မိတ်ဆွေနေအိမ်ရဲ့_အရပ်ရှစ်မျက်နှာအကြောင်း_သိကောင်းစရာများ

Astrology
မိတ်ဆွေနေအိမ်ရဲ့_အရပ်ရှစ်မျက်နှာအကြောင်း_သိကောင်းစရာများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မိတ်ဆွေနေအိမ်ရဲ့_အရပ်ရှစ်မျက်နှာအကြောင်း_သိကောင်းစရာများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မိတ်ဆွေနေအိမ်ရဲ့_အရပ်ရှစ်မျက်နှာအကြောင်း_သိကောင်းစရာများ

၁။ ပရိဝါရအရပ်

မိမိ၏ မွေးနံအရပ်ကို ပရိဝါရအရပ်ဟု ခေါ်သည်။ ထိုအရပ်၌ အလုပ်အကိုင်အတွက် တွေ့ဆုံစကားပြောစေခြင်း၊လုပ်ငန်းကိစ္စများ ဆောင်ရွက်ခြင်း၊ ထိုအရပ်ကို ဦးခေါင်းပြု၍ အိပ်ခြင်း၊ဘုရားပုံများ ချိတ်ဆွဲခြင်းတို့ကို ပြုလုပ်ပါ။
ထိုအရပ်၏ နေ့တစ်နေ့တာ အကောင်းဆုံးအချိန်မှာ နံနက် 9:00 မှ 10:00 အတွင်း ဖြစ်တယ်။ပရိဝါရအရပ်၌ မပြုလုပ်အပ်သော ကိစ္စများမှာ ရေတွင်း ရေကန်တူးခြင်း စက်မှုလက်မှုလုပ်ငန်းနှင့် လယ်ယာလုပ်ငန်းတို့ကို မပြုလုပ်သင့်ပါ။

၂။ အာယုအရပ်

အာယု၏ အဓိပ္ပါယ်မှာ အသက်ဖြစ်ပါတယ်။ ဒါကြောင့် အသက်ရှည် ကျန်းမာအောင် ဆောင်ရွက်နေထိုင်ရသည့် အရပ်ဖြစ်ပါတယ်။ မိမိရဲ့မွေးနံတူ သစ်ပင်များ စိုက်ပျိုးနိုင်ပါတယ်။ ကျန်းမာရေးနဲ့ ဆိုင်တဲ့ ကိစ္စများကိုလဲ ပြုလုပ်နိုင်ပါတယ်။
ဒီအရပ်ရဲ့ နေ့တစ်နေ့တာ အကောင်းဆုံးအချိန်က မွန်းလွဲ 1:30 မှ 3:00 အတွင်း ဖြစ်ပါတယ်။

အာယုအရပ်မှာ ခေါင်းဆေးခြင်းယတြာ ပြုလုပ်ခြင်း ရှောင်ကြဉ်ပါ။ ဒီအရပ်မှာ သန့်ပြန့်သန့်ရှင်းအောင် ဆောင်ရွက်ပါ။မင်္ဂလာကိစ္စများကို မပြုလုပ်သင့်ပါ။

၃။ နာဂရအရပ်

နာဂရ၏ အဓိပ္ပါယ်မှာ မြို့ပြပြည်ရွာ ဖြစ်ပါတယ်။ စည်ကားသော နေရာလို့လဲ ခေါ်ဆိုပါတယ်။ အရောင်းအဝယ်ကိစ္စရပ်များ၊ စီးပွားရေး ကိစ္စများ ဆောင်ရွက်ရင် ကောင်းပါတယ်။ ဒီအရပ်မှာ ယတြာစီရင်ခြင်း အမှတ်တရပစ္စည်းများ ထားခြင်း၊
လုပ်ငန်းကိစ္စများ ဆွေးနွေးရန် အခန်းထားခြင်း၊ စာချုပ်စာတမ်းများ၊ ဗီရို၊ သေတ္တာ၊ မီးခံသေတ္တာ၊ စည်းစိမ်ဥစ္စာ တည်မြဲရန်ကိစ္စများ ထားရှိနိုင်ပါတယ်။

ဒီအရပ်၏ အကောင်းဆုံးအချိန်က နံနက် 7:00 မှ စတင်ပြီး မည်သည့်အချိန်မဆို ပြုလုပ်နိုင်ပါတယ်။နာဂရအရပ်မှာ ရေနှင့်ဆိုင်သော အရာများဖြစ်တဲ့ ရေအိုးစင်၊ ရေခဲသေတ္တာများ မထားသင့်ပါ။

၄။ ဘုမ္မိအရပ်

ဘုမ္မိ၏ အဓိပ္ပါယ်မှာ မြေကြီးဖြစ်ပါတယ်။ဒီအရပ်မှာ မင်္ဂလာရှိသော အရာများ မထားသင့်ပါ။ လုပ်ငန်းများလဲ ဒီအရပ်မှာ မပြုလုပ်သင့်ပါ။ ဒီအရပ်မှာ လှေကားထားရင် လာဘ်ဝင်တတ်တယ်။ ရန်ဓာတ်ဆင်ပါကလည်း ရောင်းမထွက်သော ကုန်ပစ္စည်းများ အရောင်းသွက်တတ်ပါတယ်။

ဒီအရပ်ရဲ့ အကောင်းဆုံးအချိန်က12:00 မှ 1:30 အတွင်း ဖြစ်ပါတယ်။ဘုမ္မိအရပ်မှာ ဆေးကုခြင်းခွဲစိတ်ပြုပြင်ခြင်းများ ပြုလုပ်ပါက အောင်မြင်တတ်ပါတယ်။ ခြေသည်းလက်သည်း ဆံပင်များကို ဘုမ္မိအရပ်မှာစွန့်ပစ်ပါက ရောဂါများ ကင်းဝေးစေပါတယ်။

၅။ ဂဟပတိအရပ်

ဂဟပတိ၏ အဓိပ္ပါယ်မှာ အိမ်ကြီးရှင် ဖြစ်ပါတယ်။ ဒီအရပ်မှာ ရွှေ၊ ငွေ၊ ပစ္စည်းဥစ္စာများ သိုမှီခြင်း၊ ဘဏ်လုပ်ငန်းကိစ္စ ဆောင်ရွက်ခြင်း၊ စပါးကျီများ သိုလှောင်ခြင်းတို့ ပြုလုပ်သင့်ပါတယ်။ဒီအရပ်မှာ အလှူအတန်း ပြုလုပ်ခြင်းကျွေးမွေးခြင်းဖြင့် စီးပွားဥစ္စာ တိုးတတ်စေပါတယ်။ဒီအရပ်ရဲ့ အကောင်းဆုံးအချိန်ကတော့ညနေ 4:30 မှ 6:00 အတွင်း ဖြစ်ပါတယ်။ဒီအရပ်မှာ ဥယျာဉ် လယ်ယာစိုက်ပျိုးရန် မသင့်ပါ။ မင်္ဂလာမရှိသော ပစ္စည်းများလဲ မထားသင့်ပါ။

၆။ တေဇအရပ်

တေဇ၏ အဓိပ္ပါယ်မှာ တန်ခိုးဖြစ်ပါတယ်။လူတစ်ဦး၏ ဘုန်းတန်ခိုး သြဇာအာဏာ အရှိန်အဝါအတွက် ဖြစ်ပါတယ်။ဒီအရပ်မှာ ထီး၊ တံခွန်၊ ကျောင်းကန်၊ဘုရား၊ ဂူယ ကျောင်း၊ စေတီ၊ ပုထိုး၊နန်းသိမ်းပွဲ၊ ဘိသိက်ခံပွဲကျင်းပခြင်းနှင့်အနိုင်ယူရန် တိုက်ပွဲများအတွက် အောင်မြင်စေတဲ့ အရပ် ဖြစ်ပါတယ်။

ဒီအရပ်ရဲ့ အကောင်းဆုံးအချိန်ကနံနက် 9:00 မှ 10:30 အတွင်း ဖြစ်ပါတယ်။တေဇအရပ်မှာ မသန့်သော ကိစ္စများ မပြုသင့်ပါ။ မည်သည့်သစ်ပင်မှ ဒီအရပ်မှာ မစိုက်သင့်ပါ။

၇။ ဌာနအရပ်

ဌာန၏ အဓိပ္ပါယ်မှာ ရာထူးဌာနန္တရကို ဆိုလိုပါတယ်။ ရာထူးတည်မြဲရန် အလုပ်အကိုင်တည်မြဲရန် လုပ်ကိုင်ခြင်း၊ ဂိုဒေါင်များ စက်ရုံများတည်ခြင်း၊ စာရွက်စာတမ်းများ ထားခြင်း၊ အရောင်းပြခန်းများ ပြသခြင်း၊ရေတွင်း၊ ရေကန်၊ ရေစက်၊ ငါးကန်၊ ရေခဲသေတ္တာစသည်တို့ ထားရှိရင် ကောင်းပါတယ်။

ဒီအရပ်ရဲ့ အကောင်းဆုံးအချိန်မှာမွန်းတည့် 12:00 မှ 1:30 အတွင်း ဖြစ်ပါတယ်။
ဌာနအရပ်မှာ မသန့်သော အသုံးအဆောင်တွေ မခိုင်မာသည့် ပစ္စည်းတွေ မထားသင့်ပါ။ ခေတ္တငှားသုံးတဲ့ ပစ္စည်းများလဲ မထားသင့်ပေ။

၈။ သီရိအရပ်

သီရိ၏ အဓိပ္ပါယ်မှာ ကျက်သရေမင်္ဂလာ ဖြစ်ပါတယ်။ အမှတ်တရပစ္စည်းများကျက်သရေမင်္ဂလာရှိသောပုံများထားလျှင် အရမ်းကောင်းပါတယ်။
ဘုရားကျောင်းဆောင် ဧည့်ခန်းတို့ ထားသင့်ပါတယ်။ လုပ်ငန်းများ ကောင်းစေရန် ဒီအရပ်မှာ လုပ်ဆောင်သင့်ပါတယ်။ဒီအရပ်ရဲ့ အကောင်းဆုံးအချိန်ကတော့နံနက် 10:30 မှ မွန်းတည့် 12:00 အတွင်း ဖြစ်ပါတယ်။သီရိအရပ်မှာ ရေတွင်း ရေကန်လှုခြင်း၊
မျက်နှာသစ်ခြင်း၊ မဏ္ဍပ်ဆောက်ခြင်းများ ရှောင်ပါ။ အထူးသဖြင့် ဆူးပါသော အပင်များကို မစိုက်သင့်ပါ။

မိတ်‌‌ဆွေများအားလုံး ကျန်းမာချမ်းသာ ကြပါစေ။

ရေးသားသူ – Htet Myat Aung

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။