ရှစ်ဂဏန်းသမားများအကြောင်း

Astrology
ရှစ်ဂဏန်းသမားများအကြောင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရှစ်ဂဏန်းသမားများအကြောင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရှစ်ဂဏန်းသမားများအကြောင်း

အင်္ဂလိပ်မွေးနေ့ 8 . 17 . 26 နေ့မွေးသူများ အားလုံး (8)ဂဏန်းသမား များဖြစ်ကြပါတယ်….(8)ဂဏန်းဟာ(1)ကနေ (9)အတွင်းမှာ ရှိတဲ့ ဂဏန်းထဲမှာ အတော် စွမ်းအားထက်မြက်တဲ့ ဂဏန်းတစ်ခုလို့ ဆိုရမယ်ဗျ။ သူဟာ စနေဂြိုဟ် (Satan)ရဲ့ အမှတ်အသား သင်္ကေတဖြစ်ပြီး ရှေးဟောင်း ဂရိ ဒဏ္ဍာရီတွေမှာရော၊ ခေတ်သစ် ခရစ်ယာန် ဘာသာမှာရော မကောင်းတဲ့ “နတ်ဆိုး” “မာန်နတ်” အဖြစ် သတ်မှတ်ကြတယ်ဗျ။

(8)ဂဏန်းဟာ (4)ဂဏန်းနဲ့ ကမ္ဘာရန်လို့ ဆိုရမယ်။ သူတို့ နှစ်ဦးတွေ့တိုင်း ပြင်းထန်တဲ့
ဘေးဒုက္ခတွေ ဖြစ်တတ်တာကို သချာၤဗေဒ ပညာရှင်တွေဟာ အတော်ကို လေးလေးနက်နက် ယုံကြည်ကြတယ်ဗျ။ ဒီဂဏန်း (၂)ခုဟာ မတည့်ကြပေမယ့် တစ်ခုနဲ့တစ်ခု ဆွဲအားတော့ အတော်ပြင်းထန်တယ် ဆိုရမယ်ဗျ။ ဘာကြောင့်လဲ ဆိုရင် လင်မယားစုံတွဲ အတော်များများကို လေ့လာကြည့်တဲ့အခါ (4)ဂဏန်းသမား နဲ့ (8)ဂဏန်း သမားတွေ ရကြတာ တော်တော်များတယ်။ ရပြီးတော့လည်း မတည့်ကြဘူး။ အဆင်မသင့်ရင် ကွဲကြပြန်ရော။

(8)ဂဏန်းသမားတွေထဲမှာ လူကောင်းတွေ၊ လူ့လောကကြီးကို အကျိုးပြုသူတွေ အများကြီးပါ။ (8)ဂဏန်းသမားတွေဟာ ခက်ခဲကြမ်းတမ်းတဲ့ ဘဝတွေကို ဖြတ်သန်းရပေမယ့် သူများတွေကို ဒုက္ခပေးတဲ့လူတွေလို့ တော့ သတ်မှတ်လို့ မရပြန် ဘူးဗျ။ အထူးသဖြင့် (17)ရက်မှာ မွေးတဲ့ (8)ဂဏန်းသမားတွေဟာဆိုရင် စိတ်ထားနူးညံ့ကြပြီး လူ့လောကကို အကျိုးပြုသူတွေ ၊ အေးအေးချမ်းချမ်း နေတတ်ကြသူတွေ များတာ ကို တွေ့ရတယ်။

(8)ဂဏန်းသမားတွေရဲ့ စရိုက်လက္ခဏာများ

(8)ဂဏန်းသမားတွေဟာ ငယ်စဉ်ဘဝမှာ လောကဓံများခဲ့ကြသူတွေများပြီး ဒုတိယ၊ တတိယ အရွယ်မှာ ကောင်းစားကြတာ များတယ်ဗျ။ သူတို့ဟာ ဘဝမှာ နေရာကောင်းတစ်ခုရဖို့ အခက်အခဲပေါင်းများစွာ၊ ဒုက္ခပေါင်းများစွာကို အရင်းတည်ပြီးမှ ရလာကြသူတွေများတယ်။ ရွှေဇွန်းကိုက်မွေးလာသူတွေ ရှိကောင်းရှိပေမယ့် အလွန်နည်းပါတယ်။ သူတို့ဟာ ဇွဲကောင်း၊ သတ္တိကောင်းသူတွေဖြစ်ပြီး ဝီရိယလည်း ကောင်းတတ်ကြတယ်။ လောကဓံတရားကို ခံနိုင်ရည် ရှိသူတွေဖြစ်ကြတယ်။

ဂဏန်းသမားတွေဟာ အခက်အခဲ ပြဿနာတွေနဲ့တွေ့ရင် နောက်ဆုတ်ပြေးလေ့မရှိဘဲ ရင်ဆိုင် ဖြေရှင်းလေ့ ရှိသူတွေ ဖြစ်တယ်။ သူတို့ရဲ့ မဆုတ်မနစ်တဲ့ ဇွဲလုံ့လကြောင့် နောက်ဆုံးမှာ အောင်ပွဲခံရတာများတယ်။ လုံး၀ သုံညဘဝမျိုး ရောက်သွားရင်တောင်မှ မီးလျှံငှက် (Phoenix) လို ပြာပုံထဲက ပြန်ရှင်သန်လာနိုင်သူတွေဖြစ်တယ်။ (26)ရက်နေ့မှာ မွေးတဲ့ တရုပ်နိုင်ငံရဲ့ ခေါင်းဆောင်ကြီး “မော်စီတုန်း” ဆိုရင် “ချန်ကေရှိတ်” ရဲ့ တိုက်ခိုက်မှုတွေကို မခံနိုင်တော့လို့ မြောက်ပိုင်း မိုင် (5000)ခရီး အထိဆုတ်ခွာပြေးခဲ့ရပေမယ့် နောက်ဆုံးမှာတော့ တရုပ်ပြည်ကြီးကို ပြန်လည် သိမ်းပိုက် နိုင်တဲ့ ဇွဲနဘဲက (8)ဂဏန်းသမားတွေရဲ့ သတ္တိဘဲဗျ။

= (8)ဂဏန်းသမားမှန်ရင် ဘဝကို ကိုယ့်ဘဝကိုယ် တည်ဆောက်နေတတ်ကြသူ၊ ကိုယ့်ဂုဏ်သိက္ခာကို တန်ဖိုးထားသူတွေ များတယ်ဗျ။ သူတို့ဟာ အသောက်အစား၊ အပျော်အပါးတွေကို သိပ်ခုံမင်လေ့မရှိဘဲ အလုပ်ကို ပိုပြီး ဦးစားပေးတတ်ကြသူများ ဖြစ်တယ်။ အပျော်အပါးရှိသင့်သလောက်တော့ ရှိမှာပေါ့ဗျာ။ ဒါပေမယ့် သူတို့ ခေါင်းထဲမှာ စွဲဝင်နေတာကတော့ “အလုပ် နှင့် အောင်မြင်ကြီးပွားရေးသာ ဖြစ်ပါတယ်။

သူတို့ဟာ လက်တွေ့ကျသူများဖြစ်ပြီး စိတ်ကူးယဉ်တတ် ကြသူများမဟုတ်ဘူး။ လောကကြီးမှာ ကိုယ်လိုချင်တာရဖို့ တန်ရာတန်ကြေးပေးရမယ်ဆိုတဲ့ သဘောတရားကို ယုံကြည်ကြသူများဖြစ်တယ်။ အချောင်လမ်းစဉ်လိုက်သူ နည်းပါးတယ်။
= (8)ဂဏန်းသမားအတော်များများဟာ ကပ်စေးနဲ ချွေတာ တတ်ကြသူများဖြစ်ပြီး ငွေကြေးကို အလဟသ သုံးဖြုန်းပစ်လေ့မရှိတတ်ကြဘူး။ သူတို့ သုံးစွဲရင်လည်း “ထောင်မြင်၊ ရာစွန့်” သဘောမျိုး စွန့်လွှတ်တာမျိုးဖြစ်တတ်တယ်။

ဒါပေမယ့် သူတို့ သဒ္ဓါရက်ရောမိပြီ ဆိုရင်တော့ လုံးဝမငဲ့ကွက်ဘဲ လှူဒါန်း တတ်ကြတဲ့သူတွေဖြစ်တယ်ဗျ။ အမေရိကန် ရေနံသူဌေးကြီး “ဂျွန်ဒီရောက်ဖဲလား” ဆိုရင် ကပ်စေးနဲတဲ့နေရာမှာ အလွန်နာမည်ကြီးပေမယ့် သူမthayခင်မှာ “ရောက်ဖဲလားဖောင်ဒေးရှင်း” ဆိုတဲ့ အဖွဲ့ကြီးကို ဒေါ်လာ သန်းရာနဲ့ ချီပြီးတည်ထောင်ခဲ့တယ်။ အဲဒီဖောင်ဒေးရှင်းဟာ ဆေးဝါး ထုတ်လုပ်ရေးနဲ့ သုတေသန အတွက်ဖြစ်ပြီး ဒီအဖွဲ့ရဲ့ ကျေးဇူးကြောင့် လူ့အသက် သန်းပေါင်းများစွာကို ကယ်တင် နိုင် ခဲ့တဲ့ သာဓကတွေရှိတယ်ဗျ။

ရှစ်ဂဏန်းသမားအတော်များများဟာ သူများကို ဒုက္ခမပေးတတ်ကြတာများပေမယ့် သူတို့ကို ဒုက္ခပေးလာသူများကိုတော့ ပြန်ပြီး လက်စားချေရမှ ကျေနပ် သူများဖြစ်တယ်။ သွေးအေးအေး၊ ခေါင်းအေးအေးနဲ့ စနစ်တကျ အကွက်ချပြီး တန်ပြန် ထိုးနှက်တတ်ကြတယ်။

သူတို့ဟာ နဲနဲတော့ ပေါင်းဖို့သင်းဖို့ ခက်ခဲသူတွေဖြစ်တတ်တယ်။ လူ့ဂွစာတွေလည်း ပါတတ်တယ်။ အကြောင်းသိသွားရင်တော့ အလွန်ပေါင်းလို့ သင်းလို့ ကောင်းတဲ့သူတွေ ဖြစ်တယ်။ ကိုယ့်မိတ်ဆွေကောင်းတွေအပေါ်မှာ သစ္စာရှိတတ်ကြသူများဖြစ်တယ်။
= (8)ဂဏန်းသမားတွေဟာ ထိပ်ဆုံးကို ရောက်လာရင် လွယ်လွယ်နဲ့ ပြန်လည် ကျဆုံးသွားဖို့ မလွယ်လှဘူး။ ဒီနေရာမှာ တော့ (4)ဂဏန်းသမားတွေနဲ့ ဆန့်ကျင် ဘက်ဘဲ။ (4)ဂဏန်းသမားတွေက “ကနေ့သူဌေး၊ မနက်ဖြန်ခွေး” ဆိုတာမျိုး မကြာခဏဖြစ်တတ်တယ်။

သူတို့တစ်တွေဟာ လူကြည့်ရင် သိပ်အထင်ကြီးစရာမရှိပေမယ့် အလွန်လိမ္မာပါးနပ်ကြသူများဖြစ်တယ်။ ရှေ့ရေးကို ကြိုတင် သိမြင်တတ်ပြီး အနာဂါတ်မှာ ဖြစ်လာမှာ တွေကို တွက်ချက်တဲ့ နေရာမှာ အလွန်တော်သူတွေဖြစ်တယ်။

(8)ဂဏန်းသမားတွေရဲ့ အိမ်ထောင်ရေး၊ အချစ်ရေး

(8)ဂဏန်းသမားတွေဟာ အချစ်ရေး နဲ့ အိမ်ထောင်ရေးမှာ အေးစက်စက် နိုင်ကြသူများဖြစ်တတ်တယ်။ သူတို့ဟာ သူတို့အချစ်ကို ပွင့်ပွင့်လင်းလင်း ဖော်ထုတ် ပြသလေ့မရှိတတ်ကြဘူး။ အချစ်ရေး အိမ်ထောင်ရေးတွေမှာ သစ္စာရှိတတ် ကြသူများဖြစ်တယ်။ ဒါပေမယ့် (26)ရက်ဖွား တွေ ကျတော့ သစ္စာတရား သိပ်တန်ဖိုးမထားတတ်ကြ ပြန်ဘူးဗျ။ ဒါပေမယ့် အိမ်ထောင့်ဝတ္တရားတော့ ကျေပွန်ကြတဲ့ သူတွေဖြစ်ကြပြန်တယ်။

နောက်တစ်ခုက သင်္ချာသဘောအရ (8)ဂဏန်းနဲ့ တည့်တဲ့ ဂဏန်း ရှားပါတယ်။ (1)ဂဏန်း , တနင်္ဂနွေဂြိုဟ်ဆိုတဲ့နေမင်းကို ဖက်ပြိုင်တုပနိုင်စွမ်းရှိတာ (8)ဂဏန်းဘဲရှိတော့ သူနဲ့လည်း မတည့်ဘူး။ (2)ဂဏန်းသမားကျတော့ အလွန်အားပျော့တဲ့အတွက် သူလုပ်သမျှ ခံရမယ့် ဂဏန်းမျိုးဖြစ်တယ်။ ကြာသပတေးဂြိုဟ် (3)ဂဏန်း သမားကျတော့ ဘုရားသခင်၊ တရားဓမ္မကို အစိုးရတဲ့ဂြိုဟ်ဖြစ်ပြီး (8)ဂဏန်းက မိစ္ဆာဂြိုဟ် အမှတ်အသားဖြစ်တော့ မတည့်ပြန်ဘူး။ လူချင်းတည့်ချင်တည့်မယ် ဓာတ်မတည့်ကြဘူး။

(4 )ဂဏန်း သမားနဲ့ ကျတော့ ကမ္ဘာရန်။
အဲ- (5)ဂဏန်းသမားကတော့ အားလုံးနဲ့ မိတ်ဖြစ်အောင် ပေါင်းနိုင်တော့ တည့်တယ်လို့ ဆိုရမယ်။ (6)ဂဏန်းသမားတွေကလည်း ငြိမ်းချမ်းရေးသမားတွေ ဆိုတော့ (8)ဂဏန်းကို သည်းခံနိုင်စွမ်းရှိတယ်။ (7)ဂဏန်းသမား နဲ့လည်း သဟဇာတ ဖြစ်တာကိုတွေ့ရပြန်ပါတယ်။ (8)ဂဏန်းသမားခြင်းလည်း မဆိုးပါဘူး။
(9)ဂဏန်းနဲ့ကျတော့ စနေ အင်္ဂါ တွဲမိရင် ဘေးဥပဒ်ဆိုးတွေ၊ သွေးထွက်သံယိုမှုတွေ အနိဌာရုံတွေ ဖြစ်နိုင်ပြန်ပါရော။

ဒီတော့ (8)ဂဏန်းနဲ့ လောက်လောက်လားလား တည့်တာဆိုလို့ (5)(6)(7) နဲ့ သူနဲ့ မျိုးတူ ( ဘဲဆိုရမယ်ဗျ။ ဒီနေရာမှာတော့ ကျွန်တော့် အယူအဆ တွေက ဂဏန်းဗေဒင် စာအုပ်ထဲတွေ ထဲကနဲ့ ကွဲလွဲမှုတွေ ရှိနိုင်တယ်။ ဒါပေမယ့် ကျွန်တော်က လက်တွေ့လေ့လာပြီးမှ ပြောတာဆိုတော့ သိပ်မယုံရင် ကိုယ်တိုင် ကွင်းဆင်း လေ့လာကြပေတော့ဗျာ။

(8)ဂဏန်းသမား (၃)မျိုးရဲ့ သီးခြား စရိုက်လက္ခဏာတွေ

အင်္ဂလိပ် (8)ရက်နေ့မှာ မွေးတဲ ( ဂဏန်းကတော့ “ထီးတည်း” ဂဏန်းသမားတို့ရဲ့ထုံးစံအတိုင်း ပေါင်းရ၊ သင်းရ ကြပ်တတ်တယ်။ နဲနဲ ဂွကျကျ လူစားမျိုးတွေဘဲ။ အလုပ်ကြိုးစားတယ်။ ဇွဲနဘဲ ကြီးတယ်။ ဆိတ်ဆိတ်ငြိမ်ငြိမ် နေတတ်တယ်။ အပြောအဆိုတိုတောင်းတတ်တယ်။ မာယာ ပရိယာယ် မရှိတတ်ဘူး။ ကျေးဇူးတရားကိုလည်း အလွန်သိတတ် သူများဖြစ်တယ်။ ကပ်စေးနဲ လက်ပေါက်ကပ်သူများလည်း ဖြစ်တတ်တယ်။ လူအများနဲ့ ဒွေးရော ယှက်တင် နေလေ့ မရှိတတ် ကြဘူး။ တစ်ချို့ဆိုရင် “အလုပ်စွဲ ရောဂါ” စွဲကပ်နေသူများတောင် တွေ့ရပါတယ်။

အင်္ဂလိပ်ရက် (17)ရက်နေ့မှာ မွေးတဲ့သူတွေကတော့ (8)ဂဏန်းသမားတွေထဲမှာ “ရှယ်” လို့ဆိုရမှာပေါ့ဗျာ။ ကမ္ဘာကျော်တဲ့ (8)ဂဏန်း သမားတွေကလည်း (17)ရက်ဖွားတွေ ပိုများတယ်ဗျ။ ဒီနေရာမှာ ကျွန်တော်ပြောချင်တာတစ်ခုက “ဂဏန်းဗေဒင်ဟာ တားရော့ကဒ်တွေနဲ့ သွားပြီး ဆက်စပ်ရုံမျှမက တားရော့ကဒ်ဂဏန်းတွေရဲ့ လွှမ်းမိုးမှုကို အများဆုံး ခံရတဲ့ သဘော” ကို သွားတွေ့ရပါတယ်။

ဂဏန်းဗေဒင်ပညာကို တဖက်ကမ်းခတ် ကျွမ်းကျင်တတ်မြောက်ချင်ရင် “တားရော့” ကို လုံး၀ လက်လွှတ်လို့ မရဘူး။ ပိုင်နိုင်ဖို့ လိုတယ်။ (17)ဂဏန်းဟာ တားရော့ကဒ်မှာ “The Star , သောကြာကြယ်” ဆိုတဲ့ ဂဏန်းကဒ်ဖြစ်တယ်။ “မှော်ဆရာရဲ့ကြယ်” လို့လည်း ခေါ်တယ်။ ဒီကဒ်ဟာ အလွန်အတိတ်နိမိတ်ကောင်းတဲ့ ကဒ်ဖြစ်တယ်။ ဂမ္ဘီရ ပညာရပ်တွေနဲ့လည်း ပတ်သက် နေတဲ့ဂဏန်း ဖြစ်တယ်။

ဒါကြောင့်မို့ (8)ဂဏန်းသမားတွေထဲမှာ (17)ရက်ဖွားတွေဟာ ဉာဏ်ပညာထက်မြက်ခြင်း၊ လူချစ်လူခင် များခြင်း၊ အများအကျိုး ဆောင်ရွက်တတ်ခြင်း၊ ရိုးသား ဖြောင့်မတ်ခြင်းဆိုတဲ့ ဂုဏ်တွေ နဲ့ ပြည့်စုံကြတယ်ဗျ။ သူတို့ဟာ လူအများ အကျိုး ဆောင်ရွက်သူတွေ များကြပြီး ဒုက္ခပေးမှု အလွန်နည်းကြတယ်။ လျှို့ဝှက်နက်နဲတဲ့ ပညာရပ်တွေကို လိုက်စား တတ်ကြတယ်။ အတွေး အခေါ် ဒဿနလည်း မြင့်မားကြတယ်ဗျ။

နောက်ပြီး Current of Destiny လို့ခေါ်တဲ့ မွေးတဲ့ ခုနှစ်ဂဏန်း (17)ရတဲ့လူတွေဟာ ဆရာသမား အကြီးအကဲတွေ ဖြစ်ကြပြီး တပည့်တပန်း အလွန်များတတ်ကြတယ်။
ဥပမာ- 1952 လို ဂဏန်းမျိုးပေါ့ဗျာ။ နောက်ပြီး (17) ဂဏန်းဟာ ဥပစ္ဆေဒက ကံကို အကာအကွယ်ပေးနိုင်တဲ့ ဂဏန်းဖြစ်ပြီး မွေးဂဏန်း (17)ရသည်ဖြစ်စေ၊ မွေးခုနှစ် (17)ရသည် ဖြစ်စေ အthayဆိုးနဲ့ thayတာ အလွန့်အလွန်နည်းတာကို တွေ့ရ တယ်ဗျ။

(26)ရက်မွေးတဲ့ (8)ဂဏန်းသမားတွေကတော့ တစ်ကိုယ်ကောင်း နဲနဲဆန်ချင်ပြီး လျှို့ဝှက်မှုတွေ ရှိတယ်ဗျ။ သူတို့ဟာ အာဏာရှင်ဆန်ပြီး တစ်ဖက်သားအပေါ် လွှမ်းမိုးလို သူများလည်းဖြစ်တယ်။ စကားပြောရင် နဲနဲ ဂွတိုက်ပြောချင်တဲ့သဘော၊ လှောင်ပြောင်ပြောချင်တဲ့ သဘောတွေရှိတယ်။ အိမ်ထောင်ရေး၊ အချစ်ရေးမှာတော့ ကျန်တဲ့ (8)ဂဏန်း သမားတွေနဲ့ ယှဉ်ရင် မျက်နှာများ တတ်တယ်။ ဖောက်ပြန်လွယ်တယ်။ အိမ်ထောင်ဆက်လည်း များသွားနိုင်တယ်။ ငယ်စဉ်ကာလမှာ ခက်ခဲကြမ်းတမ်း တဲ့ ဘဝမျိုးကို ဖြတ်သန်း ပြီးမှ အောင်မြင်လာတတ်တယ်။

ဒီနေရာမှာ ကျွန်တော် သွားတွေ့မိတာက (8)ဂဏန်းသမား အတော် များများဟာ အိုဇာတာ ကောင်းတတ်ကြတယ်ဗျ။ (26)ဂဏန်း သမားတွေ တစ်ခုသတိထားရမှာက Accident ပါဘဲ။ Current of Destiny ဆိုတဲ့ မွေးခုနှစ် မကောင်းရင် ဥပစ္ဆေဒကံ ရှိသူများဖြစ်တယ်။

ကမ္ဘာကျော်တဲ့ (8)ဂဏန်းသမားများ

ကမ္ဘာကျော် (8)ဂဏန်းသမားတွေကတော့ – ဗြိတိသျှ နန်းရင်းဝန် အကျော်အမော် “လွိုက်ဂျော့” က (17)ရက်ဖွား၊ အမေရိကန် သန်းကြွယ်သူဌေးကြီး ဂျွန်ပီးယားပွန့် မော်ဂန် (စီနီယာ)က (17)ရက်ဖွား၊ အာရေဗျသဲကန္တာရမြေခွေးလို့ နာမည်ရတဲ့ ဗြိတိသျှ စစ်ဗိုလ်ချုပ်ကြီး “မောင့်ဂိုမာရီ” က (17)ရက်ဖွား၊ ဟေလီ ကြယ်တံခွန်ကို ရှာတွေ့ခဲ့တဲ့ နက္ခတ်ပညာရှင် “အက်ဒမွန် ဟေလီ” က (8)ရက်ဖွား၊ အင်ဒိုနီးရှား အာဏာရှင်ဟောင်း ဆူဟာတို က (8)ရက်ဖွား၊

‌ဟောလီးဝုဒ်မင်းသားကြီး “ဂျွန်ဝိန်း” က (26)ရက်ဖွား၊ အော်စကာဆုတွေ အကြိမ်ကြိမ် ရခဲ့တဲ့ မင်းသား “ဒတ်စတင် ဟော့ဖ်မန်း” က (8)ရက်ဖွား၊ thayဒဏ်ပေးခံရတဲ့ ရူမေးနီးယားသမ္မတ “နီကိုလပ်စ် ချောင်စက်စကူ” က (26)ရက်ဖွား၊ ဘက်စကတ်ဘော ချန်ပီယံ “မိုက်ကယ်ဂျော်ဒန် ” က (17)ရက်ဖွား၊

သဘောထား ပျော့ပြောင်းတဲ့ ဆိုဗီယက်အာဏာရှင်တစ်ဦးဖြစ်တဲ့ “နီကီတာ ကရူးရှက်ဗ်” က (17)ရက်ဖွား၊ ဟောင်ကောင်နဲ့ ဟောလီဝုဒ် အက်ရှင် မင်းသား “ဂျက်လီ” က (26)ရက်ဖွား၊ တင်းနစ်ချန်ပီယံ “ရော်ဂျာဖက်ဒရာ” က (8)ရက်ဖွား၊ ဂျာမန် ဘောလုံးစတား “မိုက်ကယ်ဘောလက်” က (26)ရက်ဖွား၊ နောက်စတား တစ်ယောက်ဖြစ်တဲ့ “ဂျိုလ်ကိုးလ်” က (8)ရက်ဖွား၊ မော်ဒယ် “ပဲရစ် ဟီလ်တန်” က (17)ရက်ဖွား၊ ဟာသမင်းသား “ဂျင်ကာရေး” က (17)ရက်ဖွား၊ အက်ရှင်မင်းသား “ကာ့တ်ရပ်ဆဲလ်” က (17)ရပ်ဖွား၊ ကမ္ဘာကျော် ဂီတပညာရှင်ကြီး “ဗီသိုဗင်” က (17)ရက်ဖွား၊ အမေရိကန်နိုင်ငံတည်ထောင်ရာမှာ ပါဝင်ခဲ့သူ ပညာရှိကြီး “ဘင်ဂျမင်ဖရင်ကလင်” က (17)ရက်ဖွား၊

တစ်ချိန်က “ရော့အင်ရိုးလ်” နဲ့ တေးဂီတနဲ့ ကမ္ဘာကျော်ခဲ့တဲ့ “အဲလ်ဗစ် ပရက်စလေ” က (8)ရက်ဖွား၊ အတွေးအခေါ်ပညာရှင်နဲ့ စာရေးဆရာကြီး “ဂျော့ဘားနတ်ရှော” က (26)ရက်ဖွား၊ ဒုတိယကမ္ဘာစစ် ဗိုလ်ချုပ်ကြီး မက်အာသာ က (26)ရက်ဖွား၊ လက်ဝှေ့အကျော်အမော် “မိုဟာမက်အလီ” က (17)ရက်ဖွား၊ တရုပ်နီ ခေါင်းဆောင်ကြီး “မော်စီတုန်း” က (26)ရက်ဖွား၊ “ဆိုနီ” အမှတ်တံဆိပ်ရဲ့ ဖခင်ကြီး “မိုရိတ အကီယို” က (26)ရက်ဖွား၊ အမေရိကန် သူကြွယ်ကြီး “ဂျွန်ဒီ ရောက်ဖဲလား” က (8)ရက်ဖွား၊ အမေရိကန်သမ္မတ “ဟယ်ရီ အက်စ် ထရူးမင်း” က (8)ရက်ဖွား၊

ဝတ္တုတစ်ပုဒ်ထဲနဲ့ ကမ္ဘာကျော်ခဲ့ရတဲ့ စာရေးဆရာမ “မာဂရက် မစ်ချယ်” က (8)ရက်ဖွား၊ လူthayသော်လည်း ယနေ့ထိအောင် နာမည်မthayသေးတဲ့ ဗြိတိသျှ ပြဇာတ်စာရေးဆရာကြီး “ဝီလျှံ ရှိတ်စ်ပီယား” က (26)ရက်ဖွား၊ ကမ္ဘာ့ ကြက်ခြေနီ ဖခင်ကြီး “ဟင်နရီ ဒူးနန့်” က (8)ရက်ဖွား၊ သန်းကြွယ်သူဌေး ထိုင်းဝန်ကြီးချုပ်ဟောင်း “သက်ဆင် ရှင်နာဝပ်”က (26)ရက်ဖွားတွေဖြစ်ကြပါတယ်။

ဖတ်ရှုသူအားလုံး ကျန်းမာချမ်းသာကြပါစေ။

ရေးသားသူ –ဒေါက်တာတင်ဗိုလ်ဗိုလ်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။