အနည်းဆုံး လူ ၄ ဦး thayဆုံးခဲ့ပြီးနောက် အဖုံးဖွင့်ထားတဲ့ အခေါင်းနားကပ်ပြီး အချိန်ကြာရှည်စွာ မနေကြဖို့ ဂျပန်နိုင်ငံမှာ သတိပေးထား

International News
အနည်းဆုံး လူ ၄ ဦး thayဆုံးခဲ့ပြီးနောက် အဖုံးဖွင့်ထားတဲ့ အခေါင်းနားကပ်ပြီး အချိန်ကြာရှည်စွာ မနေကြဖို့ ဂျပန်နိုင်ငံမှာ သတိပေးထား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အနည်းဆုံး လူ ၄ ဦး thayဆုံးခဲ့ပြီးနောက် အဖုံးဖွင့်ထားတဲ့ အခေါင်းနားကပ်ပြီး အချိန်ကြာရှည်စွာ မနေကြဖို့ ဂျပန်နိုင်ငံမှာ သတိပေးထား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အနည်းဆုံး လူ ၄ ဦး thayဆုံးခဲ့ပြီးနောက် အဖုံးဖွင့်ထားတဲ့ အခေါင်းနားကပ်ပြီး အချိန်ကြာရှည်စွာ မနေကြဖို့ ဂျပန်နိုင်ငံမှာ သတိပေးထား

ဂျပန်မှာ အလောင်းတွေ မပုပ်သိုးအောင် ရေခဲခြောက်ကို အသုံးပြုလေ့ရှိတယ်။ အဲဒီရေခဲခြောက်ကနေ ထွက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့တွေ ရှူသွင်းမိပြီး ဂျပန်မှာ အနည်းဆုံး လူ ၄ ယောက် thayဆုံးခဲ့တယ်။ အဲဒီနောက်မှာတော့ အဖုံးဖွင့်ထားတဲ့ အခေါင်းတွေနား သိပ်မကပ်ကြဖို့ အစိုးရဌာနတွေက သတိပေးချက် ထုတ်ပြန်ခဲ့ရပါတယ်။

thayဆုံးသူတွေဟာ အသက် ၄၀ နှစ် ကနေ ၇၀ နှစ် ကြားအရွယ်ရှိပြီး thayဆုံးသူ (သူတို့ဆွေမျိုးသားချင်း)တွေရဲ့ အခေါင်းနားမှာ အချိန်ကြာမြင့်စွာ ရပ်နေခဲ့ကြတာလို့ Yomiuri Shimbun သတင်းစာက ဖော်ပြပါတယ်။ အခုthayဆုံးခဲ့သူတွေဟာ ၂၀၁၈ ခုနှစ်၊ ၂၀၂၀ ခုနှစ်နဲ့ ၂၀၂၁ ခုနှစ်တွေမှာ thayဆုံးခဲ့တာဖြစ်ပါတယ်။

ရေခဲခြောက်ဆိုတာ ကာဗွန်ဒိုင်အောက်ဆိုက်ကို ခဲထားတာပါ။ CO2 ဟာ ပုံမှန်အားဖြင့် အရောင်အဆင်းမရှိ၊ အနံ့မရှိပါဘူး။ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ၃ ရာခိုင်နှုန်းကနေ ၄ ရာခိုင်နှုန်းကို ရှူသွင်းမိရင် ခေါင်းကိုက်တာ၊ မူးဝေတာ စတဲ့ ရောဂါလက္ခဏာတွေ ခံစားရနိုင်ပြီး ၁၀ ရာခိုင်နှုန်းအထိ ရှူသွင်းမိရင်တော့ အမြင်အာရုံ ချို့တဲ့တာ၊ အကြားအာရုံ ထိခိုက်စေကာ တစ်မိနစ်အတွင်း thayဆုံးစေနိုင်ပါတယ်။

ဒါကြောင့် နာရေး လိုက်ပါပို့ဆောင်သူတွေအနေနဲ့ အဖုံးဖွင့်ထားတဲ့ အခေါင်းနားကို ကပ်ပြီး အချိန်ကြာရှည်စွာ မနေကြဖို့ သတိပေးထားပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။