မှတ်မှတ်သားသားဗေဒင်စကားများ ၁

Astrology
မှတ်မှတ်သားသားဗေဒင်စကားများ ၁

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့မှတ်မှတ်သားသားဗေဒင်စကားများ ၁ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မှတ်မှတ်သားသားဗေဒင်စကားများ ၁

မိုးခေါင်တဲ့အရပ်ဒေသတစ်ခုမှာမိုးရွာစေချင်တဲ့ အခါအိမ်ကဘုရားဆင်းထုတော်ကိုရေမကြာခဏဆိုသလိုသပ္ပါယ်ပေး​ပြီးဆုတောင်းပါ။

အိမ်ခေါင်းရင်ဘက် မှာအမှိုက်ပုံမထားရ။ အမှိုက် မပစ်ရ။လာဘ်ပိတ်တယ်။

ညဘက် မှာတံမြက်စည်းပြောင်းပြန် ထောင်ထားပါ။မနက်ဆိုအိမ်ရှေကနေအိမ်နောက်ဖေးဘက်ကိုတံမြက်စည်းလှည်း၍ညနေကျရင်အိမ်နောက်ဖေးကနေအိမ်ရှေ့ကိုတံမြက်စည်း လှဲရင်လာဘ်ပွင့်ပါတယ်။

အိမ်မှာကြည့်မှန်ကွဲရင်မထားရ။သူတပါး အကောက်ကြံတာခံရတတ်တယ်။

စီးတဲ့ဖိနပ်ကိုချွတ်ပြီးအပြန်အလှန်မတီးရ။အိမ်တွင်းရန်ပေါ်တတ်တယ်။

အိမ်သစ်ဆောက်ရင်အိမ်မှာလူပျိုအပျိုရှိက မင်္ဂလာဆောင်ရတတ်တယ်။

ဖိနပ်ဘယ်ညာမှားစီးရင်အလုပ်နှစ်မျိုးလုပ်ရတတ်သလိုရည်းစားနှစ်ယောက်ရတတ်တယ်။

နဖူးအလယ်တည့်တည့်မှာမှည့်ပါခဲ့ရင်မုဆိုးဖို၊ မုဆိုးမဖြစ်တတ်တယ်။

လုံချည်ထမိန်ဝတ်ဆင်ရင်ခေါင်းကစွပ်ပြီးမဝတ်ရ။ဆင်းရဲတာရှည်တတ်တယ်။

အိမ်မှာအဖေ၊အမေပုံမချိတ်ပဲသားသမီးပုံတွေ ချိတ်ထားရင်သားသမီတွေဆုံးမရပြောဆိုရခက်ခဲတတ်တယ်။

ခရီးသွားရင်လမ်းပေါ်မှာမြွေဖြတ်သွားတာမြင်တွေ့ရင်ခြေလှမ်းသုံးလှမ်းနောက်ဆုတ်ပြီးမှခရီး ရှေ့ဆက်သွားပါ။

အိမ်ထောင်ဦးစီးရဲ့အင်္ကျီ၊လုံချည်ဧည့်သည်ကို ပေးဝတ်ရင်အလုပ်အကိုင်ထိခိုက်အဆင်မပြေဖြစ်တတ်တယ်။

လုံချည်၊ထမိန်နဲ့မျက်နှာသုတ်ရင်မကြီးပွားမချမ်းသာပါ။

ကိုယ့်ရဲ့ညာဘက်မှာပေါ်တဲ့အလှူမင်္ဂလာသွားရင်မျက်နှာပွင့်တယ်။လာဘ်ပွင့်တတ်တယ်။

ကိုယ်ရဲ့ဘယ်ဘက်ကပေါ်တဲ့အလှူမင်္ဂလာ သွားရင်လာဘ်တိတ်ပြီးစုထားတဲ့ငွေပါကုန်တတ်တယ်။

ညာဘက်ကအသုဘနာရေးကားသွားတာမြင်ရင်လာဘ်တိတ်တယ်။ဘယ်ကသွားတာမြင်ရင်ငွေဝင်တတ်တယ်။

ကိုယ့်အိမ်ကိုယ့်ဆိုင်ကိုကားဝင်တိုက်ရင်တိုက်တဲ့လူကိုတောင်းပန်ခိုင်းပါ။အတိုက်ခံရတဲ့နေရာကိုလည်းအသစ်ပြုပြင်ခိုင်းပါ။လုပ်မပေးရင်ဝင်တိုက်တဲ့ကားခေါင်းကိုအိမ်ကရေအိုးထဲမှရေကိုခပ်ပြီးနင့်ဒဏ်နင်ခံပြောပြီးလက်ပြန်သုံးခါပက်လိုက်ရင်အဲ့လူမွဲပြာကျသွားလိမ့်မယ်။

အိမ်ပူအိမ်ဆူနေရင်မနက်တကြိမ်၊ညတစ်ကြိမ် သောက်တော်ရေ ၅ ခွက် အိမ်ဘုရားမှာသီးသန့်ကပ်လှူ၍ဆုတောင်း​ပေးပါ။

လမ်းဦးတိုက်လှေဦးတိုက်အိမ်ဖြစ်ခဲ့ရင်ကြည့်မှန်တစ်ချပ်အိမ်ရှေ့ကပ်ထားပါ။

စားသောက်တဲ့ပန်းကန်ခွက်ယောက်တွေကိုမတီးရ။ထမင်းငတ်တတ်တယ်။

ဘုရား​ခန်းရှေ့၊အိမ်ဦးခန်းမှာလင်မယားအတူတူညစ်ညမ်းဇာတ်ကား​ေတွမကြည့်ရ။စီးပွားပျက်ပြီးမွဲတေသွားလိမ့်မယ်။ကြည့်ချင်ရင်အိပ်တဲ့အခန်းထဲကြည့်ကြပါ။

ကိုယ်အိမ်ကိုကိုယ့်မလာစေချင်တဲ့သူရှိရင် တံမြက်စည်းနှစ်ချောင်းကိုအဖျားချင်းတီးခတ်ပြီးမလာစေနဲ့လို့ပါးစပ်ကပြောပါ။

ကိုယ့်အိမ်ခေါင်းရင်းဘက်မှာရန်ဖြစ်ရင် လာဘ်တိတ်တတ်လို့ မိမိအိမ် ခြေရင်းဘက်ကို ခြေထောက်နဲ့ကန်ကြောက်အိုးခွက်ပန်းကန်တွေ အသံထွက်အောင်ဆောင့်ကြီးအောင့်ကြီးပစ်ချရင် လာဘ်မတိတ်တော့ပဲငွေဝင်လာမယ်။

ခြေရင်းဘက်အိမ်ကရန်ဖြစ်သံကြားရင်DJသီချင်းဖွင့်ကငွေဝင်ထီပေါက်တတ်တယ်။

အိမ်တစ်အိမ်မှာလင်ယူ၊မယားယူချစ်သူရည်းစား ခိုးပြေးကြတာခိုးပြေးလာတာနှစ်ကြိမ်တောင်ဖြစ်တယ်အသံကြားရင်ကိုယ့်အိမ်မှာရှိတဲ့ အပျိုလူပျို မင်္ဂလာဆောင်ရတတ်တယ်။
ဤကားဗေဒင်ကျမ်းအလိုတည်း ။

ရေးသားသူ –သာထက်ဇော်မကွေး

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။