မင်္ဂလာပွဲပါတီအတွက် သုံးမယ့်ငွေတွေနဲ့ အာဖရိကမှာ ကျောင်းဆောက်လုပ်ပေးခဲ့တဲ့ စုံတွဲ

International News
မင်္ဂလာပွဲပါတီအတွက် သုံးမယ့်ငွေတွေနဲ့ အာဖရိကမှာ ကျောင်းဆောက်လုပ်ပေးခဲ့တဲ့ စုံတွဲ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မင်္ဂလာပွဲပါတီအတွက် သုံးမယ့်ငွေတွေနဲ့ အာဖရိကမှာ ကျောင်းဆောက်လုပ်ပေးခဲ့တဲ့ စုံတွဲ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မင်္ဂလာပွဲပါတီအတွက် သုံးမယ့်ငွေတွေနဲ့ အာဖရိကမှာ ကျောင်းဆောက်လုပ်ပေးခဲ့တဲ့ စုံတွဲ

လူးကပ်စ် ရို့စ်ဆီနဲ့ တာအီနာ ပတ်စ်ဆိုယာတို့စုံတွဲက သူတို့ရဲ့မင်္ဂလာပွဲပါတီအတွက် သပ်သပ်ဘေးဖယ်ထားတဲ့ငွေတွေကို အာဖရိကမှာ ကျောင်းတစ်ကျောင်းဆောက်လုပ်ဖို့ သုံးပစ်ခဲ့တာပါ။ သူတို့က အစားအသောက်၊ ဖျော်ဖြေရေးနဲ့ မင်္ဂလာခန်းမအတွက် အသုံးစရိတ်တွေကို စဉ်းစားလိုက်တဲ့အခါ ဒီငွေတွေကို လူအများကြီးအကျိုးရှိစေမယ့်အရာအတွက် သုံးတာပိုကောင်းမယ်လို့ နားလည်သဘောပေါက်ခဲ့ကြတယ်။

အဲဒီအချိန်မှာ သူတို့ဟာ မင်္ဂလာပွဲပါတီအခမ်းအနားကို ဖျက်သိမ်းဖို့ ခိုင်မာတဲ့ဆုံးဖြတ်ချက် ချခဲ့ပြီး သူတို့ သုံးဖို့ လုပ်ထားခဲ့တဲ့ ငွေတွေအားလုံးကို လှူဒါန်းခဲ့ပါတယ်။ အာဖရိက ကလူထုအကျိုးပြုမစ်ရှင်အမျိုးမျိုးမှာ ပါဝင်ခဲ့ဖူးတဲ့ တာအီနာ ပတ်စ်ဆိုယာက အာဖရိကတိုက်ရှိ လူ့အဖွဲ့အစည်းများစွာမှာ ကြုံတွေ့နေရတဲ့၊ ရင်ဆိုင်နေရတဲ့ အခြေအနေတွေကို ကောင်းစွာသိရှိထားခဲ့တာပါ။

အခုဆို မာတူဘာဒေသရှိ Mozambican ရွာလေးမှာ စာသင်ကျောင်းက စတင်အသုံးပြုလို့ရပြီဖြစ်ပေမဲ့၊ တာအီနာနဲ့ လူးကပ်စ်တို့ဆီက ကနဦးလှူဒါန်းမှုက ရေရှည်အတွက် မလုံလောက်ပါဘူး။ ဒါကြောင့် ဒီအတွက် လူမှုကွန်ယက်တွေကတဆင့် ရန်ပုံငွေတွေကို တက်ကြွစွာ စုဆောင်းနေပါတယ်။ ရွာလေးက မြို့နဲ့ဝေးပြီး သီးခြားတည်ရှိနေတဲ့အတွက် လျှပ်စစ်မီးမရှိ၊ မြေဆီလွှာမကောင်း၊ ပျမ်းမျှအပူချိန်ကလည်း ၃၉ ဒီဂရီရှိတယ်ဆိုတဲ့ အခြားအခက်အခဲတချို့ကိုလည်း တာအီနာက ထုတ်ပြောထားပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။