စင်ကာပူအမျိုးသားရဲ့ အစာရေမြိုထဲမှာ ရေဘဝဲတစ်ကောင် တစ်ဆို့နေ

International News
စင်ကာပူအမျိုးသားရဲ့ အစာရေမြိုထဲမှာ ရေဘဝဲတစ်ကောင် တစ်ဆို့နေ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ စင်ကာပူအမျိုးသားရဲ့ အစာရေမြိုထဲမှာ ရေဘဝဲတစ်ကောင် တစ်ဆို့နေ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

စင်ကာပူအမျိုးသားရဲ့ အစာရေမြိုထဲမှာ ရေဘဝဲတစ်ကောင် တစ်ဆို့နေ

ပြို့အန်နေတဲ့ အမျိုးသားတစ်ယောက်ကို မှန်ပြောင်းကြည့်ချိန်မှာ သူ့အစာရေမြိုမှာ ပိတ်ဆို့နေတဲ့အရာကြောင့် စင်ကာပူဆရာဝန်တွေ အထိတ်တလန့် ဖြစ်ခဲ့ရပါတယ်။ အစာရေမြိုမှာ ရေဘဝဲတစ်ကောင် ပိတ်ဆို့နေတာပါ။ အမည်မဖော်လိုတဲ့ စင်ကာပူအမျိုးသားဟာ ရေဘဝဲတစ်ကောင်ကို အစိမ်းစားခဲ့ပြီးနောက် ပြို့အန်ခဲ့တာပါ။ ဒါ့အပြင် အစာမြိုချဖို့ ခက်ခဲနေတာကြောင့် Tan Tock Seng ဆေးရုံရဲ့ အရေးပေါ်ဌာနကို သွားပြခဲ့ပါတယ်။

ဆရာဝန်တွေက CT scan ဖတ်ကြည့်တဲ့အခါ အစာရေမြိုဝမှာ အလွန်သိပ်သည်းတဲ့ဒြပ်ထုတစ်ခု ပိတ်ဆို့နေတယ်လို့ တွေ့ရှိခဲ့ပါတယ်။ အဲဒီဒြပ်ထုက ဘာလဲဆိုတာ တိတိကျကျ သိရဖို့ ကင်မရာတပ်ထားတဲ့ ပြွန်ငယ်ကို လည်ချောင်းထဲထည့်ပြီး ကြည့်ရှုတော့မှ ရေဘဝဲ အကောင်လိုက် ပိတ်ဆို့နေမှန်း ဖော်ထုတ်နိုင်ခဲ့တာပါ။

ဘဝဲလက်တံ ၈ ချောင်းပါတဲ့ ရေဘဝဲကြောင့် အစာမြိုချဖို့ ခက်ခဲနေတာကို သိရှိပြီးနောက်မှာ ဆရာဝန်တွေက ပိတ်ဆို့နေတဲ့ ရေဘဝဲကို အစာရေမြိုထဲကနေ တွန်းထုတ်တဲ့နည်းလမ်း အသုံးပြု ဖယ်ရှားဖို့ ကြိုးစားခဲ့ပါတယ်။ ပုံမှန်အားဖြင့် ဒီနည်းလမ်းက အောင်မြင်လေ့ရှိပေမဲ့ ရေဘဝဲက အလွယ်တကူ ကျသွားမယ့် အနေအထားမရှိသလို ဖိအားပေးလွန်းရင်လည်း အစာရေမြို ကွဲသွားမှာ စိုးရိမ်ရတာကြောင့် ဆရာဝန်တွေက တခြားနည်းလမ်း ပြောင်းလဲအသုံးပြုခဲ့ရပါတယ်။

မှန်ပြောင်းကို အစာအိမ်အထဲထိ ထည့်ပြီး ရေဘဝဲကို ချည်နှောင်ကာ အစာရေမြိုထဲကနေ ဆွဲထုတ်ခဲ့ကြတာပါ။ အဲဒီအမျိုးသားကတော့ နောက်နှစ်ရက်အကြာမှာ ဆေးရုံကနေ ပြန်ဆင်းနိုင်ခဲ့ပါတယ်။ သူ့အနေနဲ့ ရေဘဝဲကို အရှင်လတ်လတ် မစားခဲ့တာ ကံကောင်းတယ်လို့ ဆိုရမှာပါ။

တကယ်လို့ အရှင်လတ်လတ် စားခဲ့ရင်တော့ အသက်ရှူကျပ်ပြီး thayဆုံးရနိုင်ခြေ ရှိပါတယ်။ နှစ်စဉ်နှစ်တိုင်း ရေဘဝဲကို အရှင်လတ်လတ်စားလို့ thayဆုံးသူ ၆ ယောက်ဝန်းကျင် ရှိပါတယ်။

ရေဘဝဲက ဗိုက်ထဲ မြိုချမခံရစေဖို့အတွက် သူတို့ရဲ့ ဘဝဲလက်တံတွေနဲ့ လည်ချောင်းကို ဆွဲကပ်ထားတဲ့အခါ လေလမ်းကြောင်း လုံးဝပိတ်ဆို့ပြီး အသက်ရှူကျပ် thayဆုံးရတာပါ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။