓဟူးသားသမီးအနေဖြင့် (၄)ခွင်မြောက် ရာဟုဂြိုလ်တွင်ဘုမ္မိဖြစ်ပြီး ရာဟုသားသမီးအနေဖြင့် (၄ခွင်မြောက်အိမ်သည် တင်္နလာဘုမ္မိအိမ်ဖြစ်ပါတယ် မနက်မွန်းတည့်မွန်းလွဲခြင်းသာ ကွာခြားသွားပေမဲ့ ဖြစ်ပျက်ပုံ ဗုဒ္ဓဟူးရာဟူးနည်းတူဖြစ်ပါတယ် ။

ဗုဒ္ဓဟူးသားသမီးများသည် ဗုဒ္ဓဟူးဂြိုလ်ခွင်မှ စ၍ ရေတွက်လျှင် (၄)ခုမြောက် ရာဟုဂြိုလ် သည် ဗုဒ္ဓဟူး သားသမီးများ၏ ဘုမ္မိနယ်မြေဖြစ်ပြီး ရာဟုသားသမီးများ၏ ဘုမ္မိနယ်မြေမှာလဲ (၄)ခွင်မြောက်အိမ်သည် တင်္နလာဘုမ္မိနယ်မြေဖြစ်သည် ။

အကယ်၍ ၄င်းဗုဒ္ဓဟူးရာဟု သားသမီးသည် (၁)ကြွင်းဖြစ်ခဲ့သော် ရာဟု တင်္နလာနယ်မြေသည် မရဏနယ်မြေဖြစ်ပြီး ရာဟုနှင့်ဗုဒ္ဓဟူးသည် ဝေရီ (၄x ၈) အပြင်ရန်လည်း ကျရောက်နေပါသည်။ ထို့ကြောင့် ၄င်း (၁)ကြွင်း ဗုဒ္ဓဟူးနှင့်တကွ ဗုဒ္ဓဟူးသားသမီးများ အားလုံးသည် အသက် (၄၊ ၁၂၊ ၂၀၊ ၂၈၊ ၃၆၊ ၄၄၊ ၅၂၊ ၆၀၊ ၆၈၊ ၇၆)နှစ်များတွင် စီးပွားရေးလုပ်ငန်းများ အတိုက်အခံ ဖြစ်ပေါ်ခြင်း၊ ကျန်းမာရေးရုတ်တရက်ညံ့ခြင်း၊ လေဖြတ်ခြင်း၊ အိမ်ထောင်ကွဲခြင်း၊ လင်ငယ် မယားငယ် ပြဿနာပေါ်ပေါက်ခြင်း အစရှိသည်တို့ကို ကြုံတွေ့နိုင်ပါ၍ အထူးသတိပြုရန်လိုအပ်ပါသည်။

သောကြာသားသမီးအတွက်

သောကြာသားသမီးများသည် သောကြာဂြိုလ်မှ စ၍ ရေတွက်ခဲ့သော် (၄)ခုမြောက် အင်္ဂါ ဂြိုလ်သည် ဘုမ္မိနယ်မြေဖြစ်ပါသည်။အကယ်၍ ၄င်းသောကြာသားသည် (၀)ကြွင်းသောကြာဖြစ်ခဲ့သော် ၄င်းအင်္ဂါနယ်မြေသည် (မရဏဂြိုလ်)လည်းဖြစ်ပါသည်။

ထို့ကြောင့် ၄င်း(၀)ကြွင်း သောကြာသားနှင့်တကွ သောကြာသားသမီးများအားလုံး အသက် (၄၊ ၁၂၊ ၂၀၊ ၂၈။ ၃၆၊ ၄၄ ၊ ၅၂ ၊ ၆၀ ၊ ၆၈ ၊ ၇၆၊ ၈၄)နှစ်များတွင် ဗြုန်းခနဲ လူthayတတ်ခြင်း၊အလုပ်အကိုင် များ အပြောင်းအလဲဖြစ်ခြင်း၊ လက်ရှိစီးပွားရေး ကမောက်မကဖြစ်၍ ရပ်ဆိုင်းသွားခြင်း၊ မြစ်ကူး ချောင်းဖျား ဝေးလံသောနေရာများသို့ ပြောင်းရွှေ့နေထိုင်ရခြင်း၊ အတူနေမိသားစုများ အထင်လွဲ၍ စိတ် ၀မ်းကွဲကြခြင်း၊အိမ်ထောင်ဘက်နှင့် မကြာခဏ စကားများခြင်း၊ ငွေကြေးကိစ္စများအမှုအခင်းဖြစ်တ် ခြင်း၊ ကြွေးတင်၍ ပြန်မဆပ်နိုင်ခြင်း၊ မိမိရရှိရန်ရှိသော ငွေကြေးများ မရရှိခြင်း အစရှိသော အမှုကိစ္စများ ကြုံတွေ့နိုင်ပါ၍ အထူးသတိပြုရန် လိုအပ်ပါသည်။

ရေးသားသူ – စာရေးဆရာ သာထက်ဇော်(မကွေး) တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။