နဂါးပေါ်ရက်သတိပြုပါ

Astrology
နဂါးပေါ်ရက်သတိပြုပါ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နဂါးပေါ်ရက်သတိပြုပါ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

နဂါးပေါ်ရက်သတိပြုပါ

မည်သည့်မြန်မာလမှာမဆိုတနင်္ဂနွေဆန်းသောလမှာလဆန်း(၂၊၁၀၊လပြည့်ကျော်၃)ရက်တို့သည်နဂါးပေါ်ရက်ဟုခေါ်ပေ၏။

ထို့အတူတနင်္လာဆန်းသောလမှာလဆန်း(၁၊လပြည့်ကျော်၆)ရက်တို့သည်နဂါးပေါ်ရက်ဟုခေါ်ပေ၏။

ထို့အတူအင်္ဂါဆန်းသောလမှာလဆန်း(၉၊လပြည့်ကျော်၁၁)ရက်တို့သည်နဂါးပေါ်ရက်ဟုခေါ်ပေ၏။

ထို့အတူဗုဒ္ဓဟူးဆန်းသောလမှာလဆန်း(၂၊လပြည့်ကျော်၄)ရက်တို့သည်နဂါးပေါ်ရက်ဟုခေါ်ပေ၏။

ထို့အတူကြာသပတေးဆန်းသောလမှာလဆန်း(၁၂၊လပြည့်ကျော်၂)ရက်တို့သည်နဂါးပေါ်ရက်ဟုခေည်ပေ၏။

ထို့အတူသောကြာဆန်းသောလမှာလဆန်း(၄၊လပြည့်ကျော်၃)ရက်တို့သည်နဂါးပေါ်ရက်ဟုခေါ်ပေ၏။

ထို့အတူစနေဆန်းသောလမှာလဆန်း(၂၊လပြည့်ကျော်၆)ရက်တို့သည်နဂါးပေါ်ရက်ဟုခေါ်ပေ၏။

ထိုသို့သောနဂါးပေါ်ရက်များတွင်ကောင်းမွန်သောအစီအရင်များ၊မင်္ဂလာရှိသောကိစ္စရပ်များတို့ကိုလုပ်ကိုင်ဆောင်ရွက်ခြင်းများမပြုလုပ်သင့်ပါ။ကောင်းကျိုးမပေးသောရက်ဆိုး၊ရက်ညံ့များဖြစ်ပါသည်။

အထူးသဖြင့်ထိုရက်များမှာခြေချော်လဲခြင်း၊ကြမ်းကျွံခြင်း၊မြေတွင်းထဲကျွံကျခြင်း၊သွားရင်းလာရင်းထိမိခိုက်မိခြင်းတို့ဖြစ်မိသွားပါက “အကြောဆိုင်းသွားတတ်ခြင်း၊ကိုယ်တစ်ခြမ်းပူခြင်း/အေးခြင်းဖြစ်ခြင်း၊ကိုယ်လက်ယောင်ယမ်းတတ်ခြင်း၊တွေဝေငေးငိုင်ပြီးကြောင်တောင်တောင်ဖြစ်သွားတတ်ခြင်း၊မျက်စိပြာဝေသွားတတ်ခြင်း၊ခြေလက်သေးသိမ်သွားတတ်ခြင်း၊အခုငို/ရယ်ဖြစ်ကာစိတ်ဖောက်ပြန်သွားတတ်ခြင်း၊ခြေလက်မလှုပ်ရှားနိုင်တတ်ခြင်း”တို့ဖြစ်ပေါ်လာတတ်ပေသည်။သတိပြုပါလေ။

ထိုသို့ဖြစ်ခဲ့ပါကပြုလုပ်ရမည့်ယတြာမှာ….ခြေသည်းလက်သည်းများကိုညှပ်ယူပြီးလုံချည်အစုတ်အင်္ကျီအစုတ်တစ်ခုခုမှာထည့်ကာစွန့်ပစ်ပေးရပါမည်။#အနည်းဆုံးသုံးကြိမ်မျှမကြာခဏစွန့်ပစ်ပေးလိုက်ပါ။

ဤကားရှေးဟောင်းကျမ်းအလိုတည်း။

ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။