လက်တွေ့ဘဝကိုထင်ဟပ်စေတဲ့ Stephen Chow ရဲ့ Hail the Judge

Celebrity International News
လက်တွေ့ဘဝကိုထင်ဟပ်စေတဲ့ Stephen Chow ရဲ့ Hail the Judge

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လက်တွေ့ဘဝကိုထင်ဟပ်စေတဲ့ Stephen Chow ရဲ့ Hail the Judge ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

လက်တွေ့ဘဝကိုထင်ဟပ်စေတဲ့ Stephen Chow ရဲ့ Hail the Judge

ဟောင်ကောင်ရုပ်ရှင်လောကအကြောင်းကိုပြောရတော့မယ်ဆိုရင် Stephen Chow ကို ချန်ထားခဲ့လို့မရပါဘူး။

Stephen Chow ရဲ့ ရုပ်ရှင်တွေအားလုံးနီးပါးဟာ ပုံမှန် ဟောင်ကောင်ရုပ်ရှင်တွေနဲ့မတူပဲ ဟာသတွေကိုဖောဖောသီသီသုံးထားသလို တစ်ခါတလေမှာ အဲဒီဟာသတွေမှာ ရယ်ရပေမယ့် မရယ်နိုင်တဲ့ဟာသတွေလည်းပါလာပါတယ်။ ဥပမာပြရရင် Mad Monk မှာ ပြည့်တန်ဆာရဲ့ပဲပြားရောင်းတဲ့ဇာတ်ဝင်ခန်း။ Kung Fu Hustle, Shaolin Soccer, Fight Back to School, King of Comedy တို့လို ရုပ်ရှင်တွေကို ပရိသတ်တွေက ပိုပြီးသိကြမှာပါ။ Stephen Chow ဆိုတာနဲ့ ၂၀၂၁ က ဆုံးပါးသွားတဲ့ မင်းသား Ng Man-tat ကို လည်း အားလုံးကတန်းမြင်ကြမယ်လို့ထင်ပါတယ်။ Stephen Chow ရဲ့ ရုပ်ရှင်အများစုမှာ Ng Man-tat ကလည်း ဇာတ်ပို့နေရာကနေ ဇာတ်ကိုအကောင်းဆုံးသယ်ပေးခဲ့ပြီး ပရိသတ်တွေရင်ထဲကိုနေရာတစ်ခုယူခဲ့ပါတယ်။

Stephen Chow ရုပ်ရှင်တွေလို့ပြောလိုက်ရင် ကြည့်လိုက်တာနဲ့ အဲဒီခေတ်အဲဒီအခါတုန်းက ချောပေ့လှပေ့ဆိုတဲ့ ဟောင်ကောင်မင်းသမီးတွေ အနည်းဆုံး နှစ်ယောက်ကနေ သုံးယောက်အထိပါတတ်ပါတယ်။ ဒီဘက်ခေတ်ရောက်တဲ့အထိကို ဟောင်ကောင်မင်းသမီးတွေရဲ့အလှဟာ မေ့ရက်စရာမရှိအောင်ကိုချောမောနေခဲ့တာပါ။

၁၉၉၄ က ထုတ်တဲ့ Hail the Judge ကတော့ ချင်မင်းဆက်က လာဘ်စားတတ်တဲ့ ​ခရိုင်တရားသူကြီး ပေါင်လန်စင်းဆိုတဲ့ဇာတ်ကောင်ကို အဓိကတည်ပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ပေါင်လန်စင်းဟာ ပေါင်ချိန်ရဲ့မျိုးဆက်ဖြစ်ပြီး ပေါင်ချိန်နဲ့မတူပဲ လာဘ်စားတတ်တဲ့အကျင့်ပျက်အရာရှိတစ်ယောက်ဖြစ်ပါတယ်။

တစ်ရက် ပေါင်လန်စင်းဟာ မင်္ဂလာဆောင်မယ့်သတို့သမီးတစ်ယောက်ကိုတွေ့သွားပြီး သဘောကျမိရာကနေ အဲဒီသတို့သမီးရဲ့သတို့သားအပါအဝင် မိသားစုဝင်တွေကို ချင်မင်းဆက်အရာရှိကြီးတစ်ယောက်ရဲ့သားက thetလိုက်ပါတယ်။ အဲဒီအမှုဟာ ပေါင်လန်စင်းဆီကိုရောက်လာတဲ့အခါမှာ အကျင့်ပျက်တရားသူကြီးဟာ မှန်မှန်ကန်ကန် တရားစီရင်ပေးခဲ့ပါတယ်။ ဒါပေမယ့် သားဖြစ်သူကိုကယ်ဖို့ ချင်မင်းဆက်ရဲ့အရာရှိကြီးက အမှုတွေကိုအသွားအလာပြောင်းပြန်ဖြစ်ပြီး နစ်နာသူကိုတရားခံဖြစ်အောင်လုပ်ပစ်ရာကနေ ပေါင်လန်စင်းပါဒုက္ခရောက်သွားပါတော့တယ်။ အဲဒီကနေ……………

Hail the Judge ကို ကျွန်တော်စကြည့်တုန်းက ပုံမှန်ဟာသရုပ်ရှင်အနေနဲ့ပဲကြည့်ခဲ့တယ်။ နောက်ပိုင်း ကျွန်တော် Law ကျောင်းတက်ဖြစ်လာတော့ Hail the Judge ကို ပြန်ကြည့်တဲ့အချိန်မှာ Stephen Chow ပြခဲ့တာက ဟာသရုပ်ရှင်တစ်ကားထက်ပိုတယ်ဆိုတာပါပဲ။ ဇာတ်လမ်းရဲ့တစ်ဝက်ကျော်လောက်မှာ ပေါင်လန်စင်းတစ်ယောက် ဆောင်ကြာမြိုင်ကိုရောက်သွားပြီး ဆောင်ကြာမြိုင်မှာ အလုပ်သမားလုပ်ခဲ့ရတယ်။ အဲမှာ ဆောင်ကြာမြိုင်ပိုင်ရှင်နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ဆဲကြဆိုကြတာကနေ နောက်ဆုံး အမှုကိုနိုင်ဖို့ ဆဲမှပဲရတော့မယ် ဆိုပြီး အဆဲကျင့်တာပါပဲ။

Hail the Judge မှာ သဘောပေါက်သွားတဲ့အချက်နှစ်ချက်ရှိခဲ့တယ်။ ပထမတစ်ချက်က အမှန်တရားတစ်ခုပေါ်ပေါက်လာဖို့အတွက် လိုအပ်တဲ့လုပ်ရပ်တွေကို ဉာဏ်သုံးပြီးလုပ်ဖို့လိုတယ်။ နောက်တစ်ချက်ကတော့ လူလိုပြောဆိုဆုံးမနားချမရရင် အဲလူကိုဘာမှပြန်မပြောနိုင်အောင် ဆဲချလိုက်ဖို့ပါပဲ။

Hail the Judge ရဲ့ ဒုတိယပိုင်းကနေစပြီး အသားကုန်ရယ်ရသလို တချို့နေရာတွေမှာ ဉာဏ်သုံးတတ်ဖို့လိုတယ်ဆိုတာကိုလဲ ဟာသနဲ့ရောပြီး ပြသွားခဲ့တယ်။ အထူးသဖြင့် လူthetမုဒိမ်းမှုကိုတကယ်လုပ်ခဲ့တယ်ဆိုတာကို သက်သေပြတဲ့အပိုင်းက ဇာတ်လမ်းတစ်ခုလုံးရဲ့အသက်လဲဖြစ်သလို အရယ်ရဆုံးအပိုင်းလို့လဲသတ်မှတ်လို့လဲရပါတယ်။

Stephen Chow ရုပ်ရှင်တွေကိုစကြည့်တော့မယ်ဆိုရင် လက်တွေ့ဆန်သည်မဆန်သည်နဲ့မဆုံးဖြတ်ပဲ ဘယ်လောက်ထိရယ်ရလဲ၊ ဘယ်လောက်အထိ ဟာသတွေထည့်သုံးထားလဲ ဆိုတာနဲ့ပဲ ဆုံးဖြတ်ဖို့တော့လိုပါမယ်။ ဒါပေမယ့် တစ်ခါတလေမှာ God of Gamblers III နဲ့ Fight Back to School တို့မှာတော့ တော်တော်လေးကိုလက်ရာမြောက်တဲ့ရုပ်ရှင်သဘောတရားတွေကို မထင်မှတ်ပဲတွေ့ရနိုင်ပါတယ်။

Hail the Judge ထဲကလိုဇာတ်ကောင်တွေဟာ လက်တွေ့ဘဝမှာ လက်ညှိုးထိုးမလွဲအောင်ကို များပြားစွာရှိနေပါတယ်။ အဲလိုလူတွေကြားထဲမှာ ကိုယ့်ဘက်ကဖြောင့်မတ်ဖို့လိုသလို တစ်ခါတလေမှာ ဉာဏ်သုံးတတ်ဖို့လဲလိုပါလိမ့်မယ်။ တရားရုံးမှာ ရှန်ဝေဘက်ကနေ လာကယ်ပေးတဲ့ နန်းတွင်းကုန်းကုန်းလိုလူစားတွေကလည်း ပေါင်လန်စင်းလိုလူနဲ့တွေ့မှပဲ အရှက်ကွဲလာခဲ့ရတာပါပဲ။

ဒီရုပ်ရှင်ကိုကြည့်ပြီး သဘောပေါက်သွားတာတစ်ခုကတော့ လူတိုင်းမဟုတ်ပေမယ့် တချို့ကတော့ အာပေါက်အောင်ပြောပြနားချလည်းရမှာမဟုတ်သလို အဲလိုလူတွေနဲ့ပြောရဆိုရတဲ့အခါ ကိုယ့်ဘက်ကဆဲချလိုက်ရင်လည်း တရားလွန်ရာမကျတော့ဘူးလို့ တွေးမိတာပါပဲ။

ရေးသားသူ –Myanmar Varient Entertainment

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။