နယုန်လအတွက် အကောင်းဆုံးယတြာ

Astrology
နယုန်လအတွက် အကောင်းဆုံးယတြာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နယုန်လအတွက် အကောင်းဆုံးယတြာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

နယုန်လအတွက် အကောင်းဆုံးယတြာ
နယုန်လဆန်း(၁)ရက်နေ့ (19.5.2023) မှ နယုန်လကွယ်(17.6.2023)တစ်လတာလုံး

“​ကြွေပန်းကန်ပြားတွင် ငှက်ပျောသီးစိပ်(၉)စိပ်ကိုစီ၍ ဝိုက်တင်ပေးလိုက်ပါ။ထိုငှက်ပျောသီးစိပ်များ အပေါ်သို့ ပျားရည် အနည်းငယ် စမ်းပေးလိုက်ပါ ပြီးလျှင် ပန်းကန်အလယ်၌ သကြား အနည်းငယ်ပုံ၍ ထည့်ပေးလိုက်ပါ ခင်ဗျ…။

ဤယတြာကို နံနက်(၇)နာရီ မှ နံနက်(၁၀)နာရီအတွင်း၌ ဘုရားကျောင်းဆောင် ပေါ်သို့ တင်၍ မြတ်စွာဘုရားရှင်ကိုယ်‌တော်မြတ်ကြီးအား‌ ရိုသေစွာ လှူဒါန်းပေး‌ရပါမည်။

ယခုလတစ်လတာတွင် #‌သရက်သီးမှည့် များကို နံနက်(၉)နာရီ မှ နေ့လည်(၁၁)နာရီ အတွင်း၌နေ့စဥ်မြတ်စွာဘုရားရှင်အား ကပ်ပေးနေခြင်းဖြင့်လည်းမိမိအတွက်ထူးခြားမှူဖြစ်စဥ်များကောင်းကျိုးများစွာကိုလည်း ထပ်မံရရှိခံစား‌နေရမည်ဖြစ်သည်။
ကံချေကန်တော့ခြင်းကိုလုပ်ဆောင်ဖို့ရန်မမေ့ပါနှင့်။

နေ့စဥ်အောက်ပါဂုဏ်တော်များကိုရွတ်ဖတ်နေပါ။

“ဣတိပိသောဘဂဝါ အရဟံ=၁၅ခေါက်
ဣတိပိသောဘဂဝါ လောကဝိဒူ=၁၉ခေါက်
ဣတိပိသောဘဂဝါ သတ္ထာဒေဝမနုဿာနံ=၂၁”

နယုန်လနေ့စဥ်လာဘ်ပွင့်အရပ်မျက်နှာများ

တနင်္ဂနွေနေ့=မြောက်အရပ်
တနင်္လာနေ့=‌တောင်အရပ်
အင်္ဂါနေ့=အရှေ့အရပ်
ဗုဒ္ဓဟူးနေ့=အ‌နောက်အရပ်
ကြာသပတေးနေ့=အရှေ့အရပ်
သောကြာနေ့=မြောက်အရပ်
စနေနေ့=တောင်အရပ်

အထက်ပါအတိုင်းနေ့အလိုက်တွင် နေ့စဉ်တိုင်းအရပ်မျက်နှာမူ၍ #ဧဟိလာဘံ ဟူ၍(၂၇)ခေါက်တိတိရွတ်ပေးရပါမည်။

ဆုတောင်းစာ

“အကျွန်ုပ်နှင့်တကွ အကျွန်ုပ်၏တစ်မိသားစုလုံး ယခုနယုန်လတစ်လတာတွင် ကိုယ်ရောကျန်းမာ၊စိတ်ရောချမ်းသာစွာဖြင့် မကောင်းသော အညံ့အပ၊အတိုက်အခိုက် များ မှန်သမျှ ကင်းရှင်းစေပြီးကောင်းခြင်းမင်္ဂလာအဖြာဖြာဖြင့် အောင်မြင်‌၍စီးပွားလာဘ်လာဘ တိုးတက်အဆင်ပြေရပါလို၏။”

ဤယတြာအစီအရင်ကို နေ့စဉ်နေ့တိုင်း လုပ်ဆောင်နိုင်သလို သုံးရက်လျှင်တစ်ကြိမ်စီ
အထက်ပါနည်းအတိုင်း သတိတရလေးနှင့် တိကျစွာပြန်လည်၍လုပ်ဆောင်ပေးနေခြင်းဖြင့် ယခုနယုန်လအတွင်း ကံကောင်းခြင်းများ ရယူပိုင်ဆိုင်လိုက်ပါခင်ဗျ။

မည်သည့် ငှက်ပျောသီးအမျိုးအစားများနှင့်မဆို ဤယတြာ၌အသုံးပြု၍ ယုံကြည်စွာလုပ်ဆောင်ပေးနိုင်ပါတယ်ဗျ။

နေ့လည်(၁၂)နာရီ မတိုင်မှီ ယတြာလုပ်ဆောင် ထားခြင်းကို ပြန်လည် ချီးမြှင့်ယူပြီး ပိုးပုရွက်စာအဖြစ် စွန့်ပေးလိုက်ပါ။

ဤယတြာကို ယခုနယုန်လ တစ်လတာလုံး၌မည်သည့်နေ့ရက်မှမဆို စတင်၍လုပ်ဆောင်နိုင်ပါသည်။

ဤယတြာအစီအရင်သည် အလွန်အစွမ်းထက်ထိရောက်သောကြောင့် ယုံယုံကြည်ကြည်လုပ်ပါက ယခု နယုန်လတစ်လတာလုံး အတွင်း၌ မိမိသည်အတိုက်အခိုက်အနှောင့်အယှက်များကင်းဝေးစေ၍ စီးပွားလာဘ်ရွှင် သုခ ချမ်းသာခြင်းများ ရရှိပါမည်။

ဆရာဦးမင်းနိုင် နှင့်တကွ သင်ဆရာ၊မြင်ဆရာ၊ကြားဆရာများကို အစဉ် လေးစားဦးခိုက်နေလျက်။

ရေးသားသူ –ဗေဒင်နှင့်အထူးယတြာပေးပညာရှင် ဆရာပေါက်ကျိုင်း

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။