အသက် ၇၉ နှစ်မှာ သားသမီးထပ်မံထွန်းကားလာတဲ့ သရုပ်ဆောင် Robert DeNiro

Celebrity International News
အသက် ၇၉ နှစ်မှာ သားသမီးထပ်မံထွန်းကားလာတဲ့ သရုပ်ဆောင် Robert DeNiro

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အသက် ၇၉ နှစ်မှာ သားသမီးထပ်မံထွန်းကားလာတဲ့ သရုပ်ဆောင် Robert DeNiro ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အသက် ၇၉ နှစ်မှာ သားသမီးထပ်မံထွန်းကားလာတဲ့ သရုပ်ဆောင် Robert DeNiro

ဟောလိဝုဒ်ရဲ့ အထင်ကရသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Robert DeNiro ဟာ အသက် ၇၉ နှစ်အရွယ်မှာ နောက်ထပ် ၇ ယောက်မြောက် သားသမီးရတနာထပ်မံထွန်းကားလာပြီဖြစ်ပါတယ်။

Robert DeNiro ဟာ ၇ ယောက်မြောက်ရင်သွေးလေးကိုရရှိနေပြီဖြစ်ကြောင်းကို ET Canada သတင်းဌာနနဲ့ သီးသန့်အင်တာဗျူးတစ်ခုမှာ အတည်ပြုလာခဲ့တာဖြစ်ပါတယ်။

Robert DeNiro ရဲ့ရုပ်ရှင်သစ် About My Father နဲ့ ပတ်သက်တဲ့ အဆိုပါအင်တာဗျူးမှာ မေးမြန်းသူက ကလေးခြောက်ယောက်ရဲ့အဖေဖြစ်ရတဲ့ခံစားချက်ကိုပြောပြပေးဖို့မေးလာချိန်မှာ Robert DeNiro က “၇ ယောက်ဗျ။ ခုမှတစ်ယောက်ထပ်ရထားတာ” လို့ တုံ့ပြန်ဖြေလာခဲ့တာပါ။

Robert DeNiro ဟာ ၎င်းရဲ့ယခင်အိမ်ထောင်သုံးခုနဲ့ သားသမီးခြောက်ယောက်ရရှိခဲ့တာဖြစ်ပြီး ယခု ခုနစ်ယောက်မြောက်ကလေးရဲ့မိခင်ကိုတော့ ပြောပြလာခြင်းမရှိခဲ့ပါဘူး။

robert de niro

 

ဝါရင့်သရုပ်ဆောင် Robert DeNiro ဟာ The Godfather Part II နဲ့ Raging Bull ရုပ်ရှင်တွေနဲ့ အော်စကာဆုနှစ်ဆုကိုရရှိခဲ့ပါတယ်။ လက်ရှိမှာ Robert DeNiro ဟာ ကိုယ်ခံပညာဆိုင်ရာနည်းပြတစ်ဦးဖြစ်သူ Tiffany Chen နဲ့ တွဲနေကြောင်း People သတင်းအရသိရှိရပါတယ်။

ရေးသားသူ – Myanmar Varient Entertainment

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။