၇၄ နှစ်အရွယ် အဘိုးအိုက မီးလောင်နေတဲ့ ဧည့်ရိပ်သာထဲမှ အမျိုးသမီးကို ကယ်တင်

International News
၇၄ နှစ်အရွယ် အဘိုးအိုက မီးလောင်နေတဲ့ ဧည့်ရိပ်သာထဲမှ အမျိုးသမီးကို ကယ်တင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၇၄ နှစ်အရွယ် အဘိုးအိုက မီးလောင်နေတဲ့ ဧည့်ရိပ်သာထဲမှ အမျိုးသမီးကို ကယ်တင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၇၄ နှစ်အရွယ် အဘိုးအိုက မီးလောင်နေတဲ့ ဧည့်ရိပ်သာထဲမှ အမျိုးသမီးကို ကယ်တင်

မီးလောင်နေတဲ့ ဧည့်ရိပ်သာထဲမှ အမျိုးသမီးတစ်ဦးကို ကယ်တင်ပေးနိုင်ခဲ့တဲ့ အသက် ၇၄ နှစ်အရွယ် အဘိုးအိုဟာ သူရဲကောင်းအဖြစ် ချီးကျူးခံခဲ့ရပါတယ်။ အဘိုးအို ဂရက်စပိုက်ဟာ နံနက်ခင်း အပြေးလေ့ကျင့်ခန်း လုပ်နေရင်း ဧည့်ရိပ်သာထဲကနေ မီးခိုးတွေ ထွက်နေတာ တွေ့ခဲ့တာပါ။

သူက ပြေးနေရင်း ဖုန်းနဲ့ ဗီဒီယိုရိုက်နေတုန်း အမျိုးသမီးတစ်ယောက် အော်ဟစ် အကူအညီတောင်းနေသံ ကြားခဲ့ပါတယ်။ စတေစီဟာ သူ့မိသားစုဆီ အလည်လာရင်း ဧည့်ရိပ်သာမှာ တည်းခိုနေစဉ် အခုလို မီးလောင်မှုနဲ့ ကြုံခဲ့တာပါ။

” အခန်းတံခါးဖွင့်လိုက်တော့ လျှောက်လမ်းတစ်ခုလုံး မီးခိုးတွေဖုံးနေတယ်။ လသာဆောင်ကို ထွက်လိုက်တော့ ဘေးအခန်းက မီးလောင်နေမှန်း သိပြီး လန့်သွားတာပေါ့။ အဲဒီမှာ ဂရက်စပိုက်ကို လှမ်းတွေ့လိုက်တာပါ။ သူက ကျွန်မကို ခုန်ချလိုက်၊ သူ လှမ်းဖမ်းပေးမယ်လို့ ပြောတယ်။ အဲဒါနဲ့ ကျွန်မလည်း ခုန်ချလိုက်တာ” လို့ စတေစီက ဆိုပါတယ်။

ဂရက်စပိုက်ဟာ စတေစီကို ကယ်တင်ပေးခဲ့ပြီးနောက် ကြောက်စိတ်ပြေအောင် နှစ်သိမ့်အားပေးခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ အော်ရီဂွန်ပြည်နယ်၊ ယူဂျင်းမြို့မှာ ဖြစ်ပွားခဲ့တာပါ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

 

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။