ညဆိုင်းဆင်းပြီးတိုင်း ထီထိုးလေ့ရှိတဲ့ သြဇီအမျိုးသား ဒေါ်လာသန်း ၂၀ တန် ထီဆုကြီး ဆွတ်ခူး

International News
ညဆိုင်းဆင်းပြီးတိုင်း ထီထိုးလေ့ရှိတဲ့ သြဇီအမျိုးသား ဒေါ်လာသန်း ၂၀ တန် ထီဆုကြီး ဆွတ်ခူး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ညဆိုင်းဆင်းပြီးတိုင်း ထီထိုးလေ့ရှိတဲ့ သြဇီအမျိုးသား ဒေါ်လာသန်း ၂၀ တန် ထီဆုကြီး ဆွတ်ခူး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ညဆိုင်းဆင်းပြီးတိုင်း ထီထိုးလေ့ရှိတဲ့ သြဇီအမျိုးသား ဒေါ်လာသန်း ၂၀ တန် ထီဆုကြီး ဆွတ်ခူး

ညဆိုင်း အလုပ်ဆင်းပြီးတိုင်း ထီထိုးလေ့ရှိတဲ့ သြစတြေးလျ အမျိုးသားတစ်ယောက်ဟာ ဇွန်လ ၁၃ ရက် နံနက်ပိုင်းမှာတော့ ပေါင် ၁၀.၇ သန်းတန် ထီဆုကြီး ဆွတ်ခူးသွားခဲ့ပါတယ်။ အမည်မဖော်လိုတဲ့ အမျိုးသားဟာ ညဆိုင်း ဆင်းပြီးတိုင်း စိတ်ပြေလက်ပျောက်အနေနဲ့ ထီထိုးခဲ့တာ ဆယ်စုနှစ်တစ်ခု ကျော်ခဲ့ပါပြီ။

သူဟာ နောက်တစ်ရက်မှာ ဖွင့်မယ့် ပေါင် ၃၂.၃ သန်းတန် ထီဆုကြီးအတွက် ဇွန်လ ၁၃ ရက် နံနက် ၃ နာရီမှာ Oz Lotto Powerball ထီလက်မှတ် ဝယ်ယူခဲ့တာဖြစ်ပြီး သြစတြေးလျဒေါ်လာ သန်း ၂၀ (ပေါင် ၁၀.၇ သန်း)တန် ထီဆုကို ဆွတ်ခူးခဲ့တာပါ။ သူဟာ အခု ဘဏ္ဍာနှစ်မကုန်ခင် ထီဆုကြေးငွေတွေ ရရှိမှာဖြစ်ပြီး အကြွေးတွေဆပ်ပြီးရင် ကျန်ငွေအားလုံးကို မိသားစုအတွက်ပဲ သုံးသွားမယ်လို့ ဆိုပါတယ်။

သူဟာ လက်ရှိအလုပ်ကို ဆက်လုပ်မလားဆိုတာ မသေချာသေးပေမဲ့ နေ့ချင်းညချင်း သန်းကြွယ်သူဋ္ဌေးဘဝ ရောက်စေခဲ့လို့ ညဆိုင်း ဆင်းရတဲ့အချိန်တွေကိုတော့ ဘယ်တော့မှ မမေ့နိုင်တော့မှာ သေချာပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။