ဦးနှောက်ရဲ့ RNA ကို ပြောင်းလဲပြင်ဆင်ပြီး ပတ်ဝန်းကျင်အပြောင်းအလဲ စိန်ခေါ်မှုကို ကျော်လွှားတဲ့ ရေဘဝဲများ

International News Knowledge
ဦးနှောက်ရဲ့ RNA ကို ပြောင်းလဲပြင်ဆင်ပြီး ပတ်ဝန်းကျင်အပြောင်းအလဲ စိန်ခေါ်မှုကို ကျော်လွှားတဲ့ ရေဘဝဲများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဦးနှောက်ရဲ့ RNA ကို ပြောင်းလဲပြင်ဆင်ပြီး ပတ်ဝန်းကျင်အပြောင်းအလဲ စိန်ခေါ်မှုကို ကျော်လွှားတဲ့ ရေဘဝဲများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဦးနှောက်ရဲ့ RNA ကို ပြောင်းလဲပြင်ဆင်ပြီး ပတ်ဝန်းကျင်အပြောင်းအလဲ စိန်ခေါ်မှုကို ကျော်လွှားတဲ့ ရေဘဝဲများ

ကျောရိုးမဲ့သတ္တဝါတွေထဲမှာ ဉာဏ်ရည်အမြင့်ဆုံး သတ္တဝါတစ်မျိုးအဖြစ် သတ်မှတ်ခံထားရတဲ့ ရေဘဝဲတွေဟာ ကြီးမားပြီး ဆန်းကျယ်တဲ့ ဦးနှောက်တွေ ပိုင်ဆိုင်ထားကြပါတယ်။ ပတ်ဝန်းကျင်မှာ အပြောင်းအလဲတွေ ကြုံတဲ့အခါ သူတို့ရဲ့ဦးနှောက်ကို ပုံစံပြောင်းလဲနိုင်ဖို့ မျိုးဗီဇအချက်အလက်တွေကို ပြန်လည်ပြင်ဆင်နိုင်စွမ်း ရှိတယ်လို့ Cell သိပ္ပံဂျာနယ်မှာ သုတေသီတွေက ဖော်ပြခဲ့ပါတယ်။

ဒီတွေ့ရှိချက်ဟာ လူသားတွေရဲ့ ခန္ဓာကိုယ်က ဘေးသင့်စေတဲ့ မျိုးဗီဇပြောင်းလဲမှုတွေအတွက် ကုထုံးတွေဖော်နိုင်ဖို့ သိပ္ပံပညာရှင်တွေကို အထောက်အပံ့ ဖြစ်စေမှာပါ။
(အဖျားရောဂါကြောင့်) ခန္ဓာကိုယ်အပူချိန် အလွန်မြင့်တဲ့အခါ (သို့) ခန္ဓာကိုယ်အပူချိန် အလွန်အမင်းကျဆင်းတဲ့အခါ လူသားတွေရဲ့ ဦးနှောက်က အလုပ်လုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ခန္ဓာကိုယ်အပူချိန်ကို ပုံမှန်ဖြစ်အောင် စွမ်းအင်အများကြီးသုံးပြီး ထိန်းထားရပါတယ်။

ရေဘဝဲတွေ နေထိုင်ရာ ရေပြင်ဟာ အပူချိန် ၂၀ ဒီဂရီဆဲလ်စီးယက်လောက်အထိ အပြောင်းအလဲရှိပြီး ရှုပ်ထွေးတဲ့ အာရုံကြောစနစ်ကို ပုံမှန်အတိုင်းရှိနေအောင် ထိန်းထားဖို့က စိန်ခေါ်မှုတစ်ရပ် ဖြစ်ပါတယ်။ ရေဘဝဲတွေကတော့ RNA မော်လီကျူးတွေကို ပြောင်းလဲပြီး အဲဒီစိန်ခေါ်မှုကို ကျော်လွှားကြတာပါ။

ငါးတွေ၊ ငှက်တွေ၊ ပျားတွေကနေ လူတွေအထိ သတ္တဝါအများစုရဲ့ ဦးနှောက်ထဲမှာ ပြောင်းလဲပြင်ဆင်နိုင်တဲ့ RNA မော်လီကျူးပမာဏ အနည်းအကျဉ်းပဲ ရှိပေမဲ့ ရေဘဝဲတွေကတော့ သူတို့ဦးနှောက်ထဲက RNA မော်လီကျူး ၆၀ ရာခိုင်နှုန်းလောက်အထိကို ပြောင်းလဲပြင်ဆင်နိုင်စွမ်း ရှိပါတယ်။

အပူချိန်ပြောင်းလဲမှုကို တုံ့ပြန်ရာမှာ ရေဘဝဲတွေက ဦးနှောက်ကို ပုံမှန်အတိုင်း အလုပ်လုပ်နိုင်အောင် ပုံစံပြောင်းတည်ဆောက်ကြပြီး ၂၄ နာရီမပြည့်ခင် အချိန်တိုအတွင်း ပြောင်းလဲနိုင်စွမ်း ရှိကြပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။