အသက် ၁၄ နှစ် အရွယ်လိုဖြစ်နေလို့ အသက်ကြီးပြီဆိုတာကို မွေးစာရင်းကိုင်ပြီး သက်သေပြနေရတဲ့ အမျိုးသား

International News
အသက် ၁၄ နှစ် အရွယ်လိုဖြစ်နေလို့ အသက်ကြီးပြီဆိုတာကို မွေးစာရင်းကိုင်ပြီး သက်သေပြနေရတဲ့ အမျိုးသား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အသက် ၁၄ နှစ် အရွယ်လိုဖြစ်နေလို့ အသက်ကြီးပြီဆိုတာကို မွေးစာရင်းကိုင်ပြီး သက်သေပြနေရတဲ့ အမျိုးသားဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အသက် ၁၄ နှစ် အရွယ်လိုဖြစ်နေလို့ အသက်ကြီးပြီဆိုတာကို မွေးစာရင်းကိုင်ပြီး သက်သေပြနေရတဲ့ အမျိုးသား

ဒန်နစ် ဗာရူရင်ဟာ အင်စတာဂရမ်မှာ ဖော်လိုဝါ ၂ သောင်းရှိတဲ့ ခရီးသွားဘလော့ဂါတစ်ယောက်ပါ။ သူ့ရဲ့အင်စတာဂရမ်မှာ လာပြီး ကွန်မန့်ပေးကြတဲ့သူတော်တော်များများက သူ့ရဲ့ရုပ်ရည်အသွင်အပြင်ကို စိတ်ဝင်စားနေကြတာပါ။ သူ့ရုပ်ရည်က အသက် ၁၄ နှစ်အရွယ်လိုဖြစ်နေလို့ပါပဲ။ တကယ်ဆို ဒန်နစ် ဗာရူရင်ရဲ့အသက်က ၃၅ နှစ်ပါ။ ဒါပေမဲ့ လူမှုကွန်ယက်အသုံးပြုသူတွေက အသက် ၃၅ နှစ်ရော ဟုတ်ရဲ့လား။ နောက်နေတာလားဆိုပြီး သူ့အသက်ကို မယုံကြပါဘူး။

အသက် ၁၄ နှစ်ပုံဖြစ်နေတဲ့ ဒန်နစ်က သူ့အသက် ၃၅ နှစ်ဆိုတာ သက်သေပြဖို့အတွက် အွန်လိုင်းမှာရော၊ အပြင်မှာပါ သူ့ရဲ့မွေးစာရင်းကို ယူဆောင်ထားရပါတယ်။ အပြင်မှာ လူချင်းတွေ့ပြီး မွေးစာရင်းပြရင်တောင် တချို့က မယုံကြပါဘူး။ သူ ယာဉ်ထိန်းရဲနဲ့ တွေ့တဲ့အချိန်တုန်းကလည်း သူ့ရဲ့မွေးစာရင်းကို မြင်ပြီး ယာဉ်ထိန်းရဲက တအံ့တဩဖြစ်ခဲ့ရပါတယ်။

သူ့ရဲ့ ၁၄ နှစ်အရွယ်ရုပ်ရည်အသွင်ပြင်နဲ့ပတ်သက်ပြီး အပျက်သဘောဆောင်တဲ့ပြောဆိုမှုတွေကို ရခဲ့တယ်လို့ သူက ဆိုပါတယ်။ “ကျွန်တော့်ရဲ့အသွင်အပြင်ကြောင့် ကျွန်တော့်ဘဝမှာ တစ်ခါမှ လှောင်ပြောင်မခံခဲ့ရဖူးပေမဲ့ စော်ကားပြောဆိုတဲ့ မကောင်းတဲ့မှတ်ချက်တွေတော့ ရှိပါတယ်”လို့ သူက ဆိုပါတယ်။

ဒန်နစ်ကို သူ့ရဲ့ရုပ်ရည်အသွင်အပြင်နဲ့ပတ်သက်ပြီး ထူးခြားနေတာကို သူ့အသက် ၄ နှစ်မှာ သတိထားမိခဲ့တာပါ။ ငယ်နေတဲ့ပုံပေါ်နေရတာရဲ့အကြောင်းအရင်းကို ရှာဖို့ ဆေးရုံလည်း ခဏခဏသွားခဲ့ရပေမဲ့ တိကျတဲ့အကြောင်းအရင်းရှာမတွေ့ခဲ့ပါဘူး။ ဒန်နစ်က သူ့ရဲ့အသွင်အပြင်ကြောင့် လျှို့ဝှက်ဆန်းကြယ်မှုနဲ့ အခက်အခဲတွေဖြစ်ပေါ်ပေမဲ့ သူ့ရဲ့ဘဝအပေါ် အကောင်းမြင်စိတ်ပဲ ထားခဲ့ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။