စာပေသမားတိုင်းချစ်မြတ်နိုးမည့် ဘန်ကောက်မြို့ရဲ့ အလှပဆုံးစာအုပ်ဆိုင်ကြီး

International News Knowledge
စာပေသမားတိုင်းချစ်မြတ်နိုးမည့် ဘန်ကောက်မြို့ရဲ့ အလှပဆုံးစာအုပ်ဆိုင်ကြီး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ စာပေသမားတိုင်းချစ်မြတ်နိုးမည့် ဘန်ကောက်မြို့ရဲ့ အလှပဆုံးစာအုပ်ဆိုင်ကြီး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

စာပေသမားတိုင်းချစ်မြတ်နိုးမည့် ဘန်ကောက်မြို့ရဲ့ အလှပဆုံးစာအုပ်ဆိုင်ကြီး

ဘန်ကောက်မြို့မှာရှိတဲ့ Central Embassy Shopping Centre ကြီးဟာ ထိုင်းနိုင်ငံရဲ့ အကြီးဆုံး လက်လီကုန်တိုက်ကြီးတစ်ခုလည်းဖြစ်ပါတယ်။ယခင်ဗြိတိသျှသံရုံးဥယျာဥ်ထဲမှာ တည်ဆောက်ထားတဲ့ ဒီအဆောက်အဦးရဲ့ ဗိသုကာလက်ရာတွေဟာဆိုရင် ဘန်ကောက်မြို့ရဲ့ မှတ်ကျောက်ထားရမယ့် ဗိသုကာလက်ရာ မှတ်တိုင် တစ်ခုလို့တောင် ပြောလို့ရပါတယ်။

ကမ္ဘာတစ်ဝှမ်းက အနုပညာလက်ရာတွေနဲ့ ဖျော်ဖြေမှုတွေကို လက်ခံကျင်းပပေးနေတဲ့ အလွှာ ၆လွှာပါဝင်တဲ့ ဒီဈေးဝယ်စင်တာကြီးထဲမှာဆိုရင် ဘန်ကောက်မြို့ရဲ့ အလှပဆုံး စာအုပ်ဆိုင်ကြီး တစ်ဆိုင်ဖြစ်တဲ့ “Open House Bookshop by Hardcover”ဆိုတဲ့ဆိုင်ကြီးလည်း တည်ရှိနေပါတယ်။

ဒီစာအုပ်ဆိုင်ကြီးကတော့ စာပေသမားတွေရဲ့နိဗ္ဗာန်ဘုံလို့တောင် တင်စားခေါ်ဝေါ်လို့ရပါတယ်။ စာအုပ်ဆိုင် တစ်ဆိုင်လုံးရဲ့ အပြင်အဆင်၊ ဗိသုကာလက်ရာတွေအားလုံးကို ဂျပန်နိုင်ငံရဲ့ နာမည်ကြီး ဒီဇိုင်နာ Klein Dytham Architect ကနေဖန်တီးပုံဖော်ထားပါတယ်။

ဘန်ကောက်မြို့ရဲ့အလှဆုံးနဲ့အကြီးဆုံးစာအုပ်ဆိုင်ကြီးတစ်ဆိုင်ဖြစ်ရုံသာမကပဲအရှေ့တောင်အာရှမှာလည်း အလှဆုံး စာအုပ်ဆိုင်များထဲကမှ စာရင်းဝင် ဆိုင်တစ်ဆိုင်ဖြစ်ပါတယ်။ Central Embassy Shopping Centre ကြီးရဲ့ အပေါ်ဆုံးထပ် (၆လွှာ) မှာတည်ရှိတဲ့ ဒီစာအုပ်ဆိုင်ကြီးမှာဆိုရင် ရှားပါးတဲ့အနုပညာစာအုပ်တွေ၊မဂ္ဂဇင်းတွေ၊ သာမာန်ဆိုင်တွေမှာရှာလို့မရတဲ့ အနုပညာစာအုပ်ကြီးတွေ၊ ဒီဇိုင်း၊ ဓာတ်ပုံပညာ၊ ခရီးသွား၊ အချက်အပြုတ်၊ ဘဝလူမှုနေထိုင်မှုပုံစံ၊ သမိုင်းကြောင်း စတဲ့ရှားပါးစာအုပ်တွေကို အဓိကထားပြီး ရောင်းချတာ တွေ့ရှိရမှာပါ။

ဒီစာအုပ်ဆိုင်ကြီးရဲ့ အဓိက Concepts မှာပုံနှိပ်နဲ့ စက္ကူနဲ့ပတ်သက်တဲ့ အရာအားလုံးကို အလေးပေး ဂုဏ်ပြု ဖော်ပြထားတာပါ။ စာအုပ်ချုပ်တာ၊ စာအုပ်ဆေးဆိုးတာ စတဲ့ Activity လေးတွေလုပ်ဖို့လည်း Workshop လေးတွေထားပေးထားပါတယ်။

စာအုပ်တွေကိုခင်းကျင်းတဲ့နေရာမှာလည်း သာမာန်စာအုပ်ဆိုင်တွေနဲ့မတူပဲ စာအုပ်အမျိုးအစားအလိုက် ပေးနိုင်တဲ့ ရသ၊ ခံစားချက် ပေါ်ကိုမူတည်ပြီး အခင်အကျင်းပုံစံမှာလည်း စာဖတ်သူတို့ရဲ့ စိတ်နှလုံးကို ဆွဲဆောင်နိုင်အောင် ခင်းကျင်းပြသထားတဲ့ ဟန်ချက်ညီညီ Display မျိုးကို တွေ့ရှိရမှာပါ။ စာအုပ်စင်တွေပေါ်အလှဆင်ထားတဲ့မီးအလင်းအမှောင်တွေကအစအလွန်လှပပြီးလိုက်ဖက်လှပါတယ်။

စာအုပ်စင်တွေရဲ့ အကန့်တိုင်းမှာ ထိုင်စရာခုံလေးတွေပါ ပေးထားတဲ့အတွက် တစ်ခါတည်းစာအုပ်တွေကို မြည်းစမ်းဖတ်ရှုနိုင်ပါတယ်။ စာအုပ်ဆိုင်ကြီးရဲ့ အလယ်ခေါင်မှာ “The White Tower”လို့ခေါ်တဲ့ အနုပညာ တာဝါကြီးတစ်ခုလည်း ထားရှိပေးထားပါတယ်။ ဒီ White Tower မှာဆိုရင် ပြခန်းအသေးစားလေးတစ်ခုပါရှိပြီး သစ်ပင်တွေနဲ့ဝန်းရံထားတဲ့ ရှုမျှော်ခင်းပုံစံမျိုးနဲ့အလှဆင်ထားပါတယ်။ အနုပညာနဲ့ပြပွဲများပြုလုပ်ရန်အတွက် ဖန်တီးထားတဲ့ နေရာတစ်ခုဖြစ်ပြီး လတိုင်းမှာ မတူညီတဲ့ အနုပညာပြပွဲတွေကျင်းပလျှက်ရှိပါတယ်။

ဒီ Open House မှာဆိုရင် စာအုပ်တွေသာရောင်းချတာမဟုတ်ပဲ ကလေးကစားကွင်း၊ ကလေးတွေဆော့ကစား ဖို့အတွက် ပြုလုပ်ပေးထားတဲ့ ကစားစရာအမျိုးမျိုး နဲ့ မိသားစုတွေ ပျော်ပျော်ပါးပါးစားသောက်နိုင်တဲ့ စားသောက်ဆိုင်တွေပါ ရှိတဲ့အတွက် မိသားစုလိုက် လာရောက်မယ်ဆိုလည်း အထူးသင့်တော်ပါတယ်။

ဒါ့အပြင်တစ်ဦးတည်းအေးအေးဆေးဆေးစာလုပ်ချင်တဲ့သူတွေအတွက်လည်းနေရာထိုင်ခင်းတွေရှိသလို၊အလုပ်တွေ၊ အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေအနေနဲ့ အဖွဲ့လိုက် အစည်းအဝေးလုပ်ဖို့အတွက်လည်း တိတ်ဆိတ် ငြိမ်သက်ပြီး လျှို့ဝှက်နေရာလို့ ပြောလို့ရတဲ့ စာအုပ်စင်ကြီးတွေရဲ့ နောက်ဖက်မှာ မှန်လုံအိမ်အစည်းအဝေးခန်းမ ကြီးလည်းတည်ရှိပါတယ်။

ရေးသားသူ –crd

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။