ကြီးလေးကြီးစမ ဖယောင်းတိုင်

Astrology
ကြီးလေးကြီးစမ ဖယောင်းတိုင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကြီးလေးကြီးစမ ဖယောင်းတိုင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကြီးလေးကြီးစမ ဖယောင်းတိုင်

မင်းသိင်္ခပရိသတ်များ ဘယ်အခက်အခဲမဆိုသုံးနိုင်တဲ့ ကြီးလေးကြီးစမ ဖယောင်းတိုင်အကြောင်း ပြောပြပေးချင်ပါတယ် ။

အဘမင်းသိင်္ခလက်ထက်ကတည်းက အသုံးပြုခဲ့တဲ့ တကယ်ကို ထူးခြားယတြာလဲဖြစ်ပါတယ် ။ ယခုယတြာကိုပြုလုပ်ပြီး အခက်အခဲတွေပြေလည်သွားတဲ့ သူတွေလဲ မနည်းပါဘူး ။

ပြုလုပ်ပုံကတော့…..

ပုံပါ စာရွက်ကလေးကိုတော့ မိတ္တူကူးပြီး မိမိအသက်ဥပမာ အသက် ၂၀နှစ် ဆိုရင် မိတ္တူအစောင် (၂၀) ကို ဖယောင်းတိုင် အတိုင် (၂၀) မှာပတ်ပြီး ညအိပ်ခါနီးမှာ ရက် (၂၀) ပူဇော်ပေးရမှာဖြစ်ပါတယ် ။ မိမိအသက်က ၃၅ နှစ်ဆိုရင်တော့ ဖယောင်းတိုင် (၃၅) တိုင် (၃၅) ရက်ပူဇော်ပေးပါ ။ ညအိပ်ခါနီးမှ လုပ်ရပါမယ် ။ နေအိမ်ဘုရားမှာ ပဲပူဇော်ပေးရမှာပါ ။ ပန်းကန်ပြားလေးနဲ့တော့ပူဇော်ပေးပေါ့ဗျာ ။ မီးရေးထင်းရေးလဲ သတိပြုပေါ့ ။

အခုလောက်ဆိုရင်တော့ ပြုလုပ်ပုံအဆင့်ဆင့်ကို သိလောက်ပြီးထင်ပါတယ် ။ ဒီဖယောင်းတိုင် ထွန်းညှိပူဇော်ပြီးရင် အခက်အခဲဖြစ်နေတဲ့ကိစ္စတွေ တစ်နည်းနည်းနဲ့ ပြေလည်သွားပါလိမ့်မယ် ။

မင်းသိင်္ခပရိသတ်များ အခက်အခဲတွေကျော်လွှားနိုင်ပြီး ကောင်းကျိုးချမ်းသာပြည့်ဝပါစေ ခင်ဗျာ ။

ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။