ထီအကြိမ်( ၃ဝဝ )ကျော် ပေါက်စေသောပုတီးစိပ်နည်း

Astrology Religion
ထီအကြိမ်( ၃ဝဝ )ကျော် ပေါက်စေသောပုတီးစိပ်နည်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ထီအကြိမ်( ၃ဝဝ )ကျော် ပေါက်စေသောပုတီးစိပ်နည်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ထီအကြိမ်( ၃ဝဝ )ကျော် ပေါက်စေသောပုတီးစိပ်နည်း

မိတ်ဆွေတွေအတွက် အခု ကျွန်တော်တင်ပေးလိုက်သော ပို့စ်သည် ကျွန်တော်၏ မူပိုင်ပို့စ် မဟုတ်ပဲ ယက္ကန်းစင်တောင် ဆရာတော်ဘုရားကြီးနှင့် ဆရာတော် အရှင် ပုည (ဝကုန်း)၏ မူပိုင်ပို့စ် ဖြစ်ပါသည် ။ ဒါကြောင့်မို့ အပြစ်တင် စော်ကား ဆဲရေး တိုင်းထွာခြင်းတို့သည် ဆရာတော်ကြီးများအား ပြောဆိုခြင်း မြောက်ပါကြောင်း အသိပေးအပ် ပါသည် ။

ထီပေါက်ချင်သူများ…ချမ်းသာချင်သူများ…အလုပ်အကိုင် အဆင်ပြေလိုသူများအတွက်…

ဓမ္မမိတ်ဆွေ တစ်ဦး၏ကိုယ်တွေ့ထီအကြိမ်( ၃ဝဝ )ကျော် ပေါက်စေသောပုတီးစိပ်နည်းလေးပါ ။ယက္ကန်းစင်တောင်ဆရာတော်နဲ့ပဋ္ဌာန်းဆက်ဖြစ်တဲ့ ဓမ္မမိတ်ဆွေကြီး ဦးဖြိုးမြင့်ကိုယက္ကန်းစင်တောင်ဆရာတော်ကြီး ကိုယ်တိုင်ပေးထားတဲ့ပုတီးစိပ်နည်းပါ ။

အများမြင်တွေ့နေကြဆရာတော်ရဲ့ ပုတီးစိပ်နည်းထက်သုံးကြောင်းပိုပါတယ် ။ဦးဖြိုးမြင့်ဟာ ဂါထာပေါင်းစုံကိုတနေ့ နှစ်နာရီကျော် ပုတီးစိပ်တာဈေးရောင်းမကောင်းပဲယက္ကန်းစင်တောင်ဆရာတော်ကဒီဂါထာပေးလို့ ရွတ်တာနဲ့သိသိသာသာ ဈေးရောင်းကောင်းပြီးအစစအရာရာ အဆင်ပြေလာပါတယ်။

ဂါထာတန်ခိုးနဲ့ထီတွေ ဆုကြီး ဆုငယ် အကြိမ်( ၃ဝဝ )ကျော်ပေါက်ပါတယ် ။

ပုတီးစိပ် ပုံ

ဂါထာ အစ အဆုံး ရွတ်ပြီးပုတီးတစ်လုံးချတစ်နေ့ကို တစ်ပတ်စိပ်ရမှာပါ ။
မစိပ်နိုင်ရင်…မနက်( ၉ )နာရီည( ၉ )နာရီ အချိန်တွေမှာအနည်းဆုံး( ၉ )ခေါက်ရွတ်ပါ ။ ဘေးရန်ကင်းကွာ လာဘ်ရွှင်ကာအစစအရာရာ အောင်မြင်ပြီးပေါက် သိဒ္ဓိ ပေါက်စေနိုင်ပါတယ် ။

ယက္ကန်းစင်တောင် ဆရာတော်ဦးသြဘာသ၏လောကီ လောကုတ်နှစ်ဖြာသောအကျိုးကိုဖြစ်စေသော ပုတီးစိပ်နည်း

၁။သိဒ်ဓိ ဘဂဝါ အရဟံ
ဗုဒ္ဓေါမေ သတ္တပါကာရံ
ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ။

၂။သိဒ်ဓိ ဘဂဝါ အရဟံ
ဓမ္မောမေ သတ္တပါကာရံ
ဓမမှံ သရဏံ ဂစဆှာမိ။

၃။သိဒ်ဓိ ဘဂဝါ အရဟံ
သံဃောမေ သတ္တပါကာရံ
သံံဃံ သရဏံ ဂစဆှာမိ။
ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ ။
ဓမ်မံ သရဏံ ဂစ်ဆာမိ။
သံဃံ သရဏံ ဂစ်ဆာမိ ။

အနက် အဓိပ္ပါယ်

အရဟံ=
လူ နတ် ဗြဟ္မာ သတ္တဝါတို့၏ ပူဇော်အထူးကို
ခံတော်မူထိုက်သော

ဘဂဝါ=
ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော
မြတ်စွာဘုရားသည်

သိဒ္ဓိ=
လောကီသိဒ္ဓိ လောကုတ္တရာသိဒ္ဓိ အမျိုးမျိုးနှင့်
ပြည့်စုံတော်မူပါပေ၏ ။

၁။ ( ဗုဒ္ဓေါ )
မြတ်စွာဘုရားသည်
မေ=တပည့်တော်အား

သတ်တပါကာရံ=တံတိုင်းခုနှစ်ထပ် ကာရံဘိသကဲ့သို့ဘေးရန် အမျိုးမျိုးတို့ကိုကာကွယ် စောင့်ရှောက်တော်မူပါ ဘုရား ။

ဗုဒ်ဓံ=မြတ်စွာဘုရားကို
သရဏံ သရဏံဣတိ=ကိုးကွယ်ရာဟူ၍
ဂစ်ဆာမိ=မှီဝဲ ဆည်းကပ်ပါ၏။

ဓမ္မံ=တရားတော်မြတ်ကို
သံဃံ =သံဃာတော်မြတ်ကို
၂။ ( ဓမ္မော )တရားတော်မြတ်သည်
၃။ ( သံဃော )သံဃာတော်မြတ်သည်

မှတ်ချက် ။ ။ငါးပါးသီလမလုံရင်…အပေါ်သုံးကြောင်းပဲ စိပ်ပါ။

ရေးသားသူ – သာထက်ဇော်

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။