သွေးတအားတိုးပြီး ဆေးရုံသွားဖို့ အခက်ကြုံနေလျှင် စိန်ပန်းပင်ကို သုံးပါ

Health
သွေးတအားတိုးပြီး ဆေးရုံသွားဖို့ အခက်ကြုံနေလျှင် စိန်ပန်းပင်ကို သုံးပါ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သွေးတအားတိုးပြီး ဆေးရုံသွားဖို့ အခက်ကြုံနေလျှင် စိန်ပန်းပင်ကို သုံးပါ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သွေးတအားတိုးပြီး ဆေးရုံသွားဖို့ အခက်ကြုံနေလျှင် စိန်ပန်းပင်ကို သုံးပါ

”တပည့်တော်တရုတ်ပြည်နယ်စပ်မှာနေတုန်းက မြန်မာပြည်က စိန်ပန်းပင်တွေကို တရုတ်ကရသ လောက်ဈေးပေးဝယ်နေတယ်ဘုရား˝ ဉာဏ်ကြီးသူ ရသေ့ရှင်အားလျှောက်မိ၏̏ တကာလေးရယ် ဘာစမ်းလဲ..။ အခြားသုံးတာမဟုတ်ဘူး..။စိန်ပန်းပင်ကိုဆေးအဖြစ်သုံးဖို့ဝယ်တာ။

ရသေ့တစ်ခုလက်တွေ့စမ်းပြမယ် ˝စိန်ပန်းပင်အား ဓားရာပေးပြီးအစေးကိုရယူပါ။ ဖန်ခွက်လေးထဲ ရေအပြည့်ထည့်ဆားကွမ်းသီးလုံး ခန့်ထည့်စေကာ ငံသောအရသာကိုဖြစ်စေပါ။ ထိုဆားရည်ဖန်ခွက်ထဲသို့ စိန်ပန်းစေးလေး လက်သန်းလုံးမျှထည့်ကာ (၁၅)မိနစ်မျှ စိမ်ထား လိုက်ပါ။

အဖြေ ဆား၏အငံဓာတ်များ အလိုလိုလျော့ကျ သွားပါကြောင်းလက်တွေ့မြင်ရပါလိမ့်မည်။ ရသေ့ရှင်သည် လက်တွေ့ပြကာ သွေးတိုးကျ စေကြောင်းညွန်ပြဖူးပါသည်။ စဉ်းစားကြည့်ဒကာလေး ဒီစိန်ပန်းပင်ဟာသိပ်ပြီး ဆေးဖက်ဝင်တယ် ။

ပျောက်ကင်းနိုင်တဲ့အခြားရောဂါ တွေရှိသေးတယ်˝ ဟုမိန့်ဖူခဲ့သည်။ သင်္ကြန်ကာလ မိတ်ဆွေဝန်ထမ်းတစ်ဦး အပျော်လွန်ပြီး အရက်သောက်သဖြင့် သွးတိုးတော့သည်။ထိုသူ၏သွေးပေါင်တိုင်းကြည့်ရာသွေး ၁၆၀ ၁၉၀ ထိ သွေးတိုးနေတော့သည်။

သောက်ဆေးကမရှိ။ ဆေးခန်းသွားသော်လည်း သင်္ကြန်ပိတ်ရက်များဖြစ်၍ ဆေးခန်းပိတ်လေသည်။ ထိုသူမှာယခင်ကပင်သွေး တိုးရှိသူဖြစ်သည်။ ကတုန်ကယင်နှင့် ချက်ချင်းပင် အသက်ရာယ်စိုးရိမ်ဖွယ်ဖြစ်လေသည်။

လက်တွေ့ပင်စိန်ပန်းပင်မှ အစေးကိုရယူပြီး လက်ဖက်စားဇွန်း(၂)ဇွန်းမျှတိုက်ပေးခဲ့ရာ နာရီဝက်အတွင်းသွေးကျခြင်းကို အမှန်ကြုံဖူးပါသည်။ စိန်ပန်းပင်သည် အပင်ကြီးမျိုးဖြစ်သည်။

အသီးမှာအတောင့်ဖြစ်သည်။စိန်ပန်းကြီးအပွင့်မှာ အနီရောင်နှင့်အဝါရောင်ဟူ၍နှစ်မျိုးရှိသည်။များ သောအားဖြင့် အနီရောင်ပွင့်သောအပင်ကများသည်။

စိန်ပန်းသည်ပဲပင်ကြီးမျိုးရင်းဖြစ်သည်။

Caesalpinioideae မျိုးခွဲဖြစ်သည်။အရှင်နာဂသိန်ပုံပြဆေးအဘိဓာန်တွင် ပူသောသတ္တိရှိသည်။လေသလိပ်ကိုနိုင်သည်။

ထိုးအောင့်၊အစာမကြေ၊လေပြည့်၊မျက်စိရောဂါတို့ကို သက်သာပျောက်ကင်းစေသည်။မှတ်သားထားသောသုတများ – အစေ့တွင်၁၈မှ၂၇.၅%ထိ အဆီဓာတ်ပါဝင်ပြီး ပိုးသတ် မှို သတ်သောဆပ်ပြာဆီအဖြစ် ထုတ်လုပ် သည်။အစေ့ဆီဖြင့်ထုတ်လုပ်သော ကိတ်မုန့်သည် သားသမီးကို ရစေနိုင်ကြောင်းဆိုသည်။ အစေ့မှုန့်သည်သွေးတွင်းရှိအညစ်အကြေးများကို သန့်စင်ပေးနိုင်သောအာနိသင်ရှိသည်။ နားကိုက်ခြင်းကိုသက်သာစေသည်။

အရွက်သည်အရေပြားရောဂါကိုပျောက်စေသည်။ အရွက်ကို စားပေးပါက သံပိုးကိုကျစေသည်။ အပွင့်နှင့်အခေါက်ကို အစာအိမ်ပျောက်ဆေး အဖြစိသုံးသည်အပွင့်ကို ပြုတ်စားခြင်း၊တို့စား၊သုပ်စားခြင်းဖြင့်အိပ်ပျော်မှုကိုဖြစ်စေပါသည်။စိန်ပန်းရွက်သည် သွေးတွင်းရှိအချို့ဓာတ်များကို ကျဆင်းစေ၍ သွေးကျရောဂါရှိသူတို့ စားရန် မသင့်ပေ။စိန်ပန်းပင်နှင့်ပတ်သက်သော ဆေးဝါးစမ်းသပ်မှုများ များစွာရှိနေပြီးဟုသိရပါသည်။

ရေးသားသူ –ရဲမျိူးသူ(ဗောဓိမြိုင်)

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။