ကံကောင်းစေတက်သော အမှတ်အသား

Astrology
ကံကောင်းစေတက်သော အမှတ်အသား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ကံကောင်းစေတက်သော အမှတ်အသား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကံကောင်းစေတက်သော အမှတ်အသား

လက်သန်းအောက် ဗုဒ္ဓဟူးဂြိုဟ်ခုံပေါ် ဒေါင်လိုက်မျဥ်းကြောင်းလေးများ ၃/၄ ကြောင်း ပါရှိခဲ့လျင်အလုပ်အကိုင် ငွေကြေးအခွင်အလမ်းများ အဆင်ပြေလာပြီလို့ ဖော်ပြနေတာဖြစ်ပါတယ်၊မိမိတို့ရဲ့ ဘဝအခြေနေအဆင့်အတန်းအလိုက် အကျိုးခံစားမှုကွာပါတယ်၊

သူဋ္ဌေးသူကြွယ် အရာရှိ များဖြစ်ပါက ဥစ္စာဓနနဲ့ ငွေကြေးကံကိုပိုပြီးတော့ အားဖြည့်တောင့်တင်းစေပြီး၊သာမာန် လက်လုပ်လက်စား လူတန်းစားများဆိုရင်တော့
အလုပ်အကိုင်ကောင်းများရရှိပြီးတော့ ငွေဝင်လမ်းကြောင်း ဖြောင့်လာပါပြီအရင်ကလို ငွေကြေးရှာရမခတ်ခဲတော့ပါဘူး၊

သုတေသနပြုကြည့်မှုအရ ငယ်စဥ်ကတည်းက ပြည့်ပြည့်စုံစုံနေရတဲ့ သူတွေမှာ ဒီလမ်းကြောင်းအမှတ်အသားဟာ ပါရှိနေတက်ပြီး၊မပြည့်စုံတဲ့မိသားစု ဘဝတွေ ဆင်းရဲတဲ့သူတွေမှာတော့ လူလတ်ပိုင်းရောက်တဲ့အထိ ၃၀ ကျော်လောက်ထိကို မပါတာ တွေ့ရပါတယ်။

တချို့မိဘမပြည့်စုံ ဆင်းရဲပေမယ့်လည်း မိမိရဲ့ကြိုးစားရုန်းကန်မှုကြောင့် စီးပွားရေးအဆင်ပြေငွေကြေးချောင်လည် ဖြစ်ထွန်းလာသူတွေရဲ့လက်မှာလည်း ဒီလိုအမှတ်သားမျိုး ပေါ်လာပါတယ်၊

အဲ့ဒါကြောင့် လက်သန်းအောက်က မျဥ်းမတ်လေးတွေဟာ ဘဝအဆင်ပြေခြင်းရဲ့ အကြောင်းတရားတွေမှာ တစိပ်တစ်ဒေသ ပါဝင်ကူညီနေတာကြောင့်ကံကောင်းစေတက်တဲ့ အမှတ်အသားတစ်ခုအဖြစ်သတ်မှတ်လို့ရပါတယ်။

ဒီနေရာမှာ တချို့မျဥ်းမတ်တွေက အိမ်ထောင်ရေးလမ်းကို ဖျတ်သွားခြင်း ၊ အိမ်ထောင်ရေးလမ်းကြောင်းပေါ်မှာ ရှိနေခြင်း၊ လမ်းကြောင်းများ ရှုပ်ယှက်ခတ်နေခြင်း၊ နှလုံးလမ်းကြောင်းအား ထိုးဆင်းထိနေခြင်း များ ဖြစ်ပါက ဒီအကျိုးတွေကို ခံစားရမှာမဟုတ်ပါဘူး၊

အဲ့အတွက် အဓိပ္ပါယ် တမျိုးဖြစ်သွားမှာပါ၊
ဖော်ပြပါ ပုံပါအတိုင်း ဖြစ်နေမှ အထက်က​ပြောထားသလို အကျိုးတွေကို ရရှိမှာပါ။

ရေးသားသူ – ဆရာရဲလင်း (လက္ခဏာ ဗေဒင်)

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။