YBS 31 ကားပေါ်မှ အစ်မကြီးတယောက်ရဲ့ရဲဝင့်တဲ့လုပ်ရပ်

Local News
YBS 31 ကားပေါ်မှ အစ်မကြီးတယောက်ရဲ့ရဲဝင့်တဲ့လုပ်ရပ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ YBS 31 ကားပေါ်မှ အစ်မကြီးတယောက်ရဲ့ရဲဝင့်တဲ့လုပ်ရပ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

YBS 31 ကားပေါ်မှ အစ်မကြီးတယောက်ရဲ့ရဲဝင့်တဲ့လုပ်ရပ်

သန်လျင်ဘက်ကနေ ရန်ကုန်သွားတဲ့ 31 ကားပေါ်မှာ ပန်းဆိုးတန်း နား မရောက်ခင် အစ်မကြီး တစ်ယောက် ထပွဲကြမ်းတာ ကြုံလိုက် ကြလား ???
ကိုယ်တွေက အရှေ့ဘက် နားမှာပါ။ ဆင်းခါနီးမို့ မတ်တပ် ကြိုရပ်နေတာပါ။ အဲ့အချိန် ကားနောက်ဘက်မှာ အစ်မတစ်ယောက်ရဲ့ အသံက ကျယ်ပြီး ထွက်လာတယ်။ တော်တော်လေး ဒေါသထွက်ပြီး ပြောနေတာပါ။ သူက အော်ပြောတာ မဟုတ်ပေမယ့် သူ့ပင်ကိုယ်အသံကိုက ကြည်ပြီး သြပြီး တစ်ကား လုံး ကြားအောင် ပြောနိုင်တဲ့ အသံပါဝါသံရှိတာ မို့ ကိုယ့်သူငယ်ချင်းတွေနဲ့အတူ အကုန်လုံး ရှုးရှဲဖြစ်သွားပြီး သူထိုင်တဲ့ ဘက်ကို လှည့်ကြည့်လိုက်ကြတာပါ။

သူ့ဘေးမှာ အိန္ဒိယလူမျိုး အသက် ၂၉ /၃၀ နှစ်ဝန်းကျင် ရှိတဲ့ လူကို အစ်မကြီးက ဒေါသ ထွက်ပြီး ပြောဆိုတာ တစ်ကားလုံး ကြားရအောင် ပြောတာပေါ့
ဟိုကောင်က အင်မတန် ရိုင်းစိုင်း ယုတ်မာ လွန်းတယ်။
သူက သူ့ရဲ့ ပုဆိုး အပေါ် ပိုင်းကို ချွတ်ပြီး အသာလေး လျှော ချပြီး သူ့ရဲ့ လိင်တံကို ကြီး တန်းလန်း ထုတ် ထားလို့ အစ်မ ကြီးက ပြောဆိုတာပါ။

ကားနောက်ဆုံးတန်းရဲ့ရှေ့ဘက်ခုံ ဘယ်ဘက် ခြမ်း ၃ယောက်ထိုင်ခုံမှာ အစ်မကြီးက ကား မှန်ဘက်ခြမ်း ထိုင်ပြီး အဲ့လူက အစွန်ဘက်မှာ ထိုင်ပြီး သူ့ ( Gway ) ကို တန်းလန်းထုတ်ပြီး လက်နဲ့ လုပ်ထိုင်လာတာမျိုးပါ။

အစ်မကြီးက သူ့မျက်နာနဲ့ သူ့ လိင်တံ ဘက်ကို လက်ညှိုး ငေါက်ငေါက်ထိုးပြီး
“”ဟဲ့ နင်ဘယ်လို လုပ်နေတာလဲ မိုက်ရိုင်း လှချည်လား ဟိုဘက် ထိုင်ခုံမှာ မိန်းကလေးတွေ အနောက်ဘက်အတန်း မှာလည်း မိန်းကလေးတွေ လူတွေ နင်အရှက်မဲ့ မိုက်ရိုင်း လှချည်လား “”
အစ်မကြီးက သူ့ Mask ကို ဆွဲချွတ်ပြီး
“”ဒီမယ် နင်ငါ့မျက်နှာ ကြည့်စမ်း”
နင် ငါ့ကို ဘယ်လိုမိန်းမလို့ ထင်နေတာလဲ
နင်ဘာဖြစ်သွား ချင်သလဲ ပြောစမ်း ဟဲ့ “လူယုတ်မာ နင့်ဂွေးစိ တစ်ချောင်း လုံး နင်ထုတ်ပြီး ထိုင်ရအောင် နင့်မှာ အစ်မ နှမ တွေမရှိဘူး လား နင်ငါ့ကို ဘာမှတ်နေလဲ နင် ငါ့အကြောင်း သိချင်သလား ငါ့ကို ဘာမှတ်နေလို့လဲ မမိုက်ရိုင်း နဲ့ နော် “”

ဘာညာပြော ဟိုကောင်က လည်း အစ်မကြီးက အကြောက်အလန့်လည်း မရှိ အဲ့အစ်မရဲ့ စကား အသံကလည်း ကျယ်ပြီး ကြည်ပြီး တစ်ကားလုံး ကြားအောင်သူ့ကို မျက်နှာထိမတတ် လက်ညှိုး ထိုး ပြီး ရန်တွေ့တာ လူတွေကလည်း အကုန်ဝိုင်း ကြည့်ဆိုတော့ လက်အုပ်ချီပြီး တောင်းပန်ပါတယ် အစ်မရယ် ကျွန်တော် တောင်းပန် ပါတယ်နဲ့ ပြာနေရော

အစ်မကြီးက မိုက်ရိုင်း လွန်းတဲ့ကောင် ဂွေးစိကို တစ်ချောင်းလုံး ထုတ်ပြီး အောက်တန်းကျတဲ့ကောင် ဆိုပြီး ပြောတော့
အဲ့ကောင်က တစ်ချောင်းလုံးထုတ်ထိုင်တော့ အစ်မက ကြည့်နေလို့ လား ထပ်ပြောပါတယ်

အစ်မကြီးက ဒေါသက ကြီးနေတာ သူ့မျက်နှာကို ပို ခပ်စိုက်စိုက်နဲ့ ကြည့်ပြီးတော့ ဒေါသတကြီးနဲ့ ပြောပြီး ကြမ်းပါလေရော
“ဟဲ့လူယုတ်မာကောင်
မှတ်တိုင်ရောက်လို့ ငါဆင်းမယ် လုပ်တော့ နင်အဲ့လို လုပ်ပြီး ပိတ်ထိုင်ထားလို့ နင့်ကို တန်းပြောနေရတာလေ ပြီးခဲ့မှတ်တိုင်ထဲက ငါဆင်းရမှာ အခုနင့်ကို ပြောနေရလို့ ပန်းဆိုးတန်း ရောက်လာပြီလေ နှမချင်းမစာ မနာ နဲ့ နင့်မှာ အစ်မ နှမ နဲ့ အမေတွေ မရှိဘူး လား” ” မြန်မာပြည်နေပြီး ရိုင်းစိုင်းနေတဲ့ ကောင်ရဲ့ ” ဆိုပြီး မကြောက်မရွံ အသံကျယ်ကြီးနဲ့ ပြောဆိုတာများ

ဟိုအရိုင်းအစိုင်းက တောင်းပန်ပါတယ် အစ်မရယ်
တော်ပါတော့ တော်ပါတော့ တောင်းပန်ပါတယ်ဆိုပြီး ပြောရင်းတန်းလန်း နဲ့ပဲ အမြန်ပြေးဆင်းသွားတော့တာပဲ

သူ့ဆင်းမပြေးရင် အစ်မကြီးက ကားမောင်းတဲ့ ဒရိုင်ဘာကို အဲ့ အနောက်ဆုံးကနေ လှမ်းကြည်နေပုံက ခရီးသည်တွေ အကုန်ဆင်းရင် ရဲစခန်းမောင်းခိုင်းမယ့်အထိ များ လုပ်မလား မသိဘူး
(ကိုယ့်အထင်ပြောတာပါ)

ဓါးမပါလာလို့ ဓါးပါလာရင် နင့်ကို လုပ်ပစ်လိုက်တယ် သိလား လူယုတ်မာရဲ့တဲ့
နင်တစ်ခြားကားပေါ်မှာ မိန်းကလေးတွေနား အဲ့လိုအောက်တန်းစား စရိုက် ထပ်မလုပ်နဲ့ နော် ဆိုပြီး လက်ညှိုးငေါက်ငေါက်ထိုး ပြောတာ နော်

(အစ်မကြီး is ပါဝါရိန်းဂျား အနီကောင်ပါပဲ အသက်က ၂၉/၃၀ ဝန်းကျင်လောက်ရှိမယ် သာမန် နက်ပြာဝမ်းဆက်နဲ့ပါပဲ သနပ်ခါး ရေကြဲလေး လိမ်းထားပြီး ဆံပင်အရှည်ကြီးကို ထုံး ထားတဲ့ ရိုးရှင်းရှင်း ပုံပါ..နှာတံနဲ့ မျက်လုံးက လှပြီးသနပ်ခါး လိမ်းထားတာတောင် ဥပဓိရုပ်က ပညာတတ် အသိုင်းအဝိုင်းကဖြစ်ပုံရပါတယ် သူမကြောက်မရွံ ရန်တွေ့ပေမဲ့ ဆဲဆိုတဲ့ စကားတွေတော့ မသုံး မပြော သွားဘူးမို့ပါ
ဟိုငနဲတော့ တစ်ကားလုံး လူတွေဝိုင်းကြည့်ပြီး ထွက်ပြေးရတော့ နောက်ထပ် သိပ်လုပ်ရဲမယ် မထင်တော့ဘူး

သကောင့်သား ငနဲက အစ်မကြီးကို လျှော့တွက်ပုံ ရတယ် ပြေးကိုဆင်းပြေးရတော့တာပဲ
ဒါမျိုးကြီးတွေတောင် ကားပေါ်မှာ လုပ်နေပြီမို့ မိန်းကလေးတွေ ကားစီးရင် ခါးပိုက်နှိုက် ရှောင်ရုံမက ဒီလို ကောင်တွေရော ရှောင်ကြရဖို့ နဲ့ မကြုံ ရစေဖို့ ရေးသား
ရခြင်း ဖြစ်ပါတယ်။

ဒီနေ့ ဒီအဖြစ်ကို ကား ပေါ်ပါလာရင်း ကြုံလိုက်သူတွေ ရှိရင်လည်း မိမိ အမြင် လေးတွေ ရေးသားပေး ကြပါ ရှင်။

ရေးသားသူ –YBS လမ်းညွှန်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။