သမားတော်ကြီး ဦး၀င်းမောင်၏ဆီးကျောက်ကျေဆေးနည်း

Health Knowledge
သမားတော်ကြီး ဦး၀င်းမောင်၏ဆီးကျောက်ကျေဆေးနည်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သမားတော်ကြီး ဦး၀င်းမောင်၏ဆီးကျောက်ကျေဆေးနည်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သမားတော်ကြီး ဦး၀င်းမောင်၏ဆီးကျောက်ကျေဆေးနည်း

ဒီကနေ့အဘ ပြောပြချင်တဲ့ဆေးနည်းလေးကတော့လူတိုင်းတမေးထဲမေးနေကြတဲ့ ဆီးကျောက်တည် လို့ ဆီးအတွက်ဒုက္ခများနေကြတဲ့ ဝေဒနာရှင်များအတွက် ဒီနေရာတဆင့် အားလုံးဖြေကြားပေးလိုက်ပါရစေ

အဘရဲ့ ဆေးဆောင်းပါးတွေကို ဖတ်ရူ့ပြီး မေးလာကြတဲ့ သူများကိုCB ကတဆင့်ဖြေကြား

ပေးရင်မပြည့်မစုံမှာစိုးလို့ မေးသူတဦးသာမကအားလုံးသိရှိစေရန်ရည်ရွယ်ပါတယ်ကွယ်

တကယ့်တော့ အဘတို့မြန်မာ့လူဘောင်မှာဆိုရိုးစကားရှိရဲမဟုတ်လား

“ယောက်ကျားမှာ ဆီး မိန်းမမှာ မီး ”

ရှေ့သမားတော်ကြီးများက ” ပညာသေရွာ မယူသွားစတမ်း”

ဆိုတဲ့ထုံး နှလုံးမူလို့ဆေးနည်းများစွာ လက်ကမ်းလို့ ထားခဲ့ကြတယ်။

ဆီးဆေးဆိုတာ အမျိုးမျိုးရှိသည်အနက် လူသိများကြတာကတော့

၁။သံမနိုင် ကျောက်မနိုင်

၂။ကြက်သွန်နှင့်အသုံးပြုနည်း

၃။သံပု ရာသီး အသုံးပြုနည်း စသည့်ဖြင့် လူသိများသောဆေးနည်တွေပါပဲ

အေး အဘကတော့ တကယ့်ရွှေနန်းသုံးဆေးတော်ကြီးတမယ်ကို ငွေကုန်ကြေးကြ သက်သာစွာနဲ့ဝေဒနာ သက်သာစေဖို့ဆေးနည်းတသွယ် ရေးပေးလိုက်ပါတယ်

ဆေးနည်းကတော့

ကြက်ဆူ{၂}မျိုးရှိတယ်။ပိုရှင်းအောင်ပြောရင်တမျိုးကတော့လောင်စာကြက်ဆူခြံစည်းရိုးကြက်ဆူလို့ခေါ်ကြတဲ့ ကြက်ဆူမဟုတ်ဘူး(အဲဒီ ကြက်ဆူက စားရင် အော့အံနိုင်ပါတယ် မမှားပါစေနဲ့)
ပုံပြထားသောအရိုးနီကြက်ဆူ ကိုသာဆေးအဖြစ်သုံးပြုနိုင်ကြပါတယ်။

အသုံးပြုပုံ

ကြက်ဆူရွက်ကို ရေနွေးဖျောပြီး ဓားဖြင့်ပါးပါးရိတ်ရိတ်လှီးညှပ်၍ မြေပဲဆံ နှမ်း ပဲမှုန့်ကြက်သွန်ဖြူ / နီကြော်တို့ဖြင့်သုတ်စားပေးပါ။

အဓိကအားဖြင့် ကြက်ဆူရွက်ကို များများသုတ်စားပေးဖို့သာလိုရင်းပါ။
မည်သို့စားစား ရပါတယ်။
မိမိသုတ်စားပြီး ၂၄နာရီအတွင်း ကျောက်များကြေပျက်သွားသည်ကိုလက်တွေ့စားကြည်ကသိပေလိမ့်မည်
၎င်းဆေးစားပြီးဆီးသွားပါကဆီးကို အိုးခွက်တခုခုဖြင့်ခံယူထားပြီး ကြည့်ပါကဆီးကျောက်များကြေပျက်သွားသည်ကို တွေ့မြင်ရပါလိမ့်မည်။
လူအတော့များများကတော့ ဝမ်းနှုတ်ဆေးကိုသာလူသိများကြပြီ.
ဆီးနှုတ်ဆေး ဆီးသန့်စင်ဆေးကို သိပ်မသိကြပါ.
အဲ့ဒါကြောင့် အဘဖေါ်ပြပေး လိုက်တာပါ။

မှတ်ချက် ဥပမာ…ယနေ့ ၄ နာရီမှာစားရင်နောက်တနေ့ ၄ နာရီ မှာ ကျောက်ကြွေသွားတာတွေ့ရပါလိမ့်မယ်။

ရေးသားသူ –အဘ..ဦးဝင်းမောင်တိုင်းရင်းသမားတော်ကြီး

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။