မိဘတွေကို ကူညီဖို့ စုထားတဲ့မုန့်ဖိုးနဲ့ ထွန်စက်တစ်စီး ဝယ်ခဲ့တဲ့ ၁၀ နှစ်သား

International News
မိဘတွေကို ကူညီဖို့ စုထားတဲ့မုန့်ဖိုးနဲ့ ထွန်စက်တစ်စီး ဝယ်ခဲ့တဲ့ ၁၀ နှစ်သား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မိဘတွေကို ကူညီဖို့ စုထားတဲ့မုန့်ဖိုးနဲ့ ထွန်စက်တစ်စီး ဝယ်ခဲ့တဲ့ ၁၀ နှစ်သား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မိဘတွေကို ကူညီဖို့ စုထားတဲ့မုန့်ဖိုးနဲ့ ထွန်စက်တစ်စီး ဝယ်ခဲ့တဲ့ ၁၀ နှစ်သား

၁၀ နှစ်သား ကလေးက သူ့မိဘတွေကို ကူညီပေးဖို့ သူ စုထားတဲ့ မုန့်ဖိုးတွေနဲ့ ခေတ်ဟောင်း ထွန်စက်တစ်စီးကို ဝယ်ခဲ့တယ်။ အမေရိကန်နိုင်ငံ ဝစ္စကိုဆင်ပြည်နယ်၊ ဘာဂ်နာနွားမွေးမြူရေးခြံဟာ ဂျီးလ်ဘာဂ်နာနဲ့ ဂျေဆင်တို့ လင်မယား ပိုင်ဆိုင်ပြီး သူတို့မှာ သားသမီး ၄ ယောက် ရှိပါတယ်။

ကာလက်ဘာဂ်နာက ၁၀ နှစ်သားပဲ ရှိသေးပေမဲ့ ကျောင်းမသွားခင် အိမ်အလုပ်တွေ ကူလုပ်ပေးတတ်သူပါ။ ကောက်ရိုးထုံးကြီးကို သယ်ပြီး နွားစာကျွေးတယ်၊ မိဘတွေနဲ့အတူ ခြံရှင်းတယ်၊ သူ့ကိုယ်ပိုင် ဝက်မွေးတယ်။ အိမ်အလုပ်တွေ ကူလုပ်တဲ့အခါ မိဘတွေပေးတဲ့ မုန့်ဖိုးကို စုထားပြီး ခေတ်ဟောင်းထွန်စက်ကြီးကို အမေရိကန်ဒေါ်လာ ၂၈၀၀ နဲ့ ဝယ်ခဲ့တာပါ။

သူ့အဖေ ဂျေဆင်ကလည်း ငယ်ငယ်ကတည်းက ထွန်စက်မောင်းလာသူဆိုတော့ ကာလက်ကို ထွန်စက်မောင်း သင်ပေးတယ်။ ဂျေဆင်နဲ့ ဂျီလ်ဘာနာတို့ လင်မယားကတော့ သူတို့ကလေး ၄ ယောက်လုံးကို မွေးမြူရေးနဲ့ ခြံလုပ်ငန်းအကြောင်း သင်ပေးထားပြီး အတွေ့အကြုံနဲ့ တာဝန်ယူနိုင်စွမ်းကို ကောင်းကောင်းနားလည်စေချင်တယ်လို့ ဆိုပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။