ကမ္ဘာ့အသေးငယ်ဆုံး၊ ဈေးအသက်သာဆုံး ၂ ခန်းပါ လျှပ်စစ် Truck ကား

International News Tech
ကမ္ဘာ့အသေးငယ်ဆုံး၊ ဈေးအသက်သာဆုံး ၂ ခန်းပါ လျှပ်စစ် Truck ကား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကမ္ဘာ့အသေးငယ်ဆုံး၊ ဈေးအသက်သာဆုံး ၂ ခန်းပါ လျှပ်စစ် Truck ကား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကမ္ဘာ့အသေးငယ်ဆုံး၊ ဈေးအသက်သာဆုံး ၂ ခန်းပါ လျှပ်စစ် Truck ကား

လူစီးခန်း ၂ ခန်းပါ လျှပ်စစ် Truck ကား(double-cabin truck) တွေထဲမှာတော့ တရုတ်နိုင်ငံထုတ် ရှန်မန်ဂီယာကားက အသေးငယ်ဆုံး၊ ဈေးအသက်သာဆုံးပါပဲ။ မြန်မာငွေ သိန်း ၈၀ ကျော် ( အမေရိကန်ဒေါ်လာ ၂၉၂၀)ပဲ ကျသင့်မှာဖြစ်ပြီး Alibaba ကနေ မှာယူရင် ရက် ၂၀ အတွင်း အိမ်အရောက် ပို့ပေးမယ်လို့ ဆိုပါတယ်။

ရှန်မန်ဂီယာကားဟာ တပ်ဆင်မယ့်ပစ္စည်းတွေအပေါ် မူတည်ပြီး အလေးချိန် ၆၈၀ ကီလိုဂရမ်ကနေ ၇၈၅ ကီလိုဂရမ်ကြား ရှိပါတယ်။ ကားထဲမှာတော့ လေအေးပေးစက်၊ လေပူထုတ်စက် တပ်ဆင်ထားခြင်းမရှိပါဘူး။ တပ်မယ်ဆိုရင် ဒေါ်လာ ၃၂၀ ထပ်ပေးရပါမယ်။ မောင်းနှင်နိုင်တဲ့ ခရီးအကွာအဝေး ပိုများအောင် ပိုကောင်းတဲ့ဘက်ထရီလည်း တပ်လို့ ရပါတယ်။ ဒါဆိုရင်တော့ ရှန်မန်ဂီယာကားတန်ဖိုးက ဒေါ်လာ ၅၀၀၀ နား ကပ်သွားမှာပါ။

တစ်နာရီ ၃၄ မိုင်နှုန်းအထိပဲ မောင်းနှင်နိုင်ပြီး နဂိုပါတဲ့ ကားဘက်ထရီကတော့ ကီလိုမီတာ ၈၀ အကွာအဝေးအထိပဲ မောင်းတာ အကောင်းဆုံးလို့ ထုတ်လုပ်တဲ့ကုမ္ပဏီက ဆိုပါတယ်။ အဓိကအရေးအကြီးဆုံး အချက်ကတော့ ရှန်မန်ဂီယာကားမှာ လေအိပ်၊ ၃ ချက် ထိုင်ခုံခါးပတ်တွေ ပါဝင်ခြင်းမရှိတဲ့အတွက် လမ်းပေါ်မှာ မောင်းနှင်ဖို့ စိတ်ချယုံကြည်ရတဲ့ အနေအထား ရှိ၊ မရှိ စစ်ဆေးဖို့ လိုအပ်ပါလိမ့်မယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။