“လိုရာသုံး ပုတီးစိပ်နည်း”

Astrology Religion
“လိုရာသုံး ပုတီးစိပ်နည်း”

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ “လိုရာသုံး ပုတီးစိပ်နည်း” ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

“လိုရာသုံး ပုတီးစိပ်နည်း”

၁။ ဘုန်းကျက်သရေ တိုးတက်လိုလျှင်
“သောဘဂဝါ ဣတိပိ အရဟံ”ကို
ပုတီးစိပ်၍ပွားများပါ။

၂။ အကြံကောင်း ဥာဏ်ကောင်း
ပေါ်စေလိုလျှင် “သောဘဂဝါ
ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ”ကို
ပုတီးစိပ်၍ပွားများပါ။

၃။ အကြံဟူသမျှ အောင်စေလိုလျှင်
“သောဘဂဝါ ဣတိပိ ဝိဇ္ဇာ
စရဏသမ္ပန္နော”ကို
ပုတီးစိပ်၍ပွားများပါ။

ဒီလအတွက်ထီကံကောင်းစေဖို့ အဓိဋ္ဌာန် ပုတီးစိပ်နည်း - Achawlaymyar

၄။ ပြောသမျှ စကားအောင်မြင်စေလိုလျှင်
“သောဘဂဝါ ဣတိပိ သုဂတော”ကို
ပုတီးစိပ်၍ပွားများပါ။

၅။ ထင်ပေါ်ကျော်ဇောလိုလျှင်
“သောဘဂဝါ ဣတိပိ လောကဝိဒူ”ကို
ပုတီးစိပ်၍ပွားများပါ။

၆။ လူ ၊ နတ် ၊ တိရစ္ဆာန် ချစ်လိုလျှင်
“သောဘဂဝါ ဣတိပိ အနုတ္တရော
ပုရိသ ဓမ္မသာရထိ”ကို
ပုတီးစိပ်၍ပွားများပါ။

၇။ သူတစ်ပါးတို့၏အလိုဆန္ဒကို
ဖြည့်စွမ်း ကယ်ဆယ်လိုလျှင်
“သောဘဂဝါ ဣတိပိ သတ္တာဒေဝ
မနုဿနံ”ကို ပုတီးစိပ်၍ပွားများပါ။

၈။ လောကုတ္တရာ သမာဓိမှော်ကဲ့သို့
အရာရာမှာ ကြံဆ၍ သိလိုလျှင်
“သောဘဂဝါ ဣတိပိ ဗုဒ္ဓေါ”ကို
ပုတီးစိပ်၍ပွားများပါ။

၉။ သူတစ်ပါးတို့ မတုဝံ့ မပြိုင်ဝံ့
ကြောက်ရွံ့စေလိုလျှင်
“သောဘဂဝါ ဣတိပိ ဘဂဝါ”ကို
ပုတီးစိပ်၍ ပွားများပါ။

ဤဂုဏ်တော်များကို ထုံနေအောင်
ပုတီးစိပ်ထားခြင်းဖြင့် ဂုဏ်တော်
တစ်ပါးချင်းစီရဲ့ အကျိုးကျေးဇူးများ
ခံစားနိုင်ကြပါစေ။

မိမိတို့ကိုယ်တိုင် ပုတီးစိပ်ပွားများနိုင်သော
ပုံစံများဖြင့် (၇)ရက် ၊ (၁၈)ရက်၊ ရက် (၃၀)၊
(၄၉)ရက် ။ (၉)ပတ် ၊ (၁၈)ပတ်၊ သက်စေ့
စသည်ဖြင့် မိမိတို့ကိုယ်တိုင် ရွေးချယ်၍
ပွားများနိုင်သည်။

[ ဓမ္မဒါနပြုပါသည် ]

ရေးသားသူ –ဇာဇာဗေဒင်/ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။