Moana အန်နီးမေးရှင်းဇာတ်ကားကို Live Action အဖြစ် ရိုက်ကူးထုတ်လုပ်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ The Rock

Celebrity International News
Moana အန်နီးမေးရှင်းဇာတ်ကားကို Live Action အဖြစ် ရိုက်ကူးထုတ်လုပ်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ The Rock

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ Moana အန်နီးမေးရှင်းဇာတ်ကားကို Live Action အဖြစ် ရိုက်ကူးထုတ်လုပ်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ The Rock ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

Moana အန်နီးမေးရှင်းဇာတ်ကားကို Live Action အဖြစ် ရိုက်ကူးထုတ်လုပ်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ The Rock

Moana' live-action remake: Dwayne Johnson reveals new Disney movie

Walt Disney ကုမ္ပဏီက နာမည်ကြီးမူရင်းအန်နီးမေးရှင်းဇာတ်ကား Moana ကို live action အဖြစ် ရိုက်ကူးထုတ်လုပ်ဖို့ လုပ်ဆောင်နေတယ်လို့ The Rock အဖြစ် သိကြတဲ့ မင်းသား ဒွိန်း ဂျွန်ဆင်က ဧပြီလ ၃ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

Moana ဇာတ်ကားက ရှေးဟောင်းပိုလီနီးရှားမှာ ဇာတ်အိမ်တည်ထားပြီး မျိုးနွယ်စုကို ကယ်တင်ဖို့ ရွက်လွှင့်ကာ စွန့်စားခန်းထွက်တဲ့ ဆယ်ကျော်သက်မိန်းကလေးတစ်ဦးရဲ့ဇာတ်လမ်းအကြောင်းဖြစ်ပါတယ်။ မူရင်းအန်နီးမေးရှင်းဇာတ်ကားက ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ရုံတင်ငွေ အမေရိကန်ဒေါ်လာ ၆၈၃ သန်းနီးပါးရရှိခဲ့တာပါ။

Disney Announces Live-Action Moana Movie | The Direct

မူရင်းဇာတ်ကားမှာ မာဝီ ဇာတ်ကောင်အဖြစ် အသံသရုပ်ဆောင်ခဲ့ပြီး Live Action မှာလည်း ပြန်ပါဝင်မယ့် ဒွိန်းက Live Action အနေနဲ့ ထွက်ရှိလာမယ့်အပေါ် အခုလို ပြောပါတယ်။ “Moana ရဲ့လှပတဲ့ဇာတ်လမ်းကို Live Action အဖြစ် ပိတ်ကားထက် ယူဆောင်လာပေးတဲ့အတွက် ကျွန်တော် လေးလေးနက်နက် ကျေးဇူးတင်မိတယ်။ ဒီဇာတ်လမ်းက ကျွန်တော်ရဲ့ယဉ်ကျေးမှုဖြစ်ပြီး ဒီဇာတ်လမ်းက ကျွန်တော်တို့လူတွေရဲ့ဂုဏ်ကျက်သရေနဲ့ကြံ့ခိုင်သန်မာမှုရဲ့သင်္ကေတဖြစ်တယ်”လို့ ဆိုပါတယ်။

ဒီဇာတ်ကားသစ်က ရိုက်ကူးဖို့ ပြင်ဆင်နေဆဲဖြစ်ပြီး ထွက်ရှိမယ့်ရက်ကိုလည်း ထုတ်ပြန်ကြေညာထားခြင်းမရှိပါဘူး။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။