သာမန် ၅ နှစ်သားကလေးအလေးချိန်ရှိတဲ့ ကြောင်ဝတုတ်လေး

International News
သာမန် ၅ နှစ်သားကလေးအလေးချိန်ရှိတဲ့ ကြောင်ဝတုတ်လေး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သာမန် ၅ နှစ်သားကလေးအလေးချိန်ရှိတဲ့ ကြောင်ဝတုတ်လေး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သာမန် ၅ နှစ်သားကလေးအလေးချိန်ရှိတဲ့ ကြောင်ဝတုတ်လေး

တိရစ္ဆာန်ကယ်ဆယ်ရေးအဖွဲ့ကတောင် သူတို့မြင်ဖူးသမျှထဲမှာ အကြီးဆုံးဖြစ်တယ်လို့ ပြောရတဲ့ ကြောင်ဝတုတ်လေး ပတ်ချက်စ်က သာမန် ၅ နှစ်အရွယ်ကလေးတစ်ယောက်ရဲ့အလေးချိန်လောက်ရှိပါတယ်။ သူဟာ စံချိန်တင်အဝဆုံးကြောင်တွေထဲကတစ်ကောင်ဖြစ်ပြီး အလေးချိန် ၄၀.၃ ပေါင်ရှိပါတယ်။

ဗာဂျီးနီးယားပြည်နယ်၊ ရစ်ချ်မွန်မြို့က Richmond Animal Care and Control တိရစ္ဆာန်ကယ်ဆယ်ရေးစင်တာအရ ပတ်ချက်စ်ကို သူ့ရဲ့များလွန်းတဲ့ကိုယ်အလေးချိန်ကို လျှော့ချဖို့အတွက် အစားအသောက်နေထိုင်မှုပုံစံကို တင်းကြပ်ထားခဲ့ရတယ်လို့ သိရပါတယ်။ ပတ်ချက်စ်ရဲ့အကြောင်း ဖေ့စ်ဘွတ်မှာ တင်ပြီးတဲ့နောက် သူ့ကို မွေးမယ့် သခင်အသစ် တွေ့ရှိသွားခဲ့တာပါ။

ကယ်ဆယ်ရေးစင်တာက ပတ်ချက်စ် ဘေးကင်းဖို့နဲ့ ကျန်းမာရေးနဲ့ညီညွှတ်တဲ့အလေးချိန်ရရှိစေဖို့ ကူညီပေးနိုင်မယ့် သခင်မျိုးကို ရှာဖွေပေးခဲ့တာပါ။ ပတ်ချက်စ်ကို ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ အစားအစာတွေကို လွန်ကဲစွာ ကျွေးတာကြောင့် ကိုယ်အလေးချိန်အလွန်အကျွံဖြစ်လာတယ်လို့ ယူဆရပါတယ်။

သူ့ရဲ့အိမ်အသစ်ဆီ ခေါ်ဆောင်သွားနေတဲ့ ဓာတ်ပုံတွေမှာ ပတ်ချက်စ်ကို လူနှစ်ယောက်ကတောင် မ, သွားရတာကို မြင်တွေ့ရပါတယ်။ ပတ်ချက်စ်က ကမ္ဘာ့အဝဆုံးကြောင်အဖြစ် မှတ်တမ်းတင်ခံရတဲ့ ဩစတြေးလျနိုင်ငံက အလေးချိန် ၄၆.၈ ပေါင်ရှိတဲ့ ဟင်မ်မီအမည်ရှိ ကြောင်လေးထက် ၆ ပေါင်ပဲ လျော့ပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။