ခုနစ်ရက်သားသမီးများအတွက် 17.9.2023 မှ23.9.2023ထိ တစ်ပတ်စာကံကြမ္မာဟောကိန်း

Astrology
ခုနစ်ရက်သားသမီးများအတွက် 17.9.2023 မှ23.9.2023ထိ တစ်ပတ်စာကံကြမ္မာဟောကိန်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ခုနစ်ရက်သားသမီးများအတွက် 17.9.2023 မှ23.9.2023ထိ တစ်ပတ်စာကံကြမ္မာဟောကိန်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ခုနစ်ရက်သားသမီးများအတွက် 17.9.2023 မှ23.9.2023ထိ တစ်ပတ်စာကံကြမ္မာဟောကိန်း

တနင်္ဂနွေသားသမီး

စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်ပြီးမှ အလိုရှိရာပြည့်စုံမည်။ ဦးတိုက်လိုက်တိုင်း၊ နေရာတိုင်း၌ ရန်အနှောင့်အယှက်များ၊အခက်အခဲများကြုံတွေ့ရမည်။ အတူတကွ ပူးတွဲသူများနှင့်သော်လည်းကောင်း၊ အတွင်းလူများနှင့်သော်လည်းကောင်း စိတ်ဝမ်းကွဲရမည်။ လူအများနှင့် အုပ်စုဖွဲ့လုပ်ဆောင်မူများ အကျိုးမပေး၊ အများနှင့်တစ်ယောက်ပြဿနာဖြစ်တတ်သည်။ နှုတ်ကိုစောင့်စည်းရမည်။ စိတ်ကိုချုပ်တည်းရမည်။

အမှန်အမှားခွဲပြားပြောဆိုနေခြင်းထက် အရာရာကို ဥပေက္ခာပြု၍ နေထိုင်ရမည့်ကာလဖြစ်သည်။ ကိုယ်က မည်မျှမှန်စေ သူတစ်ပါးနှင့်ယှဥ်က ကိုယ့်အမှန်သည်ပင် အမှားဖြစ်သွားတတ်သည်။ စိတ်ကို စိတ်ဆတ်သူအဖြစ်သို့ အလိုအလျောက်ရောက်ရှိမည်။ ငွေကြေးကိစ္စ၊ လုပ်ငန်းကိစ္စ အပြောအဆိုမှန်သမျှ သတိရှိပါ။ ပညာအတတ်ပိုင်းတွင် ထွန်းပေါက်မည်။

ယတြာ – မိမိအိမ်ဘုရားမှာ ဇီးသီးကပ်လှူပါ။

တနင်္လာသားသမီး

အပြောင်းအလဲများဖြစ်ပေါ်မည်။ အခက်အခဲများ ကျော်လွှားနိုင်မည်။ အတိုက်အခံကြားမှ တိုးတက်မည်။ မိမိအား ခုတုံးလုပ်အသုံးချသူများ ရှိနေဆဲဖြစ်သည်။ ပြောရေးဆိုရေးအောင်မြင်မည်။ သြဇာသက်ရောက်မူ အရှိန်မြင့်မားမည်။ မိဘ၊ အကြီးအကဲများ သက်ရှိထင်ရှားရှိက ၄င်းတို့၏ ကျန်းမာရေးအတွက် စိတ်ပူပင်ရမည်။

လုပ်နေသော လုပ်ငန်းများ အဆင်မပြေ။ အခက်အခဲများကြုံခြင်း၊ လုပ်လက်စလုပ်ငန်းဟောင်းများရပ်တန့်၍ လမ်းသစ်ထွင်ရခြင်းမျိုးကြုံမည်။ ငွေကြေးကိစ္စ အလောတကြီး ပြောဆိုဆောင်ရွက်ခြင်း၊ ငွေမြှုပ်နှံခြင်း လုံးဝမပြုရ။ အမှားကြုံတတ်သည်။ အခက်ကြုံတတ်သည်။ မိခင်ကိုယ်တိုင်တွင်လည်းကောင်း၊ မိခင်၏ဆွေမျိုးများတွင်လည်းကောင်း ကျန်းမာရေးချူချာမည်။ အိမ်ရှိ စက်ပစ္စည်းများ အပျက်အစီးရှိမည်။

ယတြာ – သရက်ပင်အောက်တွင် သံပရာရည်သောက်၍ ​ လိုရာဆန္ဒပြုပါ။

အင်္ဂါသားသမီး

အကြံအစည်၊ ရည်ရွယ်ချက်များကို စနစ်တကျလုပ်၍ အောင်မြင်မည်။ ငွေကြေးကိစ္စ၊ စီးပွားကိစ္စများတွင် မည်မျှခက်ခဲစေ တိုးတက်ခြင်း အခိုင်အမာရရှိမည်။ အရပ်ဝေးသို့ သွားရောက်ရခြင်းများကြုံမည်။ တစ်ပါးသူနှင့်မတူသော ရှုထောင့်မှလုပ်ကိုင်ခြင်းဖြင့် အောင်မြင်မှုတိူးတက်မှုရမည်။ စိတ်ကူးကောင်းများ ပေါ်ထွက်နေမည်။

စိတ်မြန်လက်မြန်လုပ်တတ်သည်။ သူတစ်ပါးအပေါ် မှီခိုအားကိုးခြင်းထက် အရာရာကိုယ်ပိုင်မူနှင့်လုပ်ပါ။ တစ်ပါးသူပေးသော အကြံဉာဏ်ထက် ကိုယ်ပိုင်အတွေးအခေါ်ဖြင့် အလုပ်အကြံအစည်များဆောင်ရွက်ပါ။ အမေ၊ အာဘွား၊ အဒေါ် အစရှိသည့် အကြီးအကဲအမျိုးသမီးများ ငွေလက်လွန်ခြင်းအပေါ် လိုက်လံကူညီဖြေရှင်းပေးရမည်။

ယတြာ – မိမိအိမ်ဘုရားတွင်ကြံရည် ကပ်လှူပါ။

ဗုဒ္ဓဟူးသားသမီး

စိတ်ပျံ့လွင့်မည်။ အရေးပါသော ဆုံးဖြတ်ချက်များ ချမှတ်ရမည်။ ကာလရှည်ကြာ ကြိုးပမ်းလုပ်ဆောင်ထားသည်များမှ ကောင်းသောအကျိုးဆက်ရရှိမည်။ ပညာ၊ စာမေးပွဲဖြေဆိုရန်ရှိက ကြိုတင်ပြင်ဆင်ဆောင်ရွက်ကာမှ တော်ရုံကျမည်။ အဖျားအနာရှိတတ်သည်။ မိသားစုတွင် အရေးကြီးသော စာရွက်စာတမ်းကိစ္စ၊ ငွေကြေးကိစ္စများ ပြောဆိုရခြင်းကြုံမည်။

လုပ်ငန်းခွင်မှသူများတွင် အလုပ်အဆင့် တက်လမ်းကြုံမည်။ ရာထူးအဆင့်တက်မည်။ ပြဿနာများခြင်း၊ အနှောင့်အယှက်များခြင်းများ ပြည့်နှက်နေသော နေရာသို့ ရောက်ရှိတာဝန်ယူရခြင်းဖြစ်သည်။ ငွေလက်လွန်မည်။ ပြဿနာဖြစ်တတ်သည်။ (ခြံ၊ ကား၊ အခန်း) စသည့် တနင်္လာနံပစ္စည်းများကြောင့် စိတ်အနှောင့်အယှက်ဖြစ်မည်။ ရောင်းမှား၊ ဝယ်မှား ဖြစ်မည်။ ပညာအတတ်နှင့် တိုးတက်မည်။ အိုးအိမ်ကိစ္စ၊ အလုပ်ကိစ္စနှင့်ပတ်သက်သည်များ ဆောင်ရွက်အောင်မြင်မည်။

ယတြာ – မေမြို့ပန်း ၃ ပွင့်ကို ဘုရားတင်၍ လိုရာဆန္ဒ ပြုပါ။

ကြာသပတေးသားသမီး

အခက်အခဲကြားမှ တိုးတက်မည်။ လုပ်ငန်းဟောင်းများရပ်၍ လုပ်ငန်းသစ်များစတင်ခြင်း၊ အခက်အခဲများကျော်လွှား၍ အောင်မြင်တိုးတက်မှုများကြုံမည်။ အလှူမင်္ဂလာကိစ္စများ ပါဝင်ပတ်သက်ရမည်။ ဆောင်ရွက်ရန် ခက်ခဲသောကိစ္စများကို ကိုယ်စွမ်းကိုယ်စ အပြည့်ဖြင့် ဆောင်ရွက်၍ ဖြေရှင်းတိုးတက်ခြင်းကြုံမည်။

ယာဥ်၊ ရွှေအစရှိသည့်ကိစ္စ၊ နိုင်ငံရပ်ခြားနှင့်ပတ်သက်သောကိစ္စများ ဆောင်ရွက်အောင်မြင်မည်။ အိုးအိမ်ကိစ္စ၊ နေရာထိုင်ခင်းကိစ္စအတွက် စကားပြောဆိုခြင်းများ အောင်မြင်မည်။ လုပ်ရေးကိုင်ရေးများ အဆင်ပြေမည်။ ငွေကြေးကိစ္စမှန်သမျှ သတိနှင်ဆောင်ရွက်ပါ။ အင်္ဂါနံစက်ပစ္စည်းများဝင်မည်။ မိမိအပေါ် အနှောင့်အယှက်၊ ဒုက္ခပေးသော ရန်အပေါင်းကိုကျော်လွှားပြီး တိုးတက်မှုအဆင့်ဆင့်ဖြစ်ထွန်းမည်။

ယတြာ – နှင်းဆီအနီ ၃ပွင့်ကို ပန်းအိုးအဖြူတစ်လုံးတွင် ထည့်၍ လိုရာဆန္ဒပြုပါ။

သောကြာသားသမီး

အခက်အခဲကြားမှ တိုးတက်မည်။ လုပ်ငန်းဟောင်းရပ်၍ လုပ်ငန်းသစ်များစတင်ခြင်း၊ အခက်အခဲများကျော်လွှား၍ အောင်မြင်တိုးတက်မှုများကြုံမည်။ အလှူမင်္ဂလာကိစ္စများ ပါဝင်ပတ်သက်ရမည်။ ဆောင်ရွက်ရန်ခက်ခဲသော ကိစ္စများကို ကိုယ်စွမ်းကိုယ်စအပြည့်ဖြင့် ဆောင်ရွက်၍ ဖြေရှင်းတိုးတက်ခြင်းကြုံမည်။

မြေယာကိစ္စအတွက် စကားပြောရမည်။ စာရွက်စာတမ်းများကို သတိနှင့်ထိန်းသိမ်းပါ။ ငွေကြေးကိစ္စမှန်သမျှ သတိနှင့်ဆောင်ရွက်ပါ။ အင်္ဂါနံစက်ပစ္စည်းများ ဝင်ကိန်းရှိသည်။ ကောင်းသောဝင်ခြင်းများဖြစ်မည်။ မိမိအပေါ် အနှောင့်အယှက်ဒုက္ခပေးသော ရန်အပေါင်းကို ကျော်လွှားပြီး တိုးတက်မှုအဆင့်ဆင့်ဖြစ်ထွန်းမည်။ ခရီးကိစ္စများ ဆောင်ရွက်အဆင်ပြေမည်။ မြေကိစ္စ၊ နေရာထိုင်ခင်းကိစ္စများကို သတိနှင့်ယှဥ်ပြီးလုပ်ကိုင်ပါ။ မိသားစုလုပ်ငန်းကိစ္စများ အောင်မြင်မည်။

ယတြာ – အုန်းရွက် ၁ ရွက်ကို ထုံးတို၍ ၇ ခေါက် ခေါက်ကာ ပိုက်ဆံအိတ်တွင်းထည့်၍ ဆောင်ပါ။

စနေသားသမီး

ရန်အပြိုင်အဆိုင်ကြားမှ တိုးတက်မှုရှာဖွေရမည်။ အသစ်အဆန်းတစ်စုံတစ်ရာလုပ်မည်ဆိုပါက သေချာကျနစွာ အချိန်ယူဆုံးဖြတ်ပြီးမှဆောင်ရွက်ပါ။ ယခုလအတွင်းစတင်လိုက်သည့် ကိစ္စမှန်သမျှသည် ယာယီသာကောင်းသည်။ ရေရှည်တွင် ကောင်းကျိုးပေးခြင်းမရှိပါ။ စီမံကိန်းချပြီးလုပ်ရသောလုပ်ငန်းများ မသင့်တော်ပါ။ အချိန်တိုအတွင်း ဆုံးဖြတ်လုပ်ကိုင်ပါ။

သူတစ်ပါးနှင့် ညီညီညွှတ်ညွှတ် တွဲဖက်လုပ်ကိုင်ရမည်။ လွန်လွန် ကဲကဲ အာမခံခြင်း၊ တာဝန်ယူခြင်းများကို တတ်အားသမျှရှောင်ပါ။ ငွေကြေးနှင့်ပတ်သက်၍ စကားများရမည်။ စက်ပစ္စည်းအဝင်မတော်။ မတော်တဆထိခိုက်မူများ သတိရှိပါ။ အိုးအိမ်နေရာထိုင်ခင်းကိစ္စ ပြောဆိုဆောင်ရွက်မူများတွင် ထူးထူးခြားခြားကောင်းခြင်းရှိမည်။ အတွေးသစ်၊ ရည်ရွယ်ချက်သစ်များကို ဆောင်ရွက်ရန် အချက်အလက် စုဆောင်းသင့်သည်။

ယတြာ – ကောက်ညှင်းပေါင်းနှင့် ဗယာကြော် စားသုံးကာ ကောင်းခြင်းအပေါင်း ခညောင်းစေရန် လိုရာဆန္ဒပြုပါ။

 

ရေးသားသူ –ဆရာမရွှေရုပ်လွှာအကြားအမြင် ဗေဒင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။