KGF နှစ်ကား ဘာလို့လူကြိုက်များတာလဲ

Celebrity International News
KGF နှစ်ကား ဘာလို့လူကြိုက်များတာလဲ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ KGF နှစ်ကား ဘာလို့လူကြိုက်များတာလဲ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

KGF နှစ်ကား ဘာလို့လူကြိုက်များတာလဲ

Kannada စကားပြော KGF Chapter 1 နဲ့ 2 ဟာ မြန်မာပရိသတ်တွေဆီမှာတော်တော်လေးရေပန်းစားခဲ့တဲ့ရုပ်ရှင်နှစ်ကားဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက KGF 3 ထပ်ထုတ်ဖို့အတွက်ပါ Hombali Films ဘက်က အတည်ပြုလာခဲ့ပါတယ်။ ဆိုတော့ ဒီ KGF တွေကို ဘာလို့လူတွေကအဲလောက်ကြိုက်ကြတာလဲ။

KGF ရုပ်ရှင်တွေက အောက်ခြေဘဝကနေ အိန္ဒိယရဲ့ရွှေမှောင်ခိုစျေးကွက်တစ်ခုလုံးကိုထိန်းချုပ်လာနိုင်တဲ့ ဂန်းစတားတစ်ယောက်အကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ်။

KGF နှစ်ကားကိုလေ့လာကြည့်ရမယ်ဆိုရင် Chapter 1 နဲ့ 2 မှာ 1 က ဇာတ်လမ်းတည်ဆောက်မှု၊ ဇာတ်ကောင်ပုံဖော်မှုအပိုင်းမှာ ပိုပြီးအသားပေးထားသလို 2 မှာတော့ အက်ရှင်ပြကွက်တွေနဲ့ vfx အပိုင်းကို ပိုပြီးအသားပေးထားတာကိုတွေ့ရပါတယ်။ 1 မှာ ရော့ကီဘယ်သူလဲ၊ ဘယ်လိုဖြစ်လာတာလဲ ဆိုတာတွေကို အသေးစိတ်ပုံဖော်ပြသထားပြီး 2 မှာတော့ ဒီအင်ပါယာကိုဘယ်လိုထိန်းသိမ်းလဲ၊ ဘယ်သူတွေနဲ့ရင်ဆိုင်ရလဲ စတဲ့ အပိုင်းကို ပြသထားပါတယ်။ 1 ရဲ့ ဇာတ်လမ်းတည်ဆောက်မှုပုံစံက 2 ထက် ပိုပြီး ကျစ်လျစ်မှုရှိသလို 2 ရဲ့ အက်ရှင်ပြကွက်တွေက 1 ထက်ပိုပြီးအသားပေးပြသထားတာကိုတွေ့ရပါတယ်။

KGF တွေက လူတွေကြားမှာဘာလို့အဆမတန်ပေါက်သွားလဲဆိုတာကိုပြောရမယ်ဆိုရင် ဇာတ်ကောင်စရိုက်နဲ့ ဒိုင်ယာလော့ခ်ကြောင့်လို့ပဲပြောရမှာပါ။ Rocky သုံးခဲ့တဲ့ ဒိုင်ယာလော့ခ်တွေက ခမ်းနားလွန်းတယ်၊ ပြဇာတ်ဆန်တယ်၊ အဲလိုစကားအကြီးကြီးတွေပြောသလို လုပ်ပြသွားတာတွေကလည်း အကြီးကြီးတွေပါပဲ။ နမူနာတစ်ကွက်ပြပါဆိုရင် ရာသီဥတုပူလို့ စော်အတွက် ရဟတ်ယာဥ်ဖွင့်မောင်းပြီးလေတိုက်ပေးတာတွေ၊ တစ်လုံးထိုးthayနတ်သမားတွေကို AK47 မောင်းပြန်တွေနဲ့ပြန်ဖြဲပြတာတွေ၊ ရဲစခန်းကို စက်thayနတ်နဲ့သွားပစ်တာတွေ ပါပဲ။ “ငါက အိန္ဒိယရဲ့ CEO ကွ” ဆိုတဲ့ စကားပြောခန်းတွေကလည်း ပရိသတ်ကိုသဘောကျစေတာပါ။

 

ဇာတ်ကောင်တည်ဆောက်မှုမှာလည်း Yash ရဲ့ Rocky ဇာတ်ကောင်မှာ Robert DeNiro ရဲ့ The Godfather 2, Denzel Washington ရဲ့ American Gangster စတဲ့ ဇာတ်ကောင်စရိုက်တွေကို တောင်ပိုင်းဗားရှင်းပုံစံတွေကိုတွေ့ရပါတယ်။ တောင်ပိုင်းရုပ်ရှင်တွေအများစုရဲ့အက်ရှင်ပြကွက်တွေက အိုဗာမဖြစ်တာတွေလည်းရှိသလို အိုဗာဖြစ်တာလည်းတွေအများကြီးရှိပါတယ်။ KGF တွေ မှာလည်း အိုဗာပြကွက်တွေအများကြီးပါလာခဲ့တယ်၊ ဒါပေမယ့် အစောကပြောခဲ့သလို ဒိုင်ယာလော့ခ်အကြီးကြီးတွေက အိုဗာတွေကိုပြန်ပြီးကာသွားတဲ့အတွက် ပရိသတ်တွေက လက်ခံလိုက်တာပါ။

Ravi Basur ရဲ့ original score တွေ၊ item song တွေကိုလည်း ချန်ထားခဲ့လို့မရပါဘူး။ Saalam Rocky Bhai, Dheera Dheera, Too Fan စတဲ့ သီချင်းတွေကလည်း KGF ကို ပိုပြီးဆွဲဆောင်မှုရှိစေခဲ့တာပါ။

နောက်ထပ်လူကြိုက်များစေတဲ့အချက်တစ်ချက်ကိုပြပါဆိုရင်တော့ ဗီလိန်တွေရဲ့ဇာတ်ကောင်တည်ဆောက်မှုပါပဲ။ တောင်ပိုင်းကားတွေမှာ ဗီလိန်တွေရဲ့ဇာတ်ကောင်တည်ဆောက်မှုက ဖောင်းပွပြီးပရိသတ်ရဲ့စိတ်ဝင်စားမှုကိုသိပ်မရခဲ့ပေမယ့် KGF နှစ်ကားစလုံးမှာ ဗီလိန်အသေးစားလေးတွေကအစ ဗီလိန်ကြီးတွေအထိ ဇာတ်ကောင်တည်ဆောက်မှုကျစ်လျစ်ခဲ့ပါတယ်။ (၂၀၁၅ နောက်ပိုင်း တမီလ်ရုပ်ရှင်တွေမှာလည်း ဒါမျိုးကိုအဓိကထားလာတာကိုတွေ့ရပါတယ်။ ဥပမာ Vikram)

အနှစ်ချုပ်ပြောရရင်တော့ KGF တွေက reality ဆန်တဲ့အက်ရှင်ကားတွေမဟုတ်ပေမယ့်လည်း ဇာတ်လမ်းခမ်းနားမှုနဲ့ ဇာတ်ကောင်ခမ်းနားမှုတွေကြောင့် ပရိသတ်ရဲ့လက်ခုပ်သံကိုရခဲ့တာဖြစ်ပါတယ်။

ရေးသားသူ – Myanmar Varient Entertainment

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။