အချစ်ရေး၊ အိမ်ထောင်ရေး အဆင်ပြေချင်လျှင်(၁)

Astrology
အချစ်ရေး၊ အိမ်ထောင်ရေး အဆင်ပြေချင်လျှင်(၁)

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အချစ်ရေး၊ အိမ်ထောင်ရေး အဆင်ပြေချင်လျှင်(၁) ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အချစ်ရေး၊ အိမ်ထောင်ရေး အဆင်ပြေချင်လျှင်(၁)

တနင်္ဂနွေ + တနင်္ဂနွေ

အိမ်ဘုရားမှာ အင်ဥ (၃)ပန်းကန် ဒါမှမဟုတ် အုန်း (၆)ညွှန့် ကြိုက်ရာ တစ်မျိုးကို လှူ၍ အချစ်ရေး၊ အိမ်ထောင်ရေး အဆင်ပြေဖို့ ဆုတောင်းပါ။

တနင်္ဂနွေ + တနင်္လာ

အိမ်ဘုရားမှာ အီကြာကွေး (၃)ခု ဒါမှမဟုတ် ကြက်ဥကြော် ကြိုက်ရာ တစ်မျိုးကို (၃)ပန်းကန် လှူ၍ အချစ်ရေး၊ အိမ်ထောင်ရေး အဆင်ပြေဖို့ ဆုတောင်းပါ။

တနင်္ဂနွေ + အင်္ဂါ

အိမ်ဘုရားမှာ အုန်းဆီ (၃)ခွက် ဒါမှမဟုတ် စိမ်းစားဥ ကြိုက်ရာ တစ်မျိုးကို (၃)ပန်းကန် လှူ၍ အချစ်ရေး၊ အိမ်ထောင်ရေး အဆင်ပြေဖို့ ဆုတောင်းပါ။

တနင်္ဂနွေ + ဗုဒ္ဓဟူး

အိမ်ဘုရားမှာ အာလူးကြော် ဒါမှမဟုတ် အာတာလွတ်ကြော် ကြိုက်ရာ တစ်မျိုးကို (၃)ပန်းကန် လှူ၍ အချစ်ရေး၊ အိမ်ထောင်ရေး အဆင်ပြေဖို့ ဆုတောင်းပါ။

တနင်္ဂနွေ + ကြာသပတေး

အိမ်ဘုရားမှာ ပိန်းဥကြော် ဒါမှမဟုတ် ဘဲဥကြော် ကြိုက်ရာ တစ်မျိုးကို (၃)ပန်းကန် လှူ၍ အချစ်ရေး၊ အိမ်ထောင်ရေး အဆင်ပြေဖို့ ဆုတောင်းပါ။

တနင်္ဂနွေ + သောကြာ

အိမ်ဘုရားမှာ အုန်းသီး (၃)စိပ် ဒါမှမဟုတ် သစ်ဥ ကြိုက်ရာ တစ်မျိုးကို (၃)ပန်းကန် လှူ၍ အချစ်ရေး၊ အိမ်ထောင်ရေး အဆင်ပြေဖို့ ဆုတောင်းပါ။

တနင်္ဂနွေ + စနေ

အိမ်ဘုရားမှာ အုန်းနို့ (၃)ခွက် လှူ၍ အချစ်ရေး၊ အိမ်ထောင်ရေး အဆင်ပြေဖို့ ဆုတောင်းပါ။

ပြုလုပ်ရမည့် ရက်နှင့် အချိန်

ရက်နဲ့အချိန်ကတော့ ပြုလုပ်မည့် သူရဲ့ မွေးနေ့မှာ မနက် ၉နာရီ ၄၅မိနစ် အတိမှာ လှူရပါမယ်။ တစ်ချို့သူတွေ ပြောထားတဲ့ အချိန်မှာ အဆင်မပြေလျှင် ပြုလုပ်မည့် သူရဲ့ မွေးနေ့မှာ မနက် ၆နာရီမှ ၇နာရီခွဲ အတွင်း ခုချိန်လဲ အဆင်မပြေလျှင် နေ့လည် ၁၂နာရီ မကျော်ပဲ လှူရပါမယ်။ အပတ်တိုင်း လုပ်ရပါမယ်။ အပတ်တိုင်း လုပ်သွားနိုင်လျှင်တော့ ကောင်းပါတယ်။ နေ့လည် ၁၂ကျော်ပြီး ကြိုက်တဲ့ချိန် စွန့်ပါ။ စားလို့ရတဲ့ အစားများကို စားလို့ရပါတယ်။ ကျန်တာတွေတော့ ကြိုက်သလို စွန့်ပါ။

မှတ်ချက်။ ။ ရာဟုနဲ့ ဗုဒ္ဓဟူး သားသမီးတို့က အတူတူပါပဲ။ မည်သည့် အမျိုးသား၊ အမျိုးသမီး မဆို လုပ်လို့ရပါတယ်။ အမျိုးသမီးများ အနေဖြင့် ကန်တော့ပါ ရာသီလာနေလျှင် မလုပ်ရပါ။ ရာသီလာတဲ့ နေကစပြီး ၅ရက်မြှောက်နေ့ ဒါမှမဟုတ် ၇ရက်မြှောက်နေ့မှ စပြီး ကိုယ်သန့်စင်ပြီးသွားမှ လုပ်လို့ရပါမယ်။

ကျန်တာတွေ ဆက်ပြီး တင်ပေးပါမယ်နော် (၇)ရက် သားသမီးများ စိတ်၏ချမ်းသာ၊ ကိုယ်၏ကျန်းမာခြင်း တို့ဖြင့် ပြည့်စုံကြပါစေ

ရေးသားသူ –ဗေဒင် ဆရာမ အင်ကြင်းမေ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။