၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ မှ ဇူလိုင်လ ၂ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

Astrology
၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ မှ ဇူလိုင်လ ၂ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ မှ ဇူလိုင်လ ၂ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ မှ ဇူလိုင်လ ၂ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

ရာသီခွင်အလိုက် ယေဘူယျ အကျဉ်းချုပ် ဟောစာတမ်းများဖြစ်ပါသည် ။ အကောင်းအဆိုး ၊ အကြောင်းအကျိုးကို ဆင်ခြင်ပြုမူဆောင်ရွက်နိုင်ရန်အတွက်သာဖြစ်သည်။

မိဿရာသီခွင် – Aries ( June 26 to July 2 )

ယခုအပတ်တွင် Aries ရာသီခွင်တို့သည် ကျန်းမာရေးအရ အားနည်းနေတတ်ပါတယ်။ အအေးမိ ဖျားနာခြင်းများ ဖြစ်ပေါ်ခံစား ရနိုင်ပါတယ်။ ပေါ့ပေါ့ဆဆ မနေပါနှင့်။ စနစ်တကျ ကုသမှု ခံယူပါ။

ယခုသီတင်းပတ်အတွင်း ငွေကြေး အခြေအနေ သည် တိုးတက်လာသော်လည်း မိသားစုဝင်တစ်ဦး၏ ကျန်းမာရေး ညံ့ဖျင်မှုကြောင့် ငွေကြေး သုံးစွဲရတတ်ပါတယ်။ ငွေကြေးရေးရာ ကိစ္စနှင့် ပက်သက်၍ ကူညီရတတ်ပါတယ်။

ဤကာလအတွင်း အသက်မွေးဝမ်းကြောင်းတွင် အရှိန်အဟုန်ဖြင့် လုပ်ဆောင်နိုင်ပါမယ်။ တိုးတက်မှုတို့နှင့် အတူ အကျိုးခံစားခွင့်များကိုပါ ရရှိနိုင်ပါမယ်။

ပြိဿရာသီခွင် – Taurus ( June 26 to July 2 )

ယခုအပတ်တွင် Taurus ရာသီခွင်တို့၏ ကျန်းမာရေးသည် အားနည်းနေပါမယ်။ ဒါကြောင့် လိုအပ်ပါက မဖျားခင် ဆေးသောက်ပါ။ လုံလုံလောက်လောက် အနားယူသင့်ပါတယ်။

ဤကာလအတွင်း ငွေကြေးအရ ချွေချွေတာတာ သုံးစွဲသင့်ပါတယ်။ ငွေကြေး တောင်းဆိုမှုများ ရှိလာနိုင်ပါတယ်။

တခါတရံ မိသာစုရေးရာ ကိစ္စရပ်တို့ကြောင့် စိတ်ဓာတ်ကျဆင်းစေနိုင်ပါတယ်။ အထူးသဖြင့် မိမိဘက်က မှားယွင်းစေနိုင်သော အပြုအမူတို့ကို ရှောင်ရှားပါ။

မေထုန်ရာသီခွင် – Gemini ( June 26 to July 2 )

ယခုအပတ်တွင် Gemini ရာသီခွင်တို့သည် ကျန်းမာရေးနှင့် ပက်သက်၍ ကြိုးစားအားထုတ် ပေးရပါလိမ့်မယ်။ အထူးသဖြင့် ကိုယ်လက်လှုပ်ရှားမှုတို့ကို ပြုလုပ်ပေးပါ။ စိတ်ပိုင်းဆိုင်ရာအရ တက်ကြွနေပါမယ်။

ဤကာလအတွင်း ငွေရေးကြေးရေး အတက်အကျတို့နှင့် ပြည့်နေပါလိမ့်မယ်။ အစောပိုင်း အချိန်ကာလတွင် အနည်းငယ် ကျပ်တည်းနေနိုင်သော်လည်း နောက်ပိုင်းတွင် မတူညီသော နယ်ပယ်များစွာမှ ဝင်ငွေများ ရရှိနိုင်ပါမယ်။

မိသားစု ပတ်ဝန်းကျင်တွင် ပျော်ရွင်မှုများ ရှိနေပါမယ်။ သို့သော် မိမိတတ်နိုင်သမျှ အိမ်မှုရေးရာ ကိစ္စရပ်များကို ကူညီဆောင်ရွက်ပေးရပါမယ်။

ကရကဋ်ရာသီခွင် – Cancer ( June 26 to July 2 )

ယခုအပတ်တွင် Cancer ရာသီခွင်တို့သည် စိတ်ဖိစီးမှုတို့ကြောင့် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ငွေရေးကြေးရေးအရ တိုးတက်နေမည်ဖြစ်ပြီး ဝင်ငွေ‌သည် ကောင်းမွန်နေပါမယ်။ မိမိ၏ စိတ်ကူးစိတ်သန်းကို အပြည့်အဝ အသုံးချပါ။

သို့သော် ငွေရေးကြေးရေးနှင့် ပက်သက်၍ ဆုံးဖြတ်ချက်မချမှီ အသေချာ စဉ်းစား ဆုံးဖြတ်ပါ။

မိမိ၏ စိတ်ဆန္ဒအပြင် မိသားစုဝင်၏ အကြံပြုချက်ကိုပါ ထည့်သွင်း စဉ်းစားပေးပါ။ ညှိနှိုင်းဆောင်ရွက်ပါက ပိုမိုကောင်းမွန်သော ရလာဒ်ကို ရရှိစေနိုင်ပါတယ်။

သိဟ်ရာသီခွင် – Leo ( June 26 to July 2 )

ယခုအပတ်တွင် Leo ရာသီခွင်တို့သည် ကျန်းမာရေး ပြဿနာတို့နှင့် ရင်ဆိုင်ရတတ်ပါတယ်။ အထူးသဖြင့် မျက်စိ၊ နား၊ နှာခေါင်းနှင့် ပက်သက်၍ ဂရုစိုက်ပါ။

ဤကာလအတွင်း ငွေကြေးအရ စုဆောင်းမှုများ ပြုလုပ်နိုင်ပါမယ်။ အစောပိုင်း အချိန်ကတည်းက ငွေကြေး အခြေအနေသည် ကောင်းမွန်နေပါမယ်။

မိသားစုဝင်များ အကြား အတိတ်ကာလမှ နားလည်မှုလွဲမှားမှုများကို ဖြေရှင်းရာတွင် အောင်မြင်မှုကို ရရှိနိုင်ပါမယ်။ မိသားစု ပတ်ဝန်းကျင်တွင် ပျော်ရွင်မှုများ ပြည့်နှက်နေပါမယ်။

ကန်ရာသီခွင် – Virgo ( June 26 to July 2 )

ယခုအပတ်တွင် Virgo ရာသီခွင်တို့သည် မျက်လုံးနှင့် ပက်သက်၍ ဝေဒနာအချို့ ခံစားရနိုင်ပါတယ်။ ဖုန်ထူသော သို့မဟုတ် ညစ်ညမ်းသော နေရာများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ပါ။ နံနက်ခင်းတွင် တတ်နိုင်သမျှ မိနစ် ၃၀ ခန့် လမ်းလျှောက်ပေးပါ။

ငွေရေးကြေးရေးအရ ယခုအပတ်တွင် အနည်းငယ် ကျပ်တည်းနေနိုင်ပါတယ်။ အထူးသဖြင့် မိသားစု လိုအပ်ချက်များအတွက် ငွေကြေး သုံးစွဲရတတ်ပါတယ်။

တခါတရံ မိသာစုရေးရာ ကိစ္စရပ်တို့ကြောင့် စိတ်ဓာတ်ကျဆင်းစေနိုင်ပါတယ်။ အထူးသဖြင့် မိမိဘက်က မှားယွင်းစေနိုင်သော အပြုအမူတို့ကို ရှောင်ရှားပါ။

တူရာသီခွင် – Libra ( June 26 to July 2 )

ယခုအပတ်တွင် Libra ရာသီခွင်တို့သည် ကျန်းမာရေးအရ စိုးရိမ်ပူပန်စရာ မလိုအပ်ပါဘူး။ အထူးသဖြင့် မိမိ၏ စိတ်ကို ပျော်ရွင်အောင်ထားပါ။

ဤကာလအတွင်း ငွေကြေး အခြေအနေ တိုးတက်မှု ရှိနေပါမယ်။ ငွေကြေး ကံတရားသည် အားကောင်းနေပါမယ်။ ဒါကြောင့် ထိုသို့သော အခြေအနေမျိုးတွင် မိမိ၏ ကြိုးစားအားထုတ်မှုကို နည်းနည်းလေးမှ မပျက်ပါစေနှင့်။

ယခုအပတ်တွင် မိသားစုလုပ်ငန်းနှင့် ဆက်စပ်နေကြသော Libra ရာသီခွင်များ အနေနဲ့ ပံ့ပိုးမှုကူညီမှုကို အပြည့်အဝရရှိနိုင်မှာ ဖြစ်ပါတယ်။

ဗြိစ္ဆာရာသီခွင် – Scorpio ( June 26 to July 2 )

ယခုအပတ်တွင် Scorpio ရာသီခွင်တို့သည် မိမိ၏ လုပ်ငန်းတာဝန်ထက် ကျန်းမာရေးကို ပိုမိုအားစိုက်ပေးရပါလိမ့်မယ်။ အထူးသဖြင့် လုံလုံလောက်လောက် အနားယူပါ။

ဤကာလအတွင်း ငွေရေးကြေးရေးအရ ကံတရားသည် ကောင်းမွန်နေပါမယ်။ မိမိကြိုးစား အားထုတ်သလောက် အကျိုးခံစားခွင့် ရရှိနိုင်ပါမယ်။ ဒါ့အပြင် ငွေကြေး ကူညီထောက်ပံ့မှုများလည်း ရှိနေပါမယ်။

သို့သော် အသေးအမွှားကိစ္စများ အပေါ် သဘောထားကွဲလွဲမှုတို့ကြောင့် မိသားစုဝင်များနှင့် စကားအခြေအတင် ပြောဆိုရတတ်ပါတယ်။

ဓနုရာသီခွင် – Sagittarius ( June 26 to July 2 )

ယခုအပတ်တွင် Sagittarius ရာသီခွင်တို့သည် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာအရ ကြံ့ခိုင်မှုရှိအောင် အားထုတ်ပေးရပါလိမ့်မယ်။ ကိုယ်လက်လှုပ်ရှားမှုနှင့် အတူ တရားထိုင်ခြင်းတို့ကို ပြုလုပ်ပေးပါ။ လိုအပ်ပါက ဆေးဝါးအကူအညီကို ရယူနိုင်ပါတယ်။

ဤကာလအတွင်း ငွေကြေး ကိစ္စရပ်နှင့် ပက်သက်၍ သတိထား ဆောင်ရွက် ပေးရပါမယ်။ အထူးသဖြင့် ရရှိလာသော ငွေကြေးကို နည်းစနစ်တကျ ရင်းနှီးမြုပ်နှံပါ။ အတွေ့အကြုံရှိသူထံမှ အကြံဉာဏ်မျာယကို နားစွင့်ပေးပါ။

ယခုအပတ်တွင် Sagittarius ရာသီခွင်တို့၏ မိသားစုအတွင်း ပျော်ရွှင်မှုသည် ပြန်လည်ရောက်ရှိလာပါမယ်။ မိသားစုဝင်သစ် ရောက်ရှိလာဖွယ် ရှိနေပါတယ်။

မကာရရာသီခွင် – Capricorn ( June 26 to July 2 )

ယခုအပတ်တွင် Capricorn ရာသီခွင်တို့သည် စိတ်ဖိစီးမှုနှင့် အတူ စိုးရိမ်ပူပန်မှုများကို ခံစားရစေနိုင်ပါတယ်။

ငွေကြေး ကိစ္စရပ်နှင့် ပက်သက်၍ ပြဿနာများ ဖြစ်ပေါ်နိုင်ခြေ ရှိနေပါတယ်။ အထူးသဖြင့် မည်သည့်လူကိုမျှ မျက်စိမှိတ် ယုံကြည်ခြင်းကို ရှောင်ကြဉ်ပါ။

ဤကာလအတွင်း မိမိ၏ ကျန်းမာရေးအပြင် မိသားစုဝင်တို့၏ ကျန်းမာရေးကိုပါ ဂရုစိုက်ပေးရပါမယ်။ မိသားစုအတွင်း အလုပ်အကိုင်နှင့် ပက်သက်၍ သတင်းကောင်း ကြားသိရနိုင်ပါမယ်။

ကုမ်ရာသီခွင် – Aquarius ( June 26 to July 2 )

ယခုအပတ်တွင် Aquarius ရာသီခွင်တို့၏ ကျန်းမာရေးသည် တိုးတက်မှု ရှိနေပါမယ်။ ဒါ့အပြင် မိမိကိုယ် မိမိ ယုံကြည်မှု အားကောင်းနေပါမယ်။ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာတွေကို ပုံမှန် စားသုံးပေးပါ။ သို့သော် အအေးစာများကို ရှောင်ရှားသင့်ပါတယ်။

ဤကာလအတွင်း မလိုအပ်သော အသုံးစရိတ်တို့ကြောင့် မိမိ၏ ဘဏ္ဍာရေးအခြေအနေကို ပိုမိုဆိုးရွား သွားစေနိုင်ပါတယ်။

လူမှုရေး နယ်ပယ်များတွင် အများသူ၏ အာရုံစိုက်ခြင်းကို ခံရနိုင်ပါမယ်။ ဂုဏ်သိက္ခာနှင့် အတူ လေးစားမှုကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

မိန်ရာသီခွင် – Pisces ( June 26 to July 2 )

ယခုအပတ်တွင် Pisces ရာသီခွင်တို့သည် ကျန်းမာရေးကို ထိခိုက်စေနိုင်သော အလေ့အကျင့်များကို စွန့်လွတ်သင့်ပါတယ်။ လုံလုံလောက်လောက် အနားယူပေးပါ။

အကယ်၍ ငွေရေးကြေးရေး အခက်အခဲများနှင့် ကြုံတွေ့နေရပါက ယခုအပတ်တွင် ငွေကြေးအထောက်အပံ့ကို ရရှိနိုင်ပါမယ်။

ဝေးကွာနေသော ဆွေမျိုးတစ်ဦးထံမှ သတင်းကောင်းအချို့ကြောင့် ပျော်ရွင်ရတတ်ပါတယ်။ မိသားစုအတွင်း မင်္ဂလာအခမ်းအနား ကျင်းပဆောင်ရွက်ဖွယ် ရှိနေပါတယ်။ ဤကာလအတွင် မိမိ၏ စိတ်နေစိတ်ထားကြောင့် အပြုအမူ အပြောင်းအလဲ အချို့ ရှိလာနိုင်ပါတယ်။

ရေးသားသူ –Care Your Future – ဗေဒင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။