ယနေ့အတွက် တားရော့ကတ်ဗေဒင်

Astrology
ယနေ့အတွက် တားရော့ကတ်ဗေဒင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ယနေ့အတွက် တားရော့ကတ်ဗေဒင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ယနေ့အတွက် တားရော့ကတ်ဗေဒင်
Tarot Card Mockup

“အိပ်မက်အကြီးကြီးရှိရမယ် ပညာရှိရမယ် နှလုံးသွင်းမှန်ကန်မှုလည်းရှိရမယ်”
“ဆင်စီးမြင်းရံဂုဏ်ပြုခံရခြင်းဟာ အောင်မြင်မှုဖြစ်သလို ၊ တချို့သောရက်မှာ ဘယ်လောက်အိပ်ကောင်းနေနေ Routine လေးမပျက်အောင် ကုန်းရုန်းထလိုက်တာ ၊ သုံးချင်တာကို စိတ်တင်းထားနိုင်လိုက်တာ ၊ အော်ထုတ်လိုက်ချင်ပေမယ့် ချိုချိုသာသာပြောခဲ့နိုင်တာ ၊ တအားကိုနားချင်တဲ့ကြားက တာဝန်ကြေတဲ့အထိတွန်းလုပ်လိုက်နိုင်တာ”

“ဒါတွေကလည်း ထပ်တူကြီးကျယ်တဲ့အောင်မြင်မှုလို့ ခေါ်ပါတယ်”
“ဒီရက်မှာ အလုပ်ပြီးမြောက်တယ် ၊ နောက်တစ်ရက်မှာ ပညာတိုးလာတယ် ၊ နောက်တစ်ရက် မေတ္တာပိုထားတတ်တယ် သည်းခံလိုက်နိုင်တယ် ၊ တခါတလေ သီလပျက်လုဆဲဆဲ မာန်တင်းပြီးထိန်းခဲ့လိုက်နိုင်တယ်”

“ယောနိသောမနသိကာရဟာ လောကီမှာတင်အကျိုးသိပ်များတယ် ၊ ရောဂါတစ်ဝက်သက်သာစေတယ်”
“မှန်သောအတွေးကိုတွေးပါ ၊ ပူသောအရာကိုထွေးပါ” “ကိုယ်လမ်းမှန်ပေါ်ရှိနေပါတယ်”

“စာရိတ္တအရ ၊ ပညာ အတွေ့အကြုံအရ ၊ စိတ်ထားတတ်မှုအရ တစိတ်တပိုင်းတိုးတက်နေတယ်ဆို နေ့ရက်တိုင်းဟာ အကျိုးရှိသောနေထိုင်ခြင်းဖြစ်ပါတယ်”

ရေးသားသူ –Ellie

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။