သူ့သားသမီးတွေရဲ့မကောင်းတဲ့အကျင့်တွေပြင်အောင် ပညာပေးလေ့ရှိတဲ့ မင်းသားကြီးအာနိုး

Celebrity International News
သူ့သားသမီးတွေရဲ့မကောင်းတဲ့အကျင့်တွေပြင်အောင် ပညာပေးလေ့ရှိတဲ့ မင်းသားကြီးအာနိုး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သူ့သားသမီးတွေရဲ့မကောင်းတဲ့အကျင့်တွေပြင်အောင် ပညာပေးလေ့ရှိတဲ့ မင်းသားကြီးအာနိုး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သူ့သားသမီးတွေရဲ့မကောင်းတဲ့အကျင့်တွေပြင်အောင် ပညာပေးလေ့ရှိတဲ့ မင်းသားကြီးအာနိုး

အသက် ၇၅ နှစ်အရွယ် ဝါရင့်မင်းသားကြီး အာနိုးရှဝါဇနက်ဂါမှာ ဇနီးဟောင်း မာရီယာ ရှရီဗာနဲ့ ရခဲ့တဲ့ သမီး ၂ ယောက်၊ သား ၁ ယောက်နဲ့ အိမ်အကူ မစ်ရက် ဘေနာနဲ့ရခဲ့တဲ့ သား ၁ ယောက်ရှိပါတယ်။ သူဟာ သူ့သားသမီးတွေ စည်းကမ်းမရှိတာတွေ့ရင် ပညာပြလေ့ရှိပါတယ်။

တစ်ခါက သူ့ရဲ့ဒုတိယသားဖြစ်သူဟာ သူ့အိပ်ရာမသိမ်းတဲ့အတွက် မွေ့ရာကို လသာဆောင်ပေါ်ကနေ ရေကူးကန်ထဲ ပစ်ချခဲ့တယ်လို့ မင်းသားကြီးအာနိုးက ပြောပါတယ်။ သူ ကြီးပြင်းလာခဲ့ရတာနဲ့ယှဉ်ရင် ဒီလုပ်ရပ်က သက်ညှာမှုရှိတယ်လို့ သူက ယုံကြည်ထားတာပါ။ မင်းသားကြီးအာနိုးက သူ့သားသမီးတွေကို ပထမအကြိမ် သတိပေးလို့မှ မလုပ်ဘူးဆိုရင် အခုလိုပညာပြလေ့ရှိတာပါ။

သူ့သမီးဆိုရင်လည်း မီးလင်းဖိုနားမှာ ဖိနပ်ချွတ်တဲ့အလေ့အကျင့်ရှိနေတဲ့အတွက် တစ်နေ့ကျ ပညာပြဖို့ ဆုံးဖြတ်ခဲ့တယ်။ သူ့သမီးကို ၃ ကြိမ် သတိပေးခဲ့ပေမဲ့ အဲဒီနားမှာပဲ ဖိနပ်ချွတ်ခဲ့တဲ့အတွက် သူ့ဖိနပ်တွေကို ယူပြီး မီးလင်းဖိုထဲ ထည့်ပစ်ခဲ့တယ်လို့ မင်းသားကြီးအာနိုးက အင်တာဗျူးတစ်ခုမှာ ဖွင့်ဟခဲ့ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။