ချစ်တဲ့ပရိသတ်တွေကို နှစ်သစ်မှာ ဆုမွန်ကောင်းတောင်းပေး လိုက်တဲ့ အဆိုတော် “ပိုပို”

Celebrity
ချစ်တဲ့ပရိသတ်တွေကို နှစ်သစ်မှာ ဆုမွန်ကောင်းတောင်းပေး လိုက်တဲ့ အဆိုတော် “ပိုပို”

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ချစ်တဲ့ပရိသတ်တွေကို နှစ်သစ်မှာ ဆုမွန်ကောင်းတောင်းပေး လိုက်တဲ့ အဆိုတော် “ပိုပို” ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ချစ်တဲ့ပရိသတ်တွေကို နှစ်သစ်မှာ ဆုမွန်ကောင်းတောင်းပေး လိုက်တဲ့ အဆိုတော် “ပိုပို”

ပိုပိုရဲ့ တေးသီချင်းလေးတွေဟာ ဆိုရင် အချစ် ၊ အလွမ်း အေးအေးလေးတွေပဲဖြစ်ပြီး လူငယ်တွေကြားမှာ ယနေ့အချိန်ထိ ရေပန်းစား လူကြိုက်များခဲ့တဲ့ သီချင်းကောင်းတွေပဲ ဖြစ်ပါတယ်။ လတ်ရှိမှာတော့ ပရိသတ်တွေနဲ့ ထပ်တူကျစေမယ့် သီချင်းကောင်းတွေကိုလည်း ဖန်တီးနေတယ်လို့လည်း သိရပါတယ်။ အခုချိန်မှာ ဆိုရင် ပိုပိုက မြန်မာနိုင်ငံ အနှံ့ ပွဲတော်တော်များများမှာ လိုက်လံသီဆိုဖျော်ဖြေနေရတာ ဖြစ်ပါတယ်။

ဒါ့အပြင် ပိုပိုကတော့ အလှူတန်းတွေမှာ တက်နိုင်သမျှပါဝင်လှူဒါန်းပေးသလို ဘာသာရေးမှာ အထူးကိုင်းရှိုင်းတက်သူပဲဖြစ်ပါတယ်။ မိန်းကလေးတွေ ရဲ့ ချစ်ခင်အားပေးမှုသာမက ယောကျာ်းလေးတွေရဲ့ ချစ်ခင်အားပေးမှုကိုပါရရှိနေတဲ့ သူမကတော့ ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားသူလေးပဲဖြစ်ပါတယ်။ ဒါ့အပြင် တစ်နေ့တစ်ခြား ပိုပိုလှလာတဲ့ ဖက်ရှင်အလန်းတွေနဲ့ သူမကို ပုရိသကိုကိုတွေကလည်း ချစ်ခင်အားပေးကြတာဖြစ်ပါတယ်။

မကြာခင်ကမှ ပိုပိုကခရီးတွေထွက်နေတာဖြစ်ပြီး ခရီးသွားအမှတ်တရ ပုံလေးတွေကို ဖော်ပြလေ့ရှိတာတွေ့ရပါတယ်။ “မင်္ဂလာရှိသော နှစ်သစ် လေးဖြစ်ပါစေ နှစ်သစ်မှာ ချစ်ရတဲ့သူ တစ်ယောက်ချင်းစီတိုင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့်ပြည့်စုံပြီး စီးပွါးရေးတွေ တိုးပွါးအောင်မြင်ကြပါစေ ကောင်းကျိူး လိုအပ်ဆန္ဒများ နှင့်လဲ ပြည့်စုံကြပါစေရှင့် ပိုပိုရဲ့ရှေ့ဆက်မယ့် အနုပညာအလုပ်တွေမှာလည်း ဒီထက်မက အောင်မြင်မှုရရှိပါစေ ဆုတောင်းပေးလိုက်ပါတယ်။”

ရေးသားသူ – Let Pan News

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။