မိုဇမ်ဘစ်နိုင်ငံထွက် ပတ္တမြားကြီး စံချိန်တင်ဈေးနှုန်း ဒေါ်လာ ၃၄.၈ သန်းနဲ့ လေလံအောင်မြင်

International News
မိုဇမ်ဘစ်နိုင်ငံထွက် ပတ္တမြားကြီး စံချိန်တင်ဈေးနှုန်း ဒေါ်လာ ၃၄.၈ သန်းနဲ့ လေလံအောင်မြင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မိုဇမ်ဘစ်နိုင်ငံထွက် ပတ္တမြားကြီး စံချိန်တင်ဈေးနှုန်း ဒေါ်လာ ၃၄.၈ သန်းနဲ့ လေလံအောင်မြင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မိုဇမ်ဘစ်နိုင်ငံထွက် ပတ္တမြားကြီး စံချိန်တင်ဈေးနှုန်း ဒေါ်လာ ၃၄.၈ သန်းနဲ့ လေလံအောင်မြင်

လေလံပွဲမှာ ပြသခဲ့တဲ့ ပတ္တမြားတွေအနက် အကြီးဆုံးဖြစ်တဲ့ ၅၅.၂၂ ကာရက် ပတ္တမြားဟာ စံချိန်တင်ဈေးနှုန်း အမေရိကန်ဒေါ်လာ ၃၄.၈ သန်းနဲ့ လေလံအောင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ဇူလိုင်လက မိုဇမ်ဘစ်နိုင်ငံ မိုင်းတွင်းကနေ တူးဖော်တွေ့ရှိခဲ့တာဖြစ်ပြီး အကွက်မသွေးခင် ၁၀၁ ကာရက်အထိ ရှိပါတယ်။ Sotheby’s ရဲ့ လေလံပြပွဲမှာ လေလံအောင်ခဲ့တာပါ။

ကနေဒါကျောက်မျက်ကုမ္ပဏီ Fura Gems ရဲ့ မိုင်းတွင်းတစ်ခုမှာ ဒီပတ္တမြားကို တူးဖော်တွေ့ရှိခဲ့တာဖြစ်လို့ Fura ရဲ့ ကြယ်ပွင့်လို့ တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။ အရောင်အသွေး၊ ကြည်လင်ပြတ်သားမှုနဲ့ အရွယ်အစားအရ ဒီလိုပတ္တမြားမျိုး တစ်ခါမျှ မမြင်ဖူးဘူးလို့ ဒီပတ္တမြားကို စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲခန်းတာဝန်ရှိသူက ဆိုပါတယ်။

ကမ္ဘာပေါ်မှာ ပတ္တမြားအထွက်ဆုံး နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ မိုဇမ်ဘစ်နိုင်ငံဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် အနည်းငယ်ကမှ ပတ္တမြားတွေ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ၂၀၀၉ ခုနှစ်မှာ ပတ္တမြားသိုက်ကြီး တွေ့ရှိခဲ့ပြီးနောက်မှသာ နိုင်ငံတကာရဲ့ အာရုံစိုက်ခြင်း ခံခဲ့ရတာပါ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။