နှလုံးလမ်းမှာကျွန်းပါသူတွေအကြောင်း…

Astrology
နှလုံးလမ်းမှာကျွန်းပါသူတွေအကြောင်း…

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နှလုံးလမ်းမှာကျွန်းပါသူတွေအကြောင်း… ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

နှလုံးလမ်းမှာကျွန်းပါသူတွေအကြောင်း…
တနဂ်နွေဂြိုဟ်ခုံအောက်နှလုံးလမ်းမှာကျွန်းပါသူတွေအကြောင်း…

မိတ်ဆွေတို့အနေနဲ့ ပုံပါအတိုင်းတနဂ်နွေဂြိုဟ်ခုံအောက်နား နှလုံးလမ်းတွင် ကျွန်းပါနေမယ်ဆိုရင် မကောင်းဘူးလို့ပြောရမယ်…ဒီကျွန်းဟာ မေတ္တာရေးအညံ့နဲ့ ကျန်းမာရေးထိကိုဖော်ပြပေးနေတာဖြစ်ပါတယ်..အညံ့ဘက်ကိုပိုပြီးပေးပါတယ်…
လေ့လာသူများအနေနဲ့ အဓိက မှတ်ထားရမှာက ပုံထဲကအတိုင်း ကျွန်းပါသူတွေဆိုရင် ထိုသူတွေဟာ ဘဝမှာ စိတ်ညစ်စရာ စိတ်သောကရောက်ရမယ့်သူတွေလို့ပြပါတယ်…မေတ္တာရေး၊အချစ်ရေးနဲ့အိမ်ထောင်ရေးမှာ အတားအဆီး နဲ့ အနှောင့်အယှက်ကြုံရမယ်လို့ပြပါတယ်…အချစ်ရေးကံခေတတ်တယ်…အသည်းကွဲခံစားရတဲ့အထိကြုံရတတ်ပါတယ်….

နောက်ပြီးတော့ တနဂ်နွေဂြိုဟ်ခုံအောက်မှာ ကျွန်းကရှိနေတာကြောင့် ထိုလက္ခဏာရှင်ဟာ ကျန်းမာရေးအပိုင်းနဲ့ပတ်သက်ရင် မွေးရာပါနှလုံးအားနည်းမှုကြုံရတတ်တယ်…နှလုံး၊သွေးတိုးနဲ့ မျက်လုံးပတ်သက်ပြီး ကျန်းမာရေးအဓိကအညံ့ကြူံရမယ်လို့ပြပေးတာဖြစ်ပါတယ်…

ဒါကြောင့် ပုံပါအတိုင်းပါရှိနေမယ်ဆိုရင် လက္ခဏာရှင်အနေနဲ့ ရောဂါလက္ခဏာပြလာတာနဲ့ ဆေးရုံ၊ဆေးခန်းမှာ နားလည်တတ်ကျွမ်းတဲ့ ဆရာ၊ဆရာမ များနဲ့အကောင်းဆုံးဆေးကုသမှုကိုကြိုတင်ခံယူပေးထားသင့်တယ်လို့အကြံပြုပေးလိုက်ပါတယ်..
ကောင်းမှုများများလဲ လုပ်ဆောင်ပေးပါ…

( မှတ်ချက်)ပုံပါအတိုင်းပါသူတွေကိုသတိထားပြီးပြုပြင်နိုင်ဖို့မျှဝေပေးတာပါ…ကျွန်းကြီးရင်ကြီးသလိုပိုပြီးအညံ့ကြုံရနိုင်ပါတယ်…ဒါကြောင့်အဆိုးအညံ့သိရအောင်မျှဝေပေးလိုက်ပါတယ်…

လက္ခဏာလေ့လာသူတွေနဲ့ဝါသနာပါသူများအတွက်..ဗဟုသုတရရှိအောင်လို့ အနည်းငယ်မျှဝေပေးလိုက်ပါတယ်…စာဖတ်ပေးကြလို့ ကျေးဇူးတင်ပါတယ်…

ကျေးဇူးရှင်များနဲ့ခုနှစ်ရက်သားသမီးများကျန်းမာချမ်းသာကြပါစေ…
ကြုံတွေ့နေရသောအခက်ခဲများကောင်းစွာကျော်ဖြတ်နိုင်ကြပါစေ

ရေးသားသူ –Htet Paing

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။