ထိုင်းနိုင်ငံကအနုပညာရှင်တွေကိုကျော်လွန်ပြီး Best Artist Award ဆုရရှိခဲ့တာ ဘဝရဲ့အမှတ်တရပါပဲဆိုတဲ့ အလင်းရောင်

Celebrity Local News
ထိုင်းနိုင်ငံကအနုပညာရှင်တွေကိုကျော်လွန်ပြီး Best Artist Award ဆုရရှိခဲ့တာ ဘဝရဲ့အမှတ်တရပါပဲဆိုတဲ့ အလင်းရောင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ထိုင်းနိုင်ငံကအနုပညာရှင်တွေကိုကျော်လွန်ပြီး Best Artist Award ဆုရရှိခဲ့တာ ဘဝရဲ့အမှတ်တရပါပဲဆိုတဲ့ အလင်းရောင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံကအနုပညာရှင်တွေကိုကျော်လွန်ပြီး Best Artist Award ဆုရရှိခဲ့တာ ဘဝရဲ့အမှတ်တရပါပဲဆိုတဲ့ အလင်းရောင်

ပရိသတ်ကြီးရေ… သရုပ်ဆောင်အလင်းရောင်ကတော့ မော်ဒယ်လ်တစ်ယောက်အဖြစ် ကနေ ရုပ်ရှင်ဇာတ်ကားတွေ၊ ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးရင်းနဲ့ အောင်မြင်လာခဲ့သူတစ်ယောက်ဖြစ်ပါ တယ်။ အလင်းရောင်ဟာ အခုဆိုရင် ဇာတ်ကားရိုက်ကူး မှုတွေအပြင် သီချင်းတွေကိုပါသီဆိုပြီး သူဝါသနာပါတဲ့ အနုပညာအလုပ်တွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင် နေလျက်ရှိတာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ အလင်းရောင်ဟာ ထိုင်းနိုင်ငံ မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Asia Top Awards ဆုချီးမြှင့်ပွဲမှာ ဆုရရှိခဲ့ပါတယ်။ အလင်းရောင်က ထိုင်းနိုင်ငံသား အနုပညာရှင်တွေကိုကျော်လွန်ပြီး Best Artist Award ကို “သတို့သမီး” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဆွတ်ခူးရရှိခဲ့ အဆိုပါဆုလေးက သူ့ဘဝအတွက် အမှတ်တရတစ်ခုလို့ ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။

အလင်းရောင်ကတော့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုကြီးနဲ့ လွဲချော်နေဆဲဖြစ်ပေမယ့် နိုင်ငံခြားရုပ်ရှင်ထူးချွန်ဆုကြီး ကိုတော့ ပထမဦးဆုံးအကြိမ်ရရှိခဲ့ပြီပဲ ဖြစ်ပါတယ်။ အလင်းရောင်တစ်ယောက် ဒီထက်မက အောင်မြင်တဲ့ အနုပညာရှင်ကြီးတစ်ယောက်ဖြစ်လာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။