မုန်တိုင်းသင့် ပြည်သူတွေကို ကူညီပေးရင်း ဒူးဒဏ်ရာရရှိခဲ့တဲ့ ပရဟိတမင်းသားကြီး “ဝေဠုကျော်”

Celebrity Local News
မုန်တိုင်းသင့် ပြည်သူတွေကို ကူညီပေးရင်း ဒူးဒဏ်ရာရရှိခဲ့တဲ့ ပရဟိတမင်းသားကြီး “ဝေဠုကျော်”

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မုန်တိုင်းသင့် ပြည်သူတွေကို ကူညီပေးရင်း ဒူးဒဏ်ရာရရှိခဲ့တဲ့ ပရဟိတမင်းသားကြီး “ဝေဠုကျော်” ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မုန်တိုင်းသင့် ပြည်သူတွေကို ကူညီပေးရင်း ဒူးဒဏ်ရာရရှိခဲ့တဲ့ ပရဟိတမင်းသားကြီး “ဝေဠုကျော်”

ပရိသတ်အချစ်တော်မင်းသားကြီး အကယ်ဒမီ ဝေဠုကျော်ဟာ မကြာသေးခင်က ဒူးဒဏ်ရာကုသနေတဲ့ ပုံလေးတွေကို သူ့ရဲ့ကိုယ်ပိုင် Facebook Account ကနေ မျှဝေခဲ့ပါတယ်။ ဆက်လက်ပြီး ကိုဝေဠုကျော်ကစိတ်ပူပေးတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်စကားပါ ပြောကြားခဲ့ပါသေးတယ်။ ဝေဠုကျော်ဟာ မိုခါမုန်တိုင်းကြောင့် ပျက်စီး ဆုံးရှုံးမှုများခဲ့တဲ့ ရခိုင်ပြည်နယ်နေရာတချို့မှာ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပြီး ပရဟိတ လုပ်ငန်းတွေကို လုပ်ဆောင်ပေးခဲ့ပါတယ်။

ဝေဠုကျော်ဟာ မေတ္တာအပြည့်နဲ့ အရာသေးသေးလေးတွေကအစ ပင်ပင်ပန်းပန်း လုပ်ဆောင်ပေးခဲ့တာ‌ပဲ ဖြစ်ပါတယ်။ဒါ့ကြောင့်လည်း ဒူးမှာရရှိခဲ့တာဖြစ်ပြီး အများအကျိုးသယ်ပိုးနေရလို့ ဒဏ်ရာကို သေချာဂရုမစိုက်နိုင်ခဲ့ပါဘူး။ မုန်တိုင်းပြီးဆုံးချိန်မှသာ မင်းသားကြီးဟာ သူ့ဒဏ်ရာကို ကုသခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်တွေဟာ ပရဟိတမင်းသားကြီးအတွက်စိုးရိမ်ပူပန်ခဲ့ကြပြီး အမြန်သက်သာစေဖို့ ဆုတောင်းပေးခဲ့ကြပါတယ်။

ဒါ့ကြောင့် ဝေဠုကျော်က သူ့ရဲ့အကောင့်ကနေ ဒဏ်ရာအတွက် စိတ်ပူပေးတဲ့သူတိုင်းနဲ့ ကုသပေးတဲ့သူတိုင်း ကျေးဇူးတင်ကြောင်း၊ဒဏ်ရာကို အများအကျိုးသယ်ပိုးနေရလို့ ဂရုမစိုက်နိုင်ခဲ့ကြောင်းနဲ့ ဒဏ်ရာကမနက်ပေမယ့် ဂရုမစိုက်ဖြစ်တာကြောင့် အခြေအနေဆိုးလာခဲ့တာ ဖြစ်ကြောင်းကို သူ့ကိုစိတ်ပူနေတဲ့ပရိသတ်ကြီးအတွက် ဝေမျှပေးခဲ့ပါတယ်။ ဝေဠုကျော်ဟာ ဆီးချိုရောဂါပါရှိတယ်လို့ သိရပြီး ထိုဒဏ်ရာကို မောင်းတောဆေးရုံမှာ မေးခိုင်ကာကွယ်ဆေးထိုးပြီး ကုသခဲ့တယ်လို့ သိရပါတယ်။အများအကျိုးဆောင်မင်းသားကြီး အမြန်ဆုံးသက်သာပါစေလို့ Myanmarload Media ကနေ ဆုတောင်းပေးလိုက်ရပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။