နှစ် ၆၀ ကြာ မအိပ်စက်ခဲ့တဲ့ ဗီယက်နမ်အဘိုးအို

International News
နှစ် ၆၀ ကြာ မအိပ်စက်ခဲ့တဲ့ ဗီယက်နမ်အဘိုးအို

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နှစ် ၆၀ ကြာ မအိပ်စက်ခဲ့တဲ့ ဗီယက်နမ်အဘိုးအို ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

နှစ် ၆၀ ကြာ မအိပ်စက်ခဲ့တဲ့ ဗီယက်နမ်အဘိုးအို

ဗီယက်နမ်နိုင်ငံက အသက် ၈၀ အရွယ်အဘိုးအိုဟာ ၁၉၆၂ ခုနှစ်ကတည်းက လုံးဝကို အိပ်မရတဲ့ဝေဒနာကို ခံစားနေခဲ့ရတာပါ။ ထိုင်းနော့လို့အမည်ရတဲ့ အဲဒီအဘိုးကတော့ ကလေးဘဝတုန်းက အဖျားရှိပြီးနောက် အိပ်မပျော်နိုင်ဖြစ်သွားခဲ့ရတာလို့ ယူဆထားတာပါ။ သူ့မိသားစု၊သူငယ်ချင်းတွေနဲ့ အိမ်နီးနားချင်းတွေက သူ အိပ်တာကို တစ်ခါမှ မမြင်ခဲ့ဖူးပါဘူး။ ဆေးပညာကျွမ်းကျင်သူတော်တော်များများက သူ့ရဲ့ရောဂါကို စမ်းသပ်ခဲ့ကြဖူးပါတယ်။ ဒါပေမဲ့ ဘယ်သူမှ အဖြေမရှာနိုင်ခဲ့ကြဘူး။

ထိုင်းနော့က အမြဲတမ်းအိပ်မပျော်တဲ့ရောဂါကို ခံစားနေရပေမဲ့ အံ့ဩစရာကောင်းတာက အိပ်မပျော်တာကြောင့် ဘယ်လိုဆေးဘက်ဆိုင်ရာဆိုးကျိုးမှ သက်ရောက်မှုမရှိခဲ့ဘူး။ မကြာသေးခင်က YouTuber ဒရူး ဘင်စကီးက ထိုင်းနော့ရဲ့ထူးခြားတဲ့ဖြစ်ရပ်နဲ့အတွေ့အကြုံတွေကို ရှာဖွေဖို့ သူနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒရူးက ထိုင်းနော့အကြောင်းကို လွန်ခဲ့တဲ့နှစ်များစွာက ပထမဆုံးကြားခဲ့တာပါ။ ထိုင်းနော့ရဲ့တည်နေရာကို ဘယ်တုန်းကမှ ထုတ်ပြမထားတာကြောင့် သူ့ကို ရှာတွေ့ဖို့ဖြစ်နိုင်မယ်လို့ သူ မထင်ခဲ့ဘူး။

စစ်ပွဲကနေ ရတဲ့ PTSD (ထိခိုက်မှုအပြီးဖြစ်သော စိတ်ပိုင်းဆိုင်ရာရောဂါ)ကြောင့်ဖြစ်နိုင်တယ်လို့ တချို့လူတွေထင်ကြတာ၊ ပြင်းထန်ပြီးအလွန်ရှားပါးတဲ့ကျန်းမာရေးအခြေအနေဖြစ်နေတယ်လို့ အခြားလူတွေထင်ကြတာကို ဒရူးက သိထားပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒရူးက ထိုင်းနော့ကို တွေ့ပြီး သူနဲ့တစ်ညလုံးနေပြီးတော့ မအိပ်တာ တကယ်လားဆိုတာ သိရဖို့ အရီဇိုးနားပြည်နယ်ကနေ ဗီယက်နမ်တောင်ပိုင်းက ရွာလေးတစ်ရွာကို ၂ ရက်ကြာ ခရီးထွက်ခဲ့ပါတယ်။

ထိုင်းနော့နဲ့ စကားပြောကြည့်တော့ သူက အခြေခံလူသားလုပ်ဆောင်ချက်တွေအတွက် လိုအပ်တဲ့ စွမ်းအင်ကို Green Tea နဲ့ ဆန်ဝိုင်တွေကနေ ရတယ်ဆိုတာကို ဒရူး သိခဲ့ရပါတယ်။ ဒရူးက သူနဲ့ တစ်ညနေခဲ့ပြီး အိပ်ပျော်ဖို့ မနက် ၄ နာရီမှာ လဲလျောင်းခဲ့ပေမဲ့ အိပ်မပျော်ခဲ့တာကို တွေ့ခဲ့ရပါတယ်။

ဒရူးက သူ့ရဲ့လေ့လာတွေ့ရှိချက်နဲ့ ထင်ကြေးပေးမှုတချို့ပေါ်အခြေခံပြီးတော့ ထိုင်းနော့ အိပ်မပျော်တာရဲ့နောက်ကွယ်က အဓိကအကြောင်းအရင်းက ၁၉၅၅ ခုနှစ်ကနေ ၁၉၇၅ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ စစ်ပွဲကြောင့် PTSD ဖြစ်နိုင်တယ်လို့ ယူဆထားပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။