သင်၏ နေအိမ်၊ ဆိုင်ခန်း မျက်နှာလှည့်သော အရပ်ကို ကြည့်၍ လာဘ်လာဘ ပွင့်လန်းစေသောနည်းများ…

Astrology
သင်၏ နေအိမ်၊ ဆိုင်ခန်း မျက်နှာလှည့်သော အရပ်ကို ကြည့်၍ လာဘ်လာဘ ပွင့်လန်းစေသောနည်းများ…

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သင်၏ နေအိမ်၊ ဆိုင်ခန်း မျက်နှာလှည့်သော အရပ်ကို ကြည့်၍ လာဘ်လာဘ ပွင့်လန်းစေသောနည်းများ… ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သင်၏ နေအိမ်၊ ဆိုင်ခန်း မျက်နှာလှည့်သော အရပ်ကို ကြည့်၍ လာဘ်လာဘ ပွင့်လန်းစေသောနည်းများ…

လာဘ်ပွင့်စေသော ယတြာမျိုးစုံ ရှိပါသည်။ ထိုယတြာ နည်းများစွာတွင်
လူတစ်ဦး တစ်ယောက်၏ မွေးနေ့မွေးရက် မွေးသက္ကရာဇ် များကို အဓိကထား၍ ဆောင်ရွက်ခြင်းများကိုသာ တင်ထားတာ များပါတယ်။

အခုပြောမှာကတော့ မိမိနေအိမ်၏ မျက်နှာ လှည့်ရာ အရပ်ကို အဓိကထား၍ လာဘ်ပွင့်အောင် လာဘ်လာဘ ရွှင်လန်းအောင် ဆောင်ရွက်ရသော နည်းကို ပြောပြပါမည်။
အဲဒီလို ဆောင်ရွက်တဲ့အတွက် ဘာ အကျိုးကျေးဇူးတွေကို ရရှိနိုင်သလဲ ဆိုတော့ အဲဒီနေအိမ်မှာ နေထိုင်တဲ့ လူသား အားလုံး မိမိတို့၏ လုပ်ငန်းဆောင်တာများ မှာ ထူးထူးကဲကဲ အောင်မြင်ခြင်း၊ အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်ခြင်း၊ စီးပွားရေးများ အောင်မြင်နိုင်ခြင်း ကြုံတွေ့ရမယ့် အခက်အခဲတွေ ပြဿနာတွေ အဆင် မပြေမှု့တွေ အတိုက်အခိုက်တွေ ကနေ လွတ်မြောက်နိုင်ပါတယ်။

မိမိတို့နေအိမ် သာယာစေရန် တိုးတက်စေရန် အကျိုးပြုစေပါတယ်။ ဒီနည်းကို ဆောင်ရွက်မယ့် သူတွေက မွေးနေ့မွေးရက် မွေးသက္ကရာဇ် တိတိကျကျ သိစရာမလိုပါဘူး။ မိမိနေအိမ်က ဘယ်ဘက်ကို မျက်နှာ မူသလဲ။ အဲဒီမျက်နှာမူရာ အရပ်ဒေသကို အဓိက ထားပြီး ဆောင်ရွက်ရတဲ့ နည်းဖြစ်ပါတယ်။

အရှေ့အရပ်ကို မျက်နှာလှည့်သော နေအိမ်များ တွင် နေထိုင်သူများ လာဘ်ပွင့်စေရန်

အရှေ့အရပ်ကို မျက်နှာလှည့်သော အိမ်ကို တနင်္လာဂြိုဟ်မင်းက စိုးမိုး အကျိုးပြုသော အိမ်ဟု သတ်မှတ်သည်။ ထိုအိမ်တွင် နေထိုင်သူ အပေါင်းတို့သည် ကြံရည် လှူဒါန်းခြင်း ပြုလုပ်သင့်သည်။ ရဟန်း သံဃာတော်များကို ကြံရည် ကပ်လှူ နိုင်သည်။
ကြံချောင်းကို ကိုးဆစ်ဖြတ်၍ အိမ်တံခါးတွင် ထောင်ထားနိုင်ပါသည်။ ဘုရားတစ်ဆူဆူ၏ တနင်္လာဒေါင့်တွင်လည်း လှူဒါန်းနိုင် ပါသည်။ ကြံပန်းခိုင်တို့ ကြံသကာတို့ လှူဒါန်းနိုင်ပါသည်။

အရှေ့တောင် အရပ်ကို မျက်နှာလှည့်သော နေအိမ်များတွင် နေထိုင် သူများလာဘ်ပွင့်စေရန်

အရှေ့တောင် အရပ်ကို မျက်နှာလှည့်သောအိမ်ကို အင်္ဂါဂြိုဟ်မင်းက စိုးမိုးစောင့်ရှောက်ခြင်းကို ခံရသော အိမ်ဟု သတ်မှတ်ပါသည်။ ဘုရားတွင် စံပယ်ပန်း မကြာခဏ လှူဒါန်း ဆက်ကပ်နိုင်ပါသည်။ ဆပ်သွားဖူး လှူ၍လည်း ရပါသည်။ ဆီးယိုလည်း မကြာခန ဒါနပြုနိုင်ပါသည်။

သံဃာတော်များအား ဆပ်ပြာ အလှူ ဒါနပြုနိုင်ပါသည်။ ထိုယတြာ ကိုပြုလုပ်ခြင်းအားဖြင့် ထိုနေအိမ်တွင် နေထိုင်သူများသည် စွမ်းအားကောင်းခြင်း၊ သြဇာ တိုးခြင်း၊ စီးပွားတက်ခြင်း များ ဖြစ်နိုင်ပါသည်။

တောင်အရပ်ကို မျက်နှာ လှည့်သော နေအိမ်များတွင် နေထိုင်သူများ လာဘ်ပွင့်စေရန်

တောင်အရပ်ကို မျက်နှာလှည့်သော နေအိမ် များကို ဗုဒ္ဓဟူးဂြိုဟ်မင်း စိုးမိုးစောင့်ရှောက်ခြင်း ခံရသော အိမ်ဟု သတ်မှတ်ပါသည်။ လေတိုက်လျှင် တဖျတ်ဖျတ် လှုပ်သော ကြက်လျှာကို အိမ်ရှေ့တွင်ထိုးပါ။ ဘုရား တင်ပါ။ ရွက်လှညွန့် လှူပါ။ သံဃာတော် များအား ရေ ၊ ယပ် အစရှိသည်တို့ ဒါနပြုကပ်လှူပါ။ အေးချမ်းခြင်း ၊ စီးပွားတက်ခြင်း ရွှေငွေ ရတနာ ပေါကြွယ်ဝခြင်းများ ဖြစ်မည်။

အနောက်တောင် အရပ်ကို မျက်နှာလှည့်သော နေအိမ်များတွင် နေထိုင်သူများ လာဘ်ပွင့်စေရန်

အနောက်တောင် အရပ်ကို မျက်နှာလှည့်သော နေအိမ်များကို စနေဂြိုဟ်မင်းမှ စိုးမိုးစောင့်ရှောက်ခြင်း ခံရသော အိမ်ဟု သတ်မှတ်ပါသည်။ အိမ်ဘုရားတွင် ထီးနီ တစ်လက် တင်ထားပါ။

သံဃာတော်များကို ထီး ဒါနပြုပါ။ နာနတ်ယို လှူဒါန်း ဆက်ကပ်ပေးပါ။ ဘုန်းတန်ခိုးကြီးခြင်း၊ လာဘ်ပွင့်ခြင်း၊ စီးပွား တိုးတက်ခြင်းများ ဖြစ်ပေါ်လာမည်။

အနောက်အရပ်ကို မျက်နှာလှည့်သော နေအိမ်များတွင် နေထိုင်သူများ လာဘ်ပွင့်စေရန်

အနောက်အရပ်ကို မျက်နှာလှည့်သော နေအိမ် များကို ကြာသပတေးဂြိုဟ်မင်း မှ စိုးမိုးစောင့်ရှောက်ခြင်း ခံရသော အိမ်ဟု သတ်မှတ်ပါသည်။ ပန်းပွင့်များ ဘုရားစင် တွင် မပြတ် လှူဒါန်း ဆက်ကပ်ပေးပါ။ ဆီမီး (လျှပ်စစ်မီး၊ ဖယောင်းတိုင်မီး) အလှူဒါနပြုပေးပါ။ ပေါက်ပေါက်ပွင့် ဘုရားတင်ခြင်း ဆွမ်းတော်ကပ်ခြင်း မကြာခဏ ပြုပါ။
သံဃာတော် များကို မုန့်၊ ပဲ၊ မကြာခဏ လှူပေးပါ။ ဘုန်းကံကြီးမားခြင်း ဥစ္စာစီးပွား တိုးတက်ခြင်းများ ရရှိ ခံစားရမည်။

အနောက်မြောက် အရပ်ကို မျက်နှာလှည့်သော နေအိမ် များတွင် နေထိုင်သူများ လာဘ်ပွင့်စေရန်

အနောက်မြောက် အရပ်ကို မျက်နှာလှည့်သော နေအိမ်များကို ရာဟုဂြိုဟ်မင်းက စိုးမိုးစောင့်ရှောက်ခြင်း ခံရသော အိမ်ဟု သတ်မှတ်ပါသည်။ အိမ်ရှေ့တွင် ရေအိုးစင် လှူဒါန်းပေးပါ။ အိမ်ရှေ့တွင် မကြာခန ရေဖြန်း ပက်ပေးပါ။ ရဲယိုညွန့် ဘုရားလှူပါ။ ရွှေသင်္ကန်း မကြာခဏ ဆက်ကပ်လှူဒါန်းပေးပါ။ ရှောက်ယို ၊ ရှောက်သီးသုပ် ဆက်ကပ်လှူဒါန်ပေးပါ။

သံဃာတော် များကိုလည်း ဆက်ကပ် လှူဒါန်းနိုင်ပါသည်။ စီးပွားဥစ္စာ တိုးတက်ခြင်း ၊ ကံဇာတာမြင့်မားခြင်း၊ အလိုပြည့်စုံခြင်းများ ဖြစ်မည်။

မြောက်အရပ်ကို မျက်နှာ လှည့်သော နေအိမ်များတွင် နေထိုင်သူများ လာဘ်ပွင့်စေရန်

မြောက်အရပ်ကို မျက်နှာလှည့်သော နေအိမ်များ ကို သောကြာဂြိုဟ်မင်းမှ စိုးမိုးစောင့်ရှောက်ခြင်း ခံရသော အိမ်ဟု သတ်မှတ်ပါသည်။ အိမ်ဘုရားတွင် သစ်သီး မပြတ်တင်ပါ။ သီဟိုဠ်ညွန့် ဒါနပြုပါ။

သံဃာတော်များကို သတ်သတ်လွတ် ဟင်းများ မကြာခဏ လောင်းလှူပါ။ နေအိမ် တွင် နေထိုင် သူများ လည်း မကြာခဏ သတ်သတ်လွတ် စားပေးပါ။ ကျက်သရေ တိုးပွားခြင်း၊ ကံဇာတာမြင့်မားခြင်းများ ဖြစ်မည်။

အရှေမြောက် အရပ်ကို မျက်နှာလှည့်သော နေအိမ် များတွင် နေထိုင်သူများ လာဘ်ပွင့်စေရန်

အရှေ့မြောက် အရပ်ကို မျက်နှာလှည့်သော နေအိမ်များ ကို တနင်္ဂနွေဂြိုဟ်မင်းမှ စိုးမိုးစောင့်ရှောက်ခြင်း ခံရသော အိမ်ဟု သတ်မှတ်ပါသည်။

အိမ်ရှေ့တွင် အုန်းခွံ စာကလေး အိမ် ချိတ်ဆွဲ ထားခြင်း၊ အိမ်ဘုရားအား အုန်းသီး ကပ်လှူခြင်း၊ အုန်းဆွမ်း၊ အုန်းနို့ခေါက်ဆွဲ လှူဒါန်းပေးခြင်း သံဃာတော်များအားလည်း လှူဒါန်းပေးခြင်း ၊ အောင်အိုး တစ်လုံးတွင် အုန်းညွန့်(၆) ညွန့်ထိုးထား၍ အိမ်ရှေ့တွင် ထားခြင်း ဆောင်ရွက်နိုင်ပါသည်။ ကျက်သရေ တိုးပွားခြင်း၊ ကံဇာတာမြင့်မားခြင်းများ ဖြစ်မည်။

ရေးသားသူ –Credit

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။