စိတ်ပင်ပန်း၊လူပင်ပန်း အင်အားကုန်ခမ်းခြင်းနှင့်လူပျိူနာ၊ အဆုပ်နာ၊ သွေးဝမ်းနာ တို့အတွက် ငရံ့ပတူ

Health Knowledge
စိတ်ပင်ပန်း၊လူပင်ပန်း အင်အားကုန်ခမ်းခြင်းနှင့်လူပျိူနာ၊ အဆုပ်နာ၊ သွေးဝမ်းနာ တို့အတွက် ငရံ့ပတူ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ စိတ်ပင်ပန်း၊လူပင်ပန်း အင်အားကုန်ခမ်းခြင်းနှင့်လူပျိူနာ၊ အဆုပ်နာ၊ သွေးဝမ်းနာ တို့အတွက် ငရံ့ပတူ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

စိတ်ပင်ပန်း၊လူပင်ပန်း အင်အားကုန်ခမ်းခြင်းနှင့်လူပျိူနာ၊ အဆုပ်နာ၊ သွေးဝမ်းနာ တို့အတွက် ငရံ့ပတူ


စိတ်ပင်ပန်း၊လူပင်ပန်း အင်အားကုန်ခမ်းသူတို့အတွက် အလွန်အားထားရသော အပင်ဖြစ်သည်။အရွက်ကိုပြုတ်ပြီး ကြက်သွန်ဖြူ၊ကြက်သွန်နီ၊ပုဇွန်ခြောက်ဖြင့် အားပါးတရ သုပ်စားပေးပြီး၊ငရံ့ပတူအမြစ်ကို နှမ်းဆီလေးဖြင့် သွေးပြီး ခနာကိုယ်အနှံ့လိမ်းကျံပေးပါက သိသိသာသာလန်းဆန်း စေကာ အင်အားသစ်တို့ရရှိစေပါသည်။ ခါးသက်သော အရသာရှိပါသည်။

အဆုပ်နာနှင့်ငရံ့ပတူ – အဆုပ်နာသူတို့ ငရံပတူရွက်သတ္တုရည်နှင့်ဂျင်းသတ္တုရည်ကို ထမင်းစားဇွန်း(၁)ဇွန်းစီရောစပ်ပြီး သောက်ပေးခြင်း၊ ရင်နှင့် ကျောပြင်အား အမြစ်နှင့်ဂျင်းခြောက်သွေးကာလူးပေးပါက အဆုပ်နာသူတို့သက်သာပျောက်ကင်းစေပါသည်။

သွေးဝမ်းနှင့်ငရံ့ပတူ – သွေးဝမ်းပျောက်သည်ဟု အချို့လွယ်လွယ်ပြောသော်လည်း တကယ်သွေးဝမ်းကိုက်က အတော်စိတ်ပျက်ဖွယ်ဖြစ်ပါ သည်။ ထိုအခြေအနေတွင် ငရံ့ပတူရွက်နှင့် ငရှဉ့်ရောပြီး ချက်စားပါက သွေးဝမ်း ရောဂါကို အံ့ဖွယ် သက်သာပျောက် ကင်းစေ ပါသည်။

ငရံ့ပတူအ‌စေး – အစေးသည် လူပျိုနာကြောင့်ဖြစ်သော အဆစ်ရောင် ရောဂါကို အကျိုးပြုပြီး၊အမြစ်သည် ပန်းနာ၊ရင်ကျပ်၊ ချောင်းဆိုးခြင်းတို့အတွက် အသုံးဝင်ပါသည်။

အတို့အမြှုပ်အဖြစ် အချို့ပြုတ်၍သုပ်စားခြင်း၊တို့စားခြင်းရှိကြ သည်။အချို့ကဆေးဖက်ဝင်မှန်းသိသော်လည်း၊အချို့ကမသိကြပါ။

ပင်ငယ်မျိုးဖြစ်ပြီး(၅)ပေ(၆)ပေမျှမြင့်ပါသည်။အရွက် ထွက်သည့်အဆစ်နေရာများတွင် ခရမ်းရောင်ဖြစ်သည်။

အရွက်၏အောက်ဖက်မှာဖြူပြီး အပေါ်ဘက်မျက်နှာသည် အနည်းငယ်နီသည်။ယခုကာလတွင် အရွက် အပွင့်အသီးများ ပေါများလှ၍ လိုသူတို့သုံးနိုင်ပါရန် သိမီသမျှ ငရံ့ပတူပင်အကြောင်း တင်ပြလိုက်ပါသည်။

ရေးသားသူ –SPF Myanmar

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။