ဖုန်းရွှေယတြာမှာပါတဲ့ ဆည်းလည်းတွေအကြောင်း

Astrology
ဖုန်းရွှေယတြာမှာပါတဲ့ ဆည်းလည်းတွေအကြောင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဖုန်းရွှေယတြာမှာပါတဲ့ ဆည်းလည်းတွေအကြောင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဖုန်းရွှေယတြာမှာပါတဲ့ ဆည်းလည်းတွေအကြောင်း

ဖုန်းရွှေ အစီအရင်တစ်ခုဟာ သင့်အိမ်အား ကြီးပွားတိုးတတ်စေနိုင်ပါတယ် ။လေတိုက်တိုင်း လူပ်ရှားပြီး ၊ သာယာတဲ့အသံလေးတွေ ထွက်ပေါ်လာစေတတ်တဲ့ ခေါင်းလောင်း လေးတွေ ဆည်လည်းလေးတွေကို နေအိမ်မှာ ချိတ်ဆွဲထားတာဟာလည်း ဖုန်းရွှေယတြာလို့ပြောရမှာပါ ။

သာယာကြည်မြတဲ့ အသံတွေဟာ ကောင်းတဲ့ ကောင်းကင်ချီတွေကို သယ်ဆောင်ပေးတယ်လို့ ဖုန်းရွှေမှာဆိုထားပါတယ် ။ နေအိမ်ထဲမှာ အသံချိုချိုလေးတွေမြည်စေတတ်တဲ့ ဆည်းလည်းလေးတွေ ချိတ်ဆွဲထားတာဟာ ကောင်းတဲ့ကမ္ဘာမြေပြင်ချီတွေကို အိမ်ထဲကိုဝင်စေဖို့ ဖန်းတီးပေးပါတယ် ။

ကြေးနီ ၊ ကြေးဝါတွေနဲ့ လုပ်ထားတဲ့ ပြွန်ချောင်းရှည်လေးတွေကို ‘ဆည်းလည်း’ လို့ခေါ်ပါတယ် ။ လေတိုက်လို့ ဆည်းလည်းက “ချွင်ချွင်” မြည်သံတွေဟာအိမ်သူအိမ်သားတွေရဲ့ သောတပသာဒကို အေးမြစေပါတယ် ။ကောင်းတဲ့ ကမ္ဘာမြေပြင်ချီ ဓာတ်တွေကို လည်းပျံ့နှံစေတယ် ။

ဒါကြောင့် အိမ်အဝင်အဝ တံခါးမကြီးတွေမှာ ‘ဆည်းလည်း’ တွေ ချိတ်ဆွဲထားရမယ်လို့ ဖုန်းရွှေပညာမှာ ဆိုထားပါတယ် ။ သတ္ထုတွေနဲ့ အလှဆင် ဖန်တီးထားတဲ့ ဆည်းလည်း ၊ ခေါင်းလောင်း စတာတွေဟာ သတ္ထုဓာတ်ကို ဖြစ်တည်စေတဲ့ အရာတွေပါ ။ ဒါ့အပြင် ဆည်းလည်းတွေ ၊ ခေါင်းလောင်းတွေဟာ လေနဲ့ ဆက်သွယ်နေတဲ့ အတွက် သင့်အိမ်၊ အိပ်ခန်းထဲကို ချီဓာတ်တွေ ရောက်ရှိလာစေနိုင်ပါတယ် ။

သင့်အိမ်ဂေဟာတွင် စီးပွားလာဘ်လာဘ တိုးတက်အောင်၊ အန္တရာယ်ကင်းအောင် ဖုန်းရွှေအစီအရင်အတိုင်း လုပ်ဆောင်လို့ရပါတယ် ။

ရေးသားသူ – မင်းသိင်္ခ ဗေဒင်ပို့စ် မှ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။