မိတ်ကပ်မပါတဲ့ အသက် ၄၀ အရွယ် နုပျိုတဲ့အလှတရားကြောင့် ရေပန်းစားခဲ့ရပြန်တဲ့ Song Hye Kyo

Celebrity International News
မိတ်ကပ်မပါတဲ့ အသက် ၄၀ အရွယ် နုပျိုတဲ့အလှတရားကြောင့် ရေပန်းစားခဲ့ရပြန်တဲ့ Song Hye Kyo

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မိတ်ကပ်မပါတဲ့ အသက် ၄၀ အရွယ် နုပျိုတဲ့အလှတရားကြောင့် ရေပန်းစားခဲ့ရပြန်တဲ့ Song Hye Kyo ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မိတ်ကပ်မပါတဲ့ အသက် ၄၀ အရွယ် နုပျိုတဲ့အလှတရားကြောင့် ရေပန်းစားခဲ့ရပြန်တဲ့ Song Hye Kyo

နာမည်ကျော် Song Hye Kyo ဟာ ပွဲတက်ဖို့ New York ကို ထွက်ခွာခဲ့ရပါတယ်။ မင်းသမီးဟာ လေဆိပ်ကို အစောကြီးရောက်ရှိလာပေမယ့် တက်ကြွစွာပဲ သတင်းထောက်တွေကို ပြုံးပြနှုတ်ဆက်ခဲ့တာပါ။

သတင်းထောက်များက သူ့နာမည်ခေါ်သံကို ကြားချိန်မှာလည်း ဝမ်းသာအားရ လက်ပြနေရင်း လေယျာ်ပေါ်သို့ တက်ရောက်သွားခဲ့ပါတယ်။ Song Hyeo တစ်ယောက် လေဆိပ်ကိုရောက်လာဖို့အတွက် စောစောအိပ်ရာက ထခဲ့ရတာကြောင့် သူမရဲ့ မိတ်ကပ်မပါတဲ့ အလှတရားကို ပရိသတ်တွေက မြင်တွေ့ခွင့်ရခဲ့ပါတယ်။

ယင်းမတိုင်မီက Song Hye Kyo ဟာ 2023 Baeksang ဆုပေးပွဲသို့ တက်ရောက်ခဲ့ပြီး “The Glory” ဇာတ်ကားနဲ့အတူ အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆုကို ရရှိထားခဲ့ပြီး ဒီဂုဏ်ထူးဆောင်ဆုဖြင့် Song Hye Kyo ဟာ သူမရဲ့ ကြီးမားသော အရည်အချင်းနဲ့ သြဇာလွှမ်းမိုးမှုတို့ကို တစ်ဖန် သက်သေပြခဲ့ပါတယ်။

လေဆိပ်မှာ ပေါ်လာတဲ့ Song Hye Kyo ဟာ သူမရဲ့ သဘာဝကျတဲ့ မျက်နှာကို ယုံကြည်မှုအပြည့်နဲ့ ပြသခဲ့ပါတယ်။ အသက် ၄၀ အရွယ် အမျိုးသမီးတော်တော်များများနဲ့မတူဘဲ နုပျိုလှပနေဆဲဖြစ်ပေမဲ့ မင်းသမီးကတော့ သူမအိုမင်းလာပြီလို့သာ ဝန်ခံထားခဲ့သူပါ။

ဘယ်လိုပဲပြောပြော သူမရဲ့အလှတရားတွေ ယခုချိန်ထိတိုင်၊ မိတ်ကပ်မပါသည့်တိုင် လုံးဝ ထိခိုက်ခဲ့ပုံမပေါ်ပါဘူး။ ခန္ဓာကိုယ်ပိုင်းနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေအပေါ် မင်းသမီးက သူမရဲ့ ခန္ဓာကိုယ်ပေါ်က အပြောင်းအလဲတိုင်းကို သဘောကျကြောင်းလည်း ပြောပြခဲ့ဖူးပါတယ်။

ရေးသားသူ – Superstar

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။