ကြက်သွန်ယတြာ

Astrology
ကြက်သွန်ယတြာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကြက်သွန်ယတြာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကြက်သွန်ယတြာ

လူတိုင်းမှာ အပူသောကဆိုတာ…အနည်းနှင့်အများသာ ကွာခြားတတ်ပြီး လူတိုင်းသောကနှင့် မကင်းတတ်သေးပါဘူး..ဒီလိုအပူသောကထဲမှာ မှငွေကြောင့်သောကဖြစ်ခဲ့ရင် ဘာမှအားမငယ်ပါနှင့် လွယ်ကူရိုးရှင်း ထိရောက်မြန်ဆန်တဲ့ အောက်ပါယတြာလေးကို ပြုလုပ်ဆောင်ရွက်ကြည့်ပါ…။အားလုံးအဆင်ပြေ သွားသည်ကို မျက်မြင်ချက်ချင်းခံစားရတတ်ပါသည်။
ကြေးလင်ဗန်း အနေတော်လေးတစ်ခုထဲ ကြက်သွန်နီ ၆လုံးကိုထည့်ပါ။ထို့နောက် မိမိအိမ်ဘုရားကျောင်းစောင်မှာ ပြုလုပ်ဆောင်ရွက်နိုင်ပါသည်…။ ထို့နောက် မိမိကြိုက်တဲ့ ကြက်သွန်နီ၁လုံးတွင် ဖယောင်းတိုင်သေးတစ်တိုင်ကို ထွန်းညှိပါ။ မီးထွန်းညှိထားသောအချိန်တွင် ၂၄ပစ္စည်းပဌါန်းကို ရွတ်ပါ။အကျယ်ရွတ်ဆိုလျင် ၁ကြိမ်ဖြစ်ပြီး အကျဉ်းရွတ်ဆိုပါက ၂၄ခေါက်ပြည့်အောင်ရွတ်ဆိုပါ…။

၂၁ရက်တိတိပြုလုပ်ဆောင်ရွက်ပါ။ လင်ဗန်းထဲမှ ကြက်သွန်များ ပုပ်ရင်ပုပ်မယ် …အညှောက်ထွက်မယ်…များဖြစ်ပွားပါမည်။ ပုပ်သွားလျင် အသစ်လဲပြီးထပ်လုပ်ပါ။ အညှောက် အနည်းဆုံး၄ခုထွက်လာလျင် မိမိအကြံအစည် အခက်အခဲပျေပျောက်မည် ဖြစ်ပါသည်…။ ၂၁ရက်ပြည့်သောအခါ ပုပ်သော ၊အညှောက်ထွက်သော ကြက်သွန်နီများ အားလုံးကို စီးဆင်းနေသော မြစ်ချောင်းများတွင် စွန့်ပစ်လိုက်ပါ…။

သင်ဆရာ မြင်ဆရာ ကြားဆရာများ အားလုံးကို… အစဉ်ဦးညွှတ်ကန်တော့လျက်…

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။